Part-5 -U

21 4 0
                                    

ရှိုင်းနီး ကျောင်းတက်ရန်ပြင်ဆင်စရာရှိသည်များကိုပြင်ဆင်ပြီးနောက် နာရီကြည့်လိုက်ရာ ၁၁နာရီတိတိကိုညွှန်ပြနေလေသည်။

ရှိုင်းနီးလည်းမနက်ဖြန်ရောက်လာမဲ့တစ်ယောက်ကခင်ဖို့ကောင်းမကောင်းမသေချာ
သူငယ်ချင်းမရှိတဲ့ဘဝမှာ မနေနိုင်တော့ပေ။

ဖုန်းကောက်ကိုင်လိုက်ပြီးနေ့လည်က
addထားတဲ့ Sonny(ချစ်တယ်) ဆိုတဲ့ချစ်စရာအကောင့်က လက်ခံလိုက်ကြောင်းnotiတက်လာသည်။

စကားသွားပြောသင့်မသင့်စဥ်းစားကာစာတစ်စောင်ပို့လိုက်သည်။

📤Hi

📤How do you do?

တစ်ဖက်က seenသာပြပြီးစာမပြန်တော့စိတ်မကောင်းဖြစ်မိသည်။
တစ်အောင့်အကြာSonnyဆိုတဲ့အကောင့်မှခပ်ချေချေစာပြန်လာသည်။

📥Myanmar လိုပြောလည်းရတယ်

ကျတော်ကလည်းဝမ်းသာအားရဖြင့်

📤ဗျာတကယ်လား ဝမ်းသာလိုက်တာ

📤ကျွန်တော့နာမည်ကShiny Ehပါ ခင်ဗျ
အသက်က15နှစ်ပါ

လို့ပြောတော့တစ်ဖက်ကခပ်တိုတိုသာပြန်ဖြေလာသည်။

📥ငါကVino Shin အသက်16နှစ်

ကျတော်တစ်ဖက်ကဗရုတ်လေးကိုတော်တော်အသည်းယားမိသည် ။
ကျတော့်ကိုယ်ကျတော်အရမ်းအံ့သြမိသည် တစ်ခါမှမမြင်ဖူးတဲ့သူကို အသည်းယားမိတယ်တဲ့။
ကျတော်လည်းကိုယ့်ထက်ကြီးတဲ့အတွက်

📤သားထက်အသက်ကြီးတာပေါ့ ကျွန်တော်ကိုကို့ကို မင်းလေးလို့ခေါ်ချင်တယ်

ချစ်စရာအကောင့်ပိုင်ရှင်လေးရဲ့အဖြေကထင်းသလိုခပ်ချေချေပါပဲ

📥ခေါ်ချင်သလိုခေါ်

ကျတော့်လိုသူက ဒီအဖြေလေးကိုသဘောတကျဖြစ်နေမိတာ ရယ်စရာပဲ ....

📤ကျွန်တော်မင်းလေးနဲ့ခင်လို့ရမလား😁😁

emojiလေးပါထည့်ပေးမှရမယ်လေ တစ်ဖက်ကအချေလေး မညိုငြင်အောင်

📥ငါအခုမအားဘူး နောက်မှ

သူလေးရဲ့အဖြေကကျတော့ကိုစိတ်မကောင်းဖြစ်စေမိတယ်။ ဒါပေမဲ့ရုတ်တရက် သူလေးပို့ထားတဲ့ စာထဲက 'နောက်မှ' ဆိုတဲ့စာလေးအရ နောက်ထပ်စကားပြောခွင့်ရပါစေ လို့သာဆုသာတောင်းမိတော့သည်။

Forever LoveWhere stories live. Discover now