Part(5)

4K 410 5
                                    

'ဝုန်းး'

လေထဲမှာရပ်နေတဲ့အက်ဆစ်ဘူးနဲ့အရည်တွေကိုလူတွေကကြောင်ကြည့်နေစဉ်မှာပဲ စီနီယာကလက်ကိုလေထဲကနေဝှေ့လိုက်တာနဲ့အက်ဆစ်ဘူးနဲ့အရည်တို့က အဝေးကိုကျသွားလေတောါသည်။

ဝမ်ရှီးကတော့ကိုယ့်လက်ကိုယ်အံ့ဩနေမိလေသည်။ အမှန်တော့မှော်ကျောင်းတစ်ကျောင်းမှာဒီလိုစွမ်းအားသုံးတာအံ့ဩစရာမဟုတ်။

အခုလူတိုင်းအံ့ဩနေတာကဒီစွမ်းအင်ကပထမနှစ်ပြီးဆုံးခါနီးလောက်မှ သင်ပေးတဲ့ စွမ်းအင်မျိုးဖြစ်သောကြောင့်ဖြစ်လေသည်။

"ဒီနေ့ဒီလောက်နဲ့ပဲအတန်းဆင်းတယ်။ အကုန်ထွက်သွား။ ဆိုဖီယာကလွဲလို့"

ဆရာကအကုန်လုံးကိုထွက်သွားခိုင်းလိုက်လေသည်။ လူတွေအကုန်လုံးထွက်သွားပြီးတော့မှဆရာက

"ဆိုဖီယာ ဘယ်လိုလုပ်လိုက်တာလဲ"

"ဆိုဖီးမသိဘူး။ ဒီတိုင်းပဲဖြစ်သွားတာ"

"ဆိုဖီယာသေချာပြန်စဉ်းစားကြည့်။ ဒီလိုမဖြစ်ခင်တုန်းကမင်ဘယ်လိုစဉ်းစားခဲ့လဲ"

"ဒီတိုင်း ဒီတိုင်းပဲရပ်သွားရင်ကောင်းမှာပဲလို့တွေးလိုက်တာ"

စီနီယာကဆရာ့ကိုကြည့်လိုက်ပြီးခေါင်းငြိမ့်ပြလိုက်ပြီးစီနီယာက

"အဆောင်ပြန်တော့နော်။ ကိုလိုက်ပို့ပေးမယ်။ ဘာမှမဖြစ်ဘူး"

ဝမ်ရှီးကိုအခန်းထဲလိုက်ပို့ပြီးတာနဲ့လူးကပ်စ်ကဆရာတွေကလာရန်ပြောထားတဲ့ ကျောင်းအုပ်ကြီးအခန်းထဲသွားလိုက်လေသည်။

"ဆိုဖီယာဆိုတဲ့ကလေးမကိုကျောင်းထုတ်ပစ်သင့်တယ်"

"ဟုတ်တယ်။ ကျောင်းသမိုင်းမှာဒီလိုကျောင်းသားမျိုးတစ်ခါမှမရှိဖူးဘူး။ မသင်ပဲနဲ့တတ်နေတဲ့ကျောင်းသားမျိုး"

"ကျနော်ဘလက်တိုရီရယ်ရဲ့ဆရာတစ်ယောက်အနေနဲ့ပြောပြရမယ်ဆိုရင် ကျနော်သူ့စိတ်ကိုမဖတ်နိုင်ဘူး"

"ဘာ? မင်းစိတ်မညှို့နိုင်တဲ့လူဆိုတာမရှိဘူးလေ"

"ဒါဆိုသေချာတယ်။ သူကမသင်ခင်ထဲကသူ့မှာတစ်ခုခုရှိနေလို့ပဲ။ ကျောင်းထုတ်ပစ်သင့်တယ်"

Villain Girl (Arc-3)Where stories live. Discover now