"အားးးးး"
ယောင်္ကျားလေးတစ်ယောက်ရဲ့အော်သံကျယ်ကျယ်ကြောင့်ဝမ်ရှီး ဒန်နီရယ် လူးကပ်စ်တို့ပါလှုပ်လှူပ်ရှားရှားဖြစ်သွားရလေပြီ။
"ဆိုဖီယာ ထိုင်ပြီးကျန်ခဲ့"
လူးကပ်စ်ကပြောပြီးဒန်နီရယ်နဲ့အတူတူပြေးထွက်သွားလေတော့သည်။ ဝမ်ရှီးကထိုင်ခုံမှာထိုင်ကာကျန်ရစ်ခဲ့လေသည်။
"လင်ချီး နင်ငါ့ကိုအမှန်တိုင်းပြောတော့။ ကုရှင်းရီနဲ့ချန်းရှောင်ချင်းကဘယ်သူတွေလဲ"
"အတွင်းရေးအရမ်းကျလို့မဖြေနိုင်ဘူးဆိုနေ"
"တစ်သက်လုံးစော်မရဘဲဖြစ်ပါစေ"
"ကျနော်ကစစ်စတမ်တစ်ခုနော်။ စော်မရလဲအေးဆေးပဲ။ ဟွန်းး ဟွန်းး"
"ဟာ ပြောပြလို့"
"Hostကိုမေးစရာမေးခွန်းလေးတွေရှိပါတယ်။ အမှန်တိုင်းဖြေပေးပါ"
"မေးဟေ့ မေး"
"Hostတွေ့ခဲ့သမျှmale leadတွေထဲမှာဘယ်သူ့ကိုသဘောအကျဆုံးလဲ"
"၄ယောက်လုံးကတစ်ယောက်ထဲပဲလေ။ ချီးတွေမေးနေတာလား"
"၃ယောက်ပဲရှိတာကိုဘယ်နားကကောင်တစ်ကောင်ကပ်ပါလာတာလဲ"
"ဖူချန့်ကျန့်ကဇာတ်ကောင်မဟုတ်ရင်လူလား"
"ဖူချန်ကျန့်ကဇာတ်ကောင်ပဲလေ"
"ပေါ်သွားပြီ။ ဝါးဟားဟား"
"တော်ပြီ။ hostယုတ်မာတာ။ မေးခွန်းသာဖြေ"
"၄ယောက်လုံးကတစ်ယောက်ထဲပဲလို့"
"ရုပ်ပိုင်းဆိုင်ရာပဲတူတာလေ စိတ်ပိုင်းဆိုင်ရာကအရမ်းကွဲပြားတယ်"
"အမ်...ယွီမင်ကတကယ့်ယောင်္ကျားဆန်ဆန်နဲ့ခန့်ညားတယ်။ ငါ့ကိုကာကွယ်ပေးနိုင်တယ်။ ရှားစီကဖက်ရှင်ကျတယ်။ ချစ်ဖို့ကောင်းတယ်။ စကားတတ်တယ်။ ဒန်နီရယ်ကတော့ရုပ်တည်ကြီးနဲ့ပေါတယ်။ ဒါပေမယ့်စွမ်းအားကြီးတယ်။ နောက်ဆုံး ဖူချန်ကျန့် သူကတော့စည်းကမ်းကြီးတယ်။ ငါ့ကိုဂရုစိုက်တယ်။ ဒါပဲ"
"အဲ့တော့အကောင်းဆုံးတစ်ယောက်ကဘယ်သူလဲ"
"နောက်တာလား။ သေချာပေါက်ယွီမင်ပဲပေါ့။ ကျန်တဲ့ကောင်တွေကအာပလာတွေ။ ယွီမင်အစ် မိုင် ဟီးရိုး ပဲ"
YOU ARE READING
Villain Girl (Arc-3)
FantasyVillain Girl Arc-1နဲ့ Arc-2ကိုwallထဲမှာရှာဖတ်လို့ရပါတယ်။ ဒါကArc-3ပါနော်။ အဆက်လေးကိုအားပေးကြပြဦး။ Own Creation Unicode only