Zawgyi
"ဂျူဝန်းနား~ အရင်သွားနှင့်လိုက် ငါချိန်းထားတာလေးရှိလို့"
ပြန်နေကျလမ်းမဟုတ်တဲ့ဘက်ကိုလက်ညိုးထိုးပြရင်း သက်
သက်သွားမယ့်အကြောင်းပြောမိတော့ အရှေ့ကသူငယ်ချင်း
မရဲ့မျက်မှောင်ကသိသိသာသာကြုံ့လာတော့သည်။"နင်ဇာတ်လမ်းရှာနေပြီလားပြော?"
"အာ...ဘယ်ကသာ အသိတစ်ယောက်နဲ့ချိန်းထားတာရှိလို့
ပါ ငါသွားပြီနော်..နော်..တာ့တာ ဘိုင်းအီ"ဆက်ပြီးမရှင်းပြချင်တော့တာမို့ အသေနှုတ်ဆက်ရင်းချိန်းထား
တဲ့ဆိုင်သို့ပြေးလာခဲ့တော့သည်။တခြားနေရာချိန်းလို့ရရဲ့သားနဲ့ ကျောင်းနားကသူသဘောမကျတဲ့တစ်ဆိုင်လုံးပန်းရောင်
အပြင်အဆင်ဖြစ်နေတဲ့ဆိုင်ကြီးကိုမှဘာလို့ချိန်းပါလိမ့်။"ချာတိတ်...ကိုယ်ဒီမှာ!!"
ဆိုင်အထဲကိုမဝင်ခင် အပြင်ကတည်းကမှန်ကာထားတဲ့နေရာ
ကနေမြင်ပြီးသားဖြစ်ပေမဲ့ လက်လှမ်းပြပြီးခေါ်တော့လည်းအ
လိုက်သင့်ခေါင်းငြိမ့်ပြရင်းသွားထိုင်လိုက်သည်။"တစ်ခုခုမှာလေ..."
Menu card လေးကိုကိုယ့်ဘက်ကိုတွန်းပေးလာတော့
ခေါင်းခါပြလိုက်ပြီ သူ့ဘက်ကိုပြန်ပေးလိုက်သည်။"ကိုယ်ကျွေးမှာပါ မင်းထိုင်နေကျဖြစ်လောက်မယ်ထင်လို့ ကိုယ်ဒီဆိုင်ကိုရွေးထားတာ"
တက်တက်စင်အောင်လွဲနေတာမို့ အားနာနာနဲ့သာပြုံးပြလိုက်
သည်။ထို့နောက် ထိုင်ခုံကိုသူ့အနားကိုအသာရွေ့ကာ တိုးတိုး
ပြောလိုက်သည်။"ကျောင်းစတက်တည်းကအခုချိန်ထိ တစ်ခါမှဒီဆိုင်မထိုင်ဖူး
ဘူး...ပန်းရောင်ကြီးမကြိုက်လို့""ဟောဗျာ...အဲ့လိုကြီး"
"အင်း..အဲ့လိုကြီး"
ကိုယ့်စကားကိုကြားကာမှခုံပေါ်ကိုခေါင်းမှောက်ရင်း တခွိခွိ
နဲ့ရယ်တော့သည်။စစတွေ့တုန်းကရှိန်မိသလောက် အခုပုံစံ
ကြည့်ရတာလည်းမျက်နှာချိုတဲ့ပုံစံပါပဲ။"ဒါနဲ့..ကျမကိုဘာပြောစရာရှိလို့လဲဟင်??"
"ဒီမှာထိုင်ရတာမကြိုက်ရင်တခြားနေရာသွားကြမယ်လေ..
ကိုယ်ကော်ဖီသောက်ပြီးသွားပြီ"
![](https://img.wattpad.com/cover/239815352-288-k20484.jpg)