'သမီးရဲ့စွမ်းအားတွေကဘယ်လောက်ပဲနက်မှောင်နေပါစေ ဘယ်လောက်ပဲကြီးမားနေပါစေ ကုရှင်းရီလက်ထဲကနေလူတွေကိုကယ်တင်ပေးပါ'
ဆရာရွီရဲ့စကားကိုရှောင်ချင်းရဲ့နားထဲမှာကြင်လည်နေတယ်။ ရှောင်ချင်းစဉ်းစားနေမိသည်။ ဘယ်နားကနေစလုပ်ကိုင်ရမလဲမသိ။
ရှောင်ချင်းသတိရပြီးလက်ကိုပြန်ကြည့်လိုက်မိတော့လက်ချောင်းတွေအကုန်လုံးကအကောင်းပကတိဖြစ်နေလေသည်။
သူကိုယ်တိုင်ကရှောင်ချင်းဆိုတာကိုသိပြီးနောက်မှာရှောင်ချင်းဘာမှမလုပ်နိုင်တော့။ အတွေးဘုံထဲနစ်မြောနေရုံကလွဲပြီးမတတ်နိုင်။
(Ps. ဒီအပိုင်းကစပြီး ဝမ်ရှီးကို ရှောင်ချင်းလိုသုံးနှုန်းပါမယ်နော်)
ရှောင်ချင်းစိတ်ကိုငြိမ်ငြိမ်ထားလိုက်ပြီးသေချာအစီအစဉ်ကိုစဉ်းစားနေလိုက်လေသည်။ ရှောင်ချင်းသေချာစဉ်းစားပြီးနောက်ရလာတဲ့အကြံက
ကုရှင်းရီမျက်စိရှေ့မှာထင်းမနေအောင်သာမာန်လူလိုနေထိုင်ရမယ်။ ပြီးတော့ကုရှင်းရီအနားကလူတွေကိုထောက်လှမ်းမယ်။ လူတွေကိုကာကွယ်ရမယ်။ စွမ်းအားတွေတိုးအောင်လုပ်းမယ်။
ပြီးတော့နောက်ဆုံးအစီအစဉ်
ကုရှင်းရီကိုသတ်ပစ်ရမယ်။
ရှောင်ချင်းကအရင်ဆုံးဒီမွန်းတွေရှိတဲ့တောအုပ်ကိုဖြတ်သွားရမယ့်ရွာလေးတစ်ရွာစီသွားရန်ဆုံးဖြတ်လိုက်လေသည်။
ထိုရွာမှာဒီမွန်းအများစုကအနိုင်ကျင့်လေ့ရှိသည်တည်း။ ရှောင်ချင်းကစားနပ်ရိက္ခာများကိုပြင်ဆင်ကာထိုရွာသို့ဦးတည်ခဲ့လေသည်။
ရှောင်ချင်းကတောက်လျှောက်လမ်းလျှောက်နေခဲ့သော်လဲအစွမ်းတွေကြောင့်မောပန်းခြင်းပင်မရှိ။ ရှောင်ချင်းကမနက်ဆယ်နာရီကစလျှောက်တာဖြစ်လေပြီးအခုညခြောက်နာရီပင်ရှိပြီ။
နောက်ဆုံးတော့ရွာဝင်ပေါက်ကိုတွေ့လိုက်ရလေတော့သည်။ ရှောင်ချင်းကပျော်သွားပြီးရွာထဲသို့ဝင်သွားလေတော့သည်။
ရွာကထူးဆန်းတဲ့ပုံပင်။ ရွာဝင်ထဲကဘယ်သူမှရှိမနေခဲ့။ ရှောင်ချင်းကထူးဆန်းနေသည်ကိုရိပ်မိသွားပြီးပြေးသွားလေတော့သည်။
YOU ARE READING
Villain Girl (Arc-3)
FantasyVillain Girl Arc-1နဲ့ Arc-2ကိုwallထဲမှာရှာဖတ်လို့ရပါတယ်။ ဒါကArc-3ပါနော်။ အဆက်လေးကိုအားပေးကြပြဦး။ Own Creation Unicode only