Zawgyi
နာရယ်ပြန်သွားပြီးကတည်းက တောက်လျှောက်တစ်ချိန်လုံး
ဖုန်းဆက်နေပေမယ့် မကိုင်ပဲပြန်ချပစ်လိုက်တာချည်း။ဒါရိုက်
ဘာဟန်ကိုမနည်းသိမ်းသွင်းပြီး မာမီမေးတဲ့အခါအကုန်အဆင်ပြေတယ်လို့ပဲဖြေခိုင်းထားပေမယ့် ရတက်မအေးနိုင်ပေ။သူဘယ်လိုရှေ့ဆက်ရမလဲ။ဒီအပြုအမူလေးတစ်ခုက သူမကိုအဲ့လောက်စိတ်ဆိုးသွားစေသည်တဲ့လား။သေချာပြန်စဉ်းစား
ကြည့်မှ ကိုယ့်ဘာသာလည်းပြန်မေးမိသည်။စချင်လို့နမ်းတယ်ဆိုတာဖြစ်သင့်ရဲ့လား။လူက စိတ်မြန်လက်
မြန်မို့ အဲ့တဒင်္ဂလေးမှာဖြတ်ခနဲပြုမူလိုက်ပေမယ့် သူ့စိတ်ထဲ
မှာတကယ်ကိုပေါ့ပါးနေခဲ့တာ။ဒီလိုစလိုက်ဖို့အတွက်ဝန်လေး
မနေခဲ့ဘူး။သူအမှားကြီးကျူးလွန်မိသွားပြီလား....
.
.
.
တစ်ပတ်လုံးခေါင်းခြောက်အောင်စဉ်းစားပြီးတဲ့နောက် အစီအ
စဉ်ကိုအကောင်အထည်ဖော်ဖိုအတွက်ပြင်ဆင်ရတော့သည်။"ကြိုဆိုပါတယ် ဘာများအလိုရှိပါသလဲရှင့်"
တံခါးကိုတွန်းဖွင့်လိုက်ပြီးတဲ့နောက် ချိတ်ဆွဲထားတဲ့ခေါင်းလောင်းမြည်သံနဲ့အတူ တဆက်တည်းချိုသာတဲ့နှုတ်ဆက်သံက
ထွက်ပေါ်လာတော့သည်။ဟိုရက်တွေကသူတွေးထားပေမယ့် တကယ်တမ်းဆိုင်ထဲရောက်တော့ဘယ်ဟာကိာရွေးချယ်ရမှန်းမသိတော့။နာရယ်က ဘယ်လိုအမျိုးအစားကိုကြိုက်လောက်မလဲ။
"ဘာကူညီပေးရမလဲရှင့်??"
"ကျနော်လူတစ်ယောက်ကိုတောင်းပန်ချင်လို့ဗျာ အဲ့ဒါဘယ်လိုပန်းအမျိုးအစားပေးရင်အဆင်ပြေမလဲမသိဘူး ကျနော်လည်းပန်းအကြောင်းသေချာမသိတော့ အဲ့ဒါ..."
"ကောင်မလေးကစိတ်ကောက်သွားလို့ထင်တယ်..."
ပန်းတွေထားထားတဲ့ဖက်ကိုပြန်သွားရင်းနဲ့ ဆိုင်ရှင်ကမေးလာ
တော့ ပြန်ဖြေဖို့ကိုစဉ်းစားနေမိသည်။ဆုန်းနာရယ်က ငါ့ကောင်မလေးလား??"အာ...ဆိုပါတော့ဗျာ"
"ရိုးရိုးရှင်းရှင်းပဲသဘောကျတယ်ဆိုရင်တော့ အစ်မဒါလေးနဲ့
ပန်းစည်းစည်းဖို့အကြံပေးချင်တယ်.."