Zawgyi
တစ် နှစ် သုံး လေး...လေးရက်။အလုပ်ကိစ္စတွေရှုပ်နေပြီး
နာရယ်နဲ့မတွေ့ဖြစ်တာလေးရက်ရှိနေပြီဖြစ်သည်။သိသိသာ
သာကိုရင်ဘတ်တစ်နေရာကဟာနေခဲ့တာမို့ သတိရနေတာပဲ။ဖုန်းတစ်ချက်မဆက်သလို စာတစ်စောင်တောင်ကိုယ့်ဆီရောက်မလာတာမို့ သူ့ကိုသတိရနေမှာလည်းမဟုတ်လောက်ပေ။
နှစ်ယောက်ကြားကပက်သက်မှုကိုအလုပ်ကိစ္စလို့ပဲသဘော
ထားပြီး တကယ်ကိုဘာသိဘာသာနေနေသည်ပဲ။ဒီအတောအတွင်းသူမနဲ့တွေ့ပြီးမှပဲ အရင်လိုစိတ်ကစားချင်တဲ့
စိတ်လေးတောင်ခြေငြိမ်သွားပြီး သူမဆီမှာပဲစုန်းစုန်းနစ်မြုပ်
နေခဲ့တာ။ကိုယ့်စိတ်ကိုယ်တောင်အံသြလွန်းလို့။တဖြည်းဖြည်းနဲ့စိတ်ဝင်စားတယ်ဆိုတဲ့အခြေအနေကိုကျော်လွန်လို့ တွေ့လိုက်တဲ့အချိန်တိုင်းမှာခံစားချက်တွေသာတရိပ်ရိပ်
တိုးလို့လာနေတော့တာ။အများကြီးသဘောကျနေမိပြီထင်တယ်ကွာ...
.
.
.
"အာပါး...ကြိုက်တယ်လို့ဖွင့်ပြောပြီး ထွက်ပြေးနေတာဘာ
ကြောင့်လို့ထင်လဲ??"သတင်းစာထိုင်ဖတ်နေတဲ့အဖေ့ကိုရုတ်တရက်လှမ်းမေးတော့
မျက်မှန်ကိုပြန်ပင့်တင်လို့ကိုယ့်ဘက်ကိုပြန်လှည့်ကြည့်လို့လာ
တော့သည်။"အာပါး သိလားလို့!?"
"ဟင့်အင်း...ငါညည်းအမေကိုကြိုက်တယ်လို့ဖွင့်ပြောပြီးတုန်းကလက်မခံမှာစိုးလို့ကော်လိုပဲလိုက်ကပ်နေခဲ့တာ"
"အပိုတွေ..."
"တကယ်ပြောတာ...အခုညည်းကိုဘယ်သူကကြိုက်တယ်လို့
ဖွင့်ပြောပြီးထွက်ပြေးသွားတာတုန်း သေချာပေါက်အပေါက်
ဆိုးတာကိုမခံနိုင်လို့ပဲဖြစ်မယ်""အာပါး....ဘယ်လိုလုပ်တစ်ယောက်တည်းရှိတဲ့သမီးလေးကို
အဲ့လိုပြောရက်ရတာလဲ!!""တစ်ယောက်တည်းရှိလို့ပဲပြောနေရတာလေ...ဒီတစ်ယောက်
တည်းရှိတဲ့သမီးရဲ့ဆိုးတဲ့ဒဏ်ကိုအာပါးလောက်ကောင်းကောင်းခံနိုင်တဲ့သူထပ်ပြီးရှိပါတော့ဦးမလား~"