Zawgyi
"နာရယ်အာ~အိမ်ပြန်နားလိုက်ပါလား ဒေါ်လေးတို့စောင့်ပေး
နေမယ်လေ...သမီးလည်းငါးရက်ဆက်တိုက်ဆိုတော့ပင်ပန်း
နေတော့မယ်""ဟင့်အင်း...အာပါး သတိရတာကိုစောင့်ချင်သေးတယ်"
ခွဲစိတ်မှုလုပ်ထားတာမကြာသေးတာမို့ သတိရဖို့အချိန်လည်း
အနည်းငယ်ကြာဦးမည်ဆိုတာသိသည်။ဆေးရုံစစတက်ချင်း
ရက်တွေတည်းက ညဘက်တွေလည်းသိပ်မအိပ်ဖြစ်တာကြောင့် ပင်ပန်းနေတာကိုသိတဲ့ဒေါ်လေးတို့က အိမ်ကိုခဏပြန်
နားဖို့ပြောနေပေမယိ့ သူမကလည်းခေါင်းမာလို့နေသည်။"ဆရာဝန်က မနက်ဖြန် သဘက်ခါလောက်မှသတိရမယ်လို့
ပြောတယ်လေ ဒေါ်လေးတို့လည်းရှိတာမို့ ပြန်နားလိုက်ပါ
ကလေးရယ် "ခန္ဓာကိုယ်ကတကယ်ပင်ပန်းနေပြီဖြစ်ပေမယ့် စိတ်ကြောင့်
သာ..အာပါးပြန်သတိရပြီးကျန်းမာလာတာကိုအမြန်မြင်ချင်နေ
တဲ့စိတ်ကြောင့်သာ တောင့်ထားနိုင်တာဖြစ်မည်။"ဒေါ်လေး...အာ-အာပါး ပြန်ကောင်းလာမှာမလားဟင်..ဟင့် အာပါးထပ်ပြီးတစ်ခုခုဖြစ်သွားမှာကိုကြောက်တယ် အင့်ဟင့်"
"အခုအားလုံးအဆင်ပြေသွားမှာပါ အဲ့ဒါကြောင့်စိတ်ပူမနေပဲ
သမီးကကျန်းမာရေးကိုလည်းဂရုစိုက်ရမယ်လေ စကားနား
ထောင်နော်...""......."
"ဒေါ်လေးတို့အိမ်ကိုပဲပြန်လိုက်ပါလားသမီး ဟိုဘက်အိမ်မှာ
တစ်ယောက်တည်းဆိုတော့ စိတ်မချလို့ပါ~""ရတယ် ဒေါ်လေး သမီးတစ်ယောက်တည်းနေနေကျ
နောက်ရက်အတွက်အဝတ်တွေထပ်ထည့်ပြီးသွားရင်ပြန်လာ
ခဲ့ပါမယ်...""ကဲ...ပြောရခက်ပြီ နားပြီးမှပြန်လာခဲ့ချည်~ အာ..ပြီးတော့
အပြင်မှာသမီးသူငယ်ချင်းရောက်နေတယ် သတင်းမေးမလို့
ထင်တယ် ဝင်ခဲ့ဖို့ပြောတာကိုသမီးကိုစောင့်မယ်ချည်းပဲပြော
နေတယ်""Nae?"
ဘယ်သူ့ကိုမှအာပါးဆေးရုံတက်နေရတဲ့အကြောင်းကိုသတင်း
မပေးထားမိတာမို့ ဘယ်သူဘယ်သူလာသည်မှန်းစဉ်းစား၍
မရပေ။အပြင်ထွက်လာတဲ့အချိန်မှာလည်းဘယ်သူမှရှိမနေတာမို့ မေ့
မေ့ပျောက်ပျောက်ပဲနေလိုက်မိသည်။