Zawgyi
လွန်ခဲ့သောရက်သတ္တပတ်ခန့်က~
ထယ်ယောင်းနဲ့ဘားတစ်ခုမှာတွေ့ဖို့ချိန်းထားတာကြောင့် အိမ်
ပြန်ရောက်ပြီးတဲ့နောက်အဝတ်အစားလဲကာဘားကိုထွက်လာ
ခဲ့သည်။သကောင့်သားကအမြဲတမ်းနောက်ကျနေကြမို့ သူရောက်နေ
ပေမယ့်လည်းတစ်ယောက်တည်းအရက်တစ်ခွက်ကိုသောက်ရင်းထိုင်နေရပြန်သည်။အေးအေးလူလူသောက်ရမလားမှတ်ပေမယ့် ခပ်လှမ်းလှမ်း
ဝိုင်းကမိန်းကလေးတစ်စုရဲ့ဝါးလုံးကွဲရယ်သံကြောင့်နည်းနည်း
တော့စိတ်ရှုပ်သွားရသည်။ထယ်ယောင်းကလည်းဘာလို့အဲ့လောက်ကြာနေမှန်းမသိ။
စောင့်ရတာ နာရီဝက်ကျော်နေပြီမို့သိပ်ပြီးစိတ်မရှည်ချင်တော့
ပေ။"ထယ်ယောင်းအာ~ဘာလို့အဲ့လောက်ကြာနေတာလဲ!!"
ဖုန်းဆက်ပြီးဘုဘောက်ပြောဖို့ပြင်မိတော့တစ်ဖက်ကကြားလာရတဲ့ဟောဟဲလိုက်နေတဲ့အသံကြောင့် ထယ်ယောင်းပြောလာမည့်စကားတို့ကိုစောင့်နေလိုက်သည်။
"ဟေ့ရောင်...အဘွားမူးလဲသွားလို့ဆေးရုံတင်လိုက်ရတယ်
ငါမလာဖြစ်တော့ဘူးကွာ တောင်းပန်တယ်""အာ~တောင်းပန်စရာမလိုပါဘူးကွာ ငါပြန်လို့ရတယ်"
အရေးပေါ်အခြေအနေဖြစ်နေတာမို့ ဂျီမင်လည်းဘာမှပြန်မပြောမိပေ။မှာထားတာလေးကိုပဲဇိမ်ခံသောက်ပြီးအိမ်ပြန်ဖို့စဉ်း
စားလိုက်မိသည်။ထိုအချိန်~
"ဟို...အားနာပေမယ့်လေ ဟို..."
မိန်းကလေးတစ်ယောက်ကသူ့အနားကိုရောက်လာပြီး ပြောစရာတစ်ခုခုရှိနေပုံရသည်။ကိုယ့်အနားကိုကပ်ဖို့လာတဲ့မိန်းမ
တွေနဲ့လည်းအရင်ကကြုံဖူးပေမယ့် သူမကအဲ့လိုပုံစံလည်းမ
ဟုတ်ပေ။ဒါကြောင့် ဘာပြောချင်တာလဲဆိုတဲ့ပုံစံနဲ့မျက်ခုံးပင့်
ကာမေးလိုက်သည်။"ဟို..ကျမကိုတစ်မျိုးတော့မထင်ပါနဲ့ ဟိုးနားကဝိုင်းကိုရှင်တွေ့
လား??ကျမသူငယ်ချင်းတွေနဲ့ဒီမှာလာသောက်တာပါ အဲ့ဒါ.."အောက်နှုတ်ခမ်းကိုအတင်းဖိကိုက်ရင်း ပြောရမဲ့စကားကိုထွက်ဖို့တော်တော်ကြိုးစားနေပုံရသည်။