Zawgyi
လုပ်လက်စစာတမ်းတွေကိုလက်စသတ်ပြီး ပြူတင်းပေါက်မှန်
ကမိုးစက်တွေကိုငေးနေလိုက်သည်။ဖုန်းနံပါတ်တောင်းသွားပေမယ့် သုံးရက်ကြာတဲ့အထိတစ်ခါမှမဆက်သွယ်သေးပေ။မျှော်နေတာလားဆိုတော့..အဲ့လိုလည်းမဟုတ်ပေမယ့် ထပ်
ဆုံကြမယ်လို့အရင်စပြောသွားပြီးအရိပ်တောင်ပေါ်မလာတော့
ကသိကအောက်ဖြစ်နေတယ်လို့ပြောရမလားပဲ။အချိန်တော်တော်ကြာပြီးမှ သူမရဲ့စိတ်ထဲကိုယောကျာ်းလေးတစ်ယောက်နေရာပြန်ယူခြင်းဖြစ်သည်။အထက်တန်းတုန်းက
သဘောကျတဲ့စီနီယာအစ်ကိုတစ်ယောက်နဲ့တွဲဖူးပေမယ့် နောက်မှသိလိုက်ရတဲ့ ကိုယ်ထိလက်ရောက်နှာဘူးကျချင်တဲ့စိတ်
ကြောင့် မနည်းလွတ်အောင်ပြေးလိုက်ရသေးသည်။အဲ့လိုနဲ့တက္ကသိုလ်ပြီးခါနီတာတောင် သူမရဲ့အတိတ်ဆိုးကြီ
ကြောင့်ကောင်လေးမထားဖြစ်ခဲ့ပေ။ဟိုနေ့က barရောက်ကာမှ သူငယ်ချင်းမတွေရဲ့ဆော်သြမှုကြောင့် first kiss လေးပါပေးလိုက်ရတော့သည်။"နာရယ်လေး စာကောင်းကောင်းလုပ်နေတယ်မလား~"
"အာပါး!!...လန့်သွားတာပဲ တံခါးလေးဘာလေးခေါက်ပြီးမှ
ဝင်--အ"ခေါက်ခနဲအခေါက်ခံလိုက်ရတာတော့တံခါးမဟုတ်ပဲ နာရယ့်
ခေါင်းပင်ဖြစ်သည်။"ခေါက်ဝင်တယ်ဟဲ့...ဘာတွေးနေမှန်းမသိပဲနဲ့"
အသင့်ယူလာပေးတဲ့ကော်ဖီကိုတစ်ကျိုက်ထဲသောက်လိုက်ပြီး
အဖေ့ခါးကိုထိုင်နေရာကနေဖက်လိုက်သည်။"အာပါး...အကောင်းဆုံးပဲ"
လက်မတစ်ထောင်ထောင်နဲ့ဖြစ်နေတဲ့သမီးလေးကိုကြည့်ရင်း
အဖေကပြုံးသည်။"အေးပါ...ဘာလိုချင်နေပြန်ပြီလဲကောင်မလေး မုန့်ဖိုးကုန်ပြန်
ပြီလား""ဟင့်အင်း...ဒီအတိုင်းပဲ"
ဒီရက်ပိုင်းသူငယ်ချင်းတွေနဲ့ထွက်တဲ့လမ်းကြောင်းတွေများနေ
လို့ အဖေနဲ့တောင်အချိန်သိပ်မပေးဖြစ်ပေ။သူမ ငါးနှစ်သမီး
အရွယ်ကတည်းကအမေကဆုံးသွားတာမို့ သူမတို့ဘဝက
အဖေတစ်ခု သမီးတစ်ခုရယ်။