Vino ညနေစာစားချိန်ကိုလုံးဝမရောက်ချင်ဘူး။ ဒီစိတ်ပျက်စရာတွေကိုမေ့သွားအောင်တစ်ခုခုလုပ်မှဖြစ်မယ်။
နေ့ခင်တုန်းကစကားပြောခဲ့တဲ့တစ်ယောက်ကိုသတိရကာဖုန်းကောက်ဖွင့်လိုက်တော့ကျေနပ်စရာကောင်းတဲ့စာသားလေးကိုတွေ့လိုက်ရသည်။📥good day ပါ
ခုမှသိတဲ့သူစိမ်းဆီကနေဂရုစိုက်မှုတောင်မမည်တဲ့အသိအမှတ်ပြုမှုလေးတောင်မှကျေနပ်နေမိတဲ့သူပါလား။
မိနစ်အနည်းငယ်ကြာမှလှုပ်လှုပ်ရှားရှားဖြစ်လားပြီး Johnဆီ အရေးပေါ်ဆက်သွယ်ခဲ့သည်။
တခြားသူအတွက်ဘာကိစ္စမှမဟုတ်ပေမဲ့သူ့တွက်တော့အရေးကြီးသည်။တူ~တူ~
📱"Hello ,yes sir"
"John ငါ့အတွက်Myanmarစကားကောင်းကောင်းသင်ပေးနိုင်တဲ့သူရှာပေး boyဖြစ်ဖြစ်girlဖြစ်ဖြစ်အသက်ငယ်လည်းရတယ်ကြီးလည်းရတယ် အရေးကြီးတာကငါအဆင်ပြေဖို့"
📱"ဟမ် ဟုတ်ကဲ့ နောက်ထပ်..."
"မင်းကငါနဲ့လက်တွဲတဲ့လက်ထောက်တွေထဲမှာသက်တမ်းအရှည်ဆုံးပဲ ငါ့ဆီမှာလက်ထောက်လုပ်တာ2လကျော်ပြီမလား "
📱"ဟုတ်"
"မင်းကိုငါယုံလို့ရမလား"
📱"စိတ်သာချပါ ကျွန်တော့်ကိုယုံကြည်လို့ရပါတယ်"
"အဲ့ဒါဆို ခုဏကငါပြောတဲ့ဆရာမြန်မြန်ရှာထား ဘယ်သူမှမသိစေနဲ့ တစ်ယောက်ယောက်သိသွားရင်တော့ ဟင်းဟင်း"
📱"မသိစေရပါဘူးစိတ်ချပါ"
"ကောင်းပြီလေဒါပဲ"
Vinoအတွက်အရေးကြီးတာလုပ်ပြီးပြီဆိုတော့ ဟိုဘက်ကတစ်ယောက်ကိုစာပြန်ပို့ရမယ်။
ဖုန်းလေးကိုကောက်ကိုလိုက်ပြီးဘယ်သူ့ကိုမှမပြောဘူးတဲ့📤Good night sweet dream
See you againဒီလေါက်ဆိုအဆင်ပြေနိုင်ပါ့မလား။
တစ်ဖက်ကသူအကြောင်းတွေးမိတိုင်းအလိုလိုပြုံးမိတာကိုဘာကြောင့်လဲမတွေးတတ်။*အာ~ခုမှသတိရတယ် ဥက္ကဋ္ဌအဘိုးကြီးပြောထားတာလုပ်ပေးရဦးမှာပဲ ဟူး...Demon ရဲ့လက်ရှိခေါင်းဆောင်ကဘယ်သူတုန်း ..တွေ့ပြီ *

YOU ARE READING
Forever Love
Roman d'amouronlineပေါ်မှာခင်ခဲ့ကြတဲ့မြန်မာနိုင်ငံကတိုင်းရင်းသားကောင်လေးနဲ့ လန်ဒန်မှာမွေးတဲ့မြန်မာပြင်သစ်ကပြားကောင်လေးတို့ နှစ်ယောက်......သူတို့နှစ်ယောက်ရဲ့အပြင်မှာတွေ့ဆုံချင်တဲ့ဆန္ဒကပြည့်ဝမှာလား......... မင်းကငါ့ရဲ့မျှော်လင့်ချက်ပါပဲ မင်းကိုငါအပြင်မှာမြင်ဖူးချင်...