ပထမဆုံးကျောင်းဖွင့်ရက်မို့ ကျောင်းစောစောသွားရန် မနက်၆နာရီထဲကအဆင်သင့်ဖြစ်အောင်ပြင်ဆင်နေရသည်။
၇ခွဲတာတောင်ခုထိအပြင်ထွက်မလာသေးသည့်Jasကိုတိမ်တိုက်က ခေါ်ဖို့အခန်းတံခါးသွားခေါက်တော့ ၅မိနစ်သာကြာသွားသည် အသံတစ်ချက်မှမကြား ။မိန်းကလေးအခန်းမိဒီတိုင်းဝင်သွားလို့လည်းမဖြစ်.. ခုထိမနိုးသေးတာတော့မဟုတ်ဘူးမလား..
တံခါးဆက်တိုက်ခေါက်တောင်မနိုးသည့် Jasက်ိုနိုးဖို့ ရှိုင်းနီးကိုသွားခေါ်လာရသည့်တိမ်တိုက်...
"အကို ဘာလို့သားကို Jasရဲ့အခန်းရှေ့ခေါ်လာတာလဲ"
"ငယ်လေး"
"ဗျာ့"
"အကို့ ကိုတစ်ခုလောက်ကူညီပါ"
"ဘာလုပ်ပေးရမလဲပြော"
"Jasကိုခေါ်နှိုးပေးပါ အကျယ်ကြီးအော်ခေါ်နော်"
"ဗျာ"
ရှိုင်းနီး ကိုယ့်ဘာသာဧည့်ခန်းထဲမှာ ကျောင်သွားဖို့ထိုင်စောင့်နေတုန်း အကိုတိမ်တိုက်ကအသည်းအသန်Jasရဲ့အခန်းရှေ့ကိုခေါ်လာတာကြောင့်လိုက်လာခဲ့ရသည်။ ခုထက်ထိမနိုးသေးတဲ့Jasကိုခေါ်နှိုးဖို့တဲ့။
"တကယ်အော်ရမှာလား "
"အော်သာအော်"
ရှိုင်းနီးက အော်ဖို့အတွက်သေချာအားယူရင်း ချောင်းနှစ်ချက်လောက်ဟမ့်ကာ
"အဟမ့်...အဟမ့်.... 1,2,3 ဂျက်..စ..မင်း..ရေ..ထတော့..ကျောင်း..သွား..ရ..တော့မယ်..~
မောလိုက်တာ ""ထပ်အော်ရမလားမသိဘူး ငယ်လေးရ"
နှစ်ယောက်သားစကားပြောနေရင်း အနောက်မှ"ငယ်လေးခုနကဘာလို့အကျယ်ကြီးအော်နေရတာလဲ ..အထဲက ကာလနဂါးကြီးမထသေးဘူးလား "
ဝင်နီးစကားအဆုံး၌Jasရဲ့အခန်းတံခါးကပွင့်လာပြီး တစ်ချက်သန်းဝေကာ "ဝါး~~လူစုံနေကြပါလား ဘာပွဲရှိလို့လဲ"
စကားသာပြောနေတာ မျက်လုံးကမပွင့်။
ရှိုင်းနီးက သူ့ရဲ့ဒုတိယမြောက်သူငယ်ချင်းမနဲ့သိတာတစ်ပတ်လောက်ပဲရှိသေးပေမဲ့ Jasအကြောင်းကောင်းကောင်းသိနေပေပြီ။

YOU ARE READING
Forever Love
Romantikaonlineပေါ်မှာခင်ခဲ့ကြတဲ့မြန်မာနိုင်ငံကတိုင်းရင်းသားကောင်လေးနဲ့ လန်ဒန်မှာမွေးတဲ့မြန်မာပြင်သစ်ကပြားကောင်လေးတို့ နှစ်ယောက်......သူတို့နှစ်ယောက်ရဲ့အပြင်မှာတွေ့ဆုံချင်တဲ့ဆန္ဒကပြည့်ဝမှာလား......... မင်းကငါ့ရဲ့မျှော်လင့်ချက်ပါပဲ မင်းကိုငါအပြင်မှာမြင်ဖူးချင်...