Part-3 -U

30 5 6
                                    

လမင်းသာယာအထူးကုဆေးခန်း.........

"တုံကင်နံပါတ် 3 ဝင်လို့ရပါပြီ"ဆိုတဲ့ သူနာပြုလေးရဲ့အသံကြောင့်

"ရှိုင်းနီးလေးလာခဲ့ဝင်ကြရအောင်"

"ဟုတ်ကဲ့ ရော့အကိုးဆေးစာအုပ်"

အခန်းငယ်အတွင်းသို့ရောက်သောအခါ ဆရာဝန်ငယ်ငယ်လေးတစ်ယောက်ကို တွေ့လိုက်ရသည် ဝင်နီး ၏အတွေးထဲမှာတော့ ရုပ်လေးကချစ်စရာလေး အသားကဖြူဥနေတာပဲ နှုတ်ခမ်းလေးက ထော်ထော်နဲ့ ဘာကိုစိတ်ကောက်နေမှန်းလဲမသိ အရပ်ကတော့ရှိုင်းနီးလောက်တောင်မမြင့်ဘူး မသကာ ၅ပေ၁၁ပေါ့ မျက်လုံးကလဲ မျက်ရစ်လေး၂ထပ်နဲ့ဆံပင်ကတော့ လန်တင်ထားတာပြောင်နေတာပဲ ဒါနဲ့တစ်နေရာရာမှာမြင်ဖူးသလိုခံစားရတယ် ဆရာဝန်လေးကိုအငေးလွန်နေရင်း သူနာပြုလေးရဲ့အသံကြားမှသတိဝင်လာတယ်

"ဒေါက်တာလူနာရောက်ပါပြီ"

"awwဟုတ်ကဲ့ဆရာမ "

ဆရာဝန်လေးကလည်းသူနာပြုလေးရဲ့အသံကြားမှ ကျွန်တော်တို့ကိုမော့်ကြည့်ပြီး အံ့သြဟန်ဖြင့်

"မင်းက ဝင်နီး မလား"

ဒီဆရါဝန်ကငါ့ကိုသိနေတာလား

"ဟုတ်ပါတယ် ကျွန်တော် ဝင်နီးအယ်ပါ"

"ဟျော့င် မင်းငါ့ကိုမမှတ်မိဘူးလား အမလေးနော် မမြင်ရတာ ၁၀နှစ်လောက်ပဲကြာလို့ ငါက အလင်းရှင် လေကွာ"

"ဘာ အလင်းရှင် ဟုတ်လား မင်းကွာ တော်တော်ပြောင်းလဲသွားတယ်မှတ်တောင်မမှတ်မိဘူး အရင်ကနဲ့ကွာပါ့"

*အမလေးသကောင့်သား အလင်းရှင်တဲ့လား ခုဏကချစ်စရာလေးလို့ပြောမိတဲ့ငါ့စကားပြန်ရုတ်သိမ်းတယ် *

"ဖိုးခွါးကြီးဒါသားသူငယ်ချင်းလား"ဝင်နီးတောင်ပြန်မဖြေရသေးဘူး အလင်းရှင်က ဖြတ်ပြီး

"ကျွန်တော်က အလင်းရှင်ပါခင်ဗျ ဝင်နီးရဲ့ ငယ်သူငယ်ချင်းလေးပါ ဒါပေမဲ့အဲ့ဒီလေါရှည်ရုပ်ဆိုးကြီးက ကျွန်တော့ကိုမမှတ်မိဘူး ဒေါ်ဒေါ်သားကိုရောမှတ်မိလား"

"**"

"မှတ်မိတာပေါ့သားရဲ့"

"ဒါနဲ့ဘယ်သူဘာဖြစ်လို့လဲဟင်"

Forever LoveWhere stories live. Discover now