Zawgyi
"ဘာလို့ ကိုယ့်ကိုမယုံနိုင်သေးတာလဲ??!"
"ဘာလို့ အဲ့ဒါကိုပဲခဏခဏမေးနေလဲ ဒီတိုင်းပဲမယုံဘူးလို့
ပြောတယ်လေ..."လမ်းတစ်လျှောက်လုံးဖြေရှင်းချက်မျိုးစုံ အကြောင်းပြချက်မျိုးစုံနဲ့တရစပ်ပြောလာတာကြောင့် လူကနားတော်တော်အူနေပြီ
ဖြစ်သည်။ပါ့ခ်ဂျီမင်ရဲ့အသံစူးစူးကလူကိုအနုနည်းနဲ့ ဖြည်းဖြည်းချင်းနှိပ်
စက်ပြီးသတ်နေသလိုပါပဲ။သူလည်းသက်ပြင်းတချချနဲ့သာလိုက်လာခဲ့တော့တာပဲ။"ဒီအတိုင်းပဲဆိုတာက အဓိပ္ပါယ်မှမရှိတာ မင်းကိုယ့်ကိုနည်းနည်းလေးမှတောင်စိတ်မဝင်စားဘူးလား ဟမ်??"
"ဒီမှာပါ့ခ်ဂျီမင်ရှီ နည်းနည်းလေးလည်းစိတ်မဝင်စားတာမို့
ကားကိုသာကောင်းကောင်းမောင်းစမ်းပါရှင်"နှာတရှဲရှဲဖြစ်ဒေါသထွက်နေပုံရတဲ့သူ့ပုံစံက ဘေးကကြည့်ရင်
တောင်ကောင်မလေးတွေပစ်ကြွေရလောက်တဲ့အထိချောမော
နေပေမယ့် သူကတော့ဘာလို့နည်းနည်းလေးမှစိတ်မဝင်စား
မိသေးမှန်းကိုမသိပါ။ပုံမှန်မဟုတ်တဲ့အထိအတွေ့တွေကိုကြုံဖူးလိုက်ပေမယ့် အဲ့အချိန်ခဏလေးအတွင်းမှာ ရင်ခုန်ရုံကလွဲပီးတခြားဘာမှထပ်ပြီးမခံစားရတာမို့ သူပြောသလို စိတ်ဝင်စားတယ်တို့ သဘောကျတယ်တို့ဆိုတဲ့ခေါင်းစဉ်တွေကိုမတပ်ချင်သေးတာပါပဲ။
အဲ့ဒီ့အဓိပ္ပါယ်က နည်းနည်းလေးမှစိတ်မဝင်စားသလို သဘောလည်းမကျဘူးဆိုတဲ့သဘောပဲမဟုတ်ဘူးလား??
"အို! ကလေးတွေရောက်လာပြီ...နောက်ကျလိုက်တာကွယ်
မာမီကမင်းတို့ကိုမျှော်နေတာ""အန်တီ..နေကောင်းပါတယ်နော် မတွေ့ရတာတောင်အတော်
ကြာသွားပြီ""ကောင်းပါတယ်ရှင် နာရယ်လေးကလည်းပိုပိုပြီးလှလာလိုက်
တာ သတိရနေတော့မှာပဲကွယ်...""မာမီကလည်းပိုပြီ မပြန်သေးခင်တစ်လကျော်လုံးနေ့တိုင်း
တွေ့လို့ရသေးတာကို ဘာကိုသတိရနေမှာပဲ သူ့ကိုပဲမွေးစား
လိုက်ပါတော့လား"