Part-8-U

21 2 0
                                    

Vino တစ်ယောက်Shinအိမ်တော်မှာနေတဲ့တစ်ပတ်အတွင်း ဝိတ်တော်တော်လေးကိုကျလာခဲ့သည်။ Shinyဆိုတဲ့အကောင့်ပိုင်ရှင်လေးနဲ့လည်းစကားပြောရတာအဆင်ပြေလာပါပြီ။ နည်းနည်းလေးပေါ့။ အဲ့ကောင်လေးကလူကိုစကားပြောရင်မထိတထိနဲ့..

~ဒေါက်~ဒေါက်~ဒေါက်
~ဒေါက်~ဒေါက်

"ဘယ်သူလဲ"

အခန်းရှေ့မှာတံခါးခေါက်သံကြောင့်အသံပြုလိုက်ရင်း တံခါးကိုဆွဲဖွင့်လိုက်တော့...

တုန်ရီနေတဲ့အလုပ်သမားကောင်မလေးတစ်ယောက်...

မွန်း ကပထမသခင်လေးဂျွန်မာ၏အမိန့်ကြောင့် သခင်လေးVinoအခန်းရှေ့ရောက်နေသည်မှာကြာပေပြီ။

အမှန်အတိုင်းပြောရမည်ဆိုရင်သခင်လေးVinoကို မွန်း အရမ်းကြောက်မိသည်။
သခင်လေးရဲ့ပုံပန်းသွင်ပြင်ကယုန်ဖြူလေးလိုစောင့်ရှောက်ချင်စရာကောင်းပေမဲ့ ..တကယ့်သွင်ပြင်ကထိုကဲ့သို့မဟုတ်မှန်းအတွင်းလူတချို့သာသိကြသည်။

မွန်း တံခါးခေါက်ပြီးမကြာခင်မှာပဲပွင့်လာတဲ့တံခါးကြောင့် အနောက်ကိုခြေတစ်လှမ်းလောက်ဆုတ်မိသည်။

"ဘာကိစ္စလဲ"

"ဟို...ဟို..."

သခင်လေးရဲ့အသံကနူးညံ့နေပေမဲ့ အေးစက်စက်နဲ့သတ်ဖြတ်ချင်တဲ့အငွေ့သက်တွေကိုခံစားမိသည်။

"ဘာကိစ္စမှမဟုတ်ရင်လည်းသွားတော့"

Vinoသူ့ရှေ့ကကောင်မလေးကိုကြည့်ပြီး
မလိုလားဟန်ဖြင့်အေးစက်စက်အငွေ့သက်များထုတ်လွှတ်နေမိသည်။

Vinoအမေးကို တဟို..ဟို..ဖြင့်ဖြစ်နေသည့်ကောင်မလေးကြောင့်တော်တော်စိတ်မရှည်ဖြစ်ကာတံခါးပြန်ပိတ်မည်အလုပ်အရှေ့ရှိကောင်မလေးက လှမ်းဆွဲလာပြီး...

"ဟို...ပထမသခင်လေးဂျွန်မာလွှတ်လိုက်တာပါ"

"သြော်"

ဂျွန်မာဆီကတဲ့လား....စိတ်ဝင်စားစရာပဲ..ငါ့ကိုကစားချင်နေတာလား..ကစားပေးရတာပေါ့

"အဲ့ဒါဆို ခုတော့မလိုသေးဘူး ညနေငါပြန်ရင်တစ်ခါတည်းလိုက်ခဲ့ ဘာမှယူလာစရာမလိုဘူး"

Forever LoveWhere stories live. Discover now