Part (6)

3.9K 390 8
                                    

"မငိုနဲ့တော့နော်။ တိတ်တော့။ ဘာမှမဖြစ်ဘူး"

ဒန်နီရယ်နဲ့လူးကပ်စ်တို့ရဲ့နှစ်သိမ့်စကားနဲ့တူတူဝမ်ရှီးအသိစိတ်တို့ဝင်လာမိတော့သည်။ ဒန်နီရယ်နဲ့လူးကပ်စ်ကနှစ်သိမ့်ပေးနေရင်းရုတ်တရက်တည်ငြိမ်လာတဲ့ဝမ်ရှီးကိုတွေ့လိုက်ရလေသည်။

ဝမ်ရှီးကမျက်ရည်တွေမရပ်သွားသော်လဲရုတ်တရက်တည်ငြိမ်သွားကာ ကြောင်ရပ်နေလေတော့သည်။ ဝမ်ရှီးပုံစံကအသိစိတ်လွတ်နေသလိုမျိုးပင်။

"ထွက်သွား"

"ဆိုဖီယာ ဘာတွေဖြစ်"

"အကုန်လုံးထွက်သွား!!!"

ဝမ်ရှီးကအသိစိတ်လွတ်နေသလိုဖြစ်ပြီးပြောနေသည်ဟုထင်ခဲ့သော်လဲ ရုတ်တရက်ထအော်လိုက်လေသည်။ အော်သံနဲ့တူတူဝမ်ရှီးရဲ့မျက်လုံးပြာလေးတွေကအနက်ရောင်အဖြစ်သို့တဖြည်းတဖြည်းပြောင်းလာလေသည်။

မျက်လုံးအနက်ရောင်တွေကပိုပိုစူးရှလာပြီးတစ်ယောက်ယောက်ကိုထသတ်တော့မယ့် အန္ဒာရယ်ရှိတဲ့စုန်းမတစ်ယောက်လိုမျိုးပင်။

ချက်ချင်းပဲလူးကပ်စ်ကသူ့အစွမ်းနဲ့တံခါးကိုပိတ်လိုက်ကာလော့ခ်ချပြီး အပြင်ကိုအသံတွေမပေါက်ကြားအောင်ပိတ်လိုက်လေသည်။

"ဆိုဖီယာ မင်းစိတ်ထိန်းမှရမယ်။ မင်းကိုယ့်ကိုယ်ကိုစိတ်ထိန်းမှရမယ်"

"ဒန်နီရယ် မင်းနောက်ဆုတ်နေ။ ဆိုဖီယာ မင်းအသိစိတ်ဝင်စမ်းပါ။ ဒါမင်းမဟုတ်ဘူး"

လူးကပ်စ်နဲ့ဒန်နီရယ်ကပြောနေရင်းနဲ့ပင်ဝမ်ရှီးရဲ့မျက်လုံးတွေကပိုနက်မှောင်လာလေတော့သည်။ စီနီယာက

"ဆိုဖီယာထရေစီ!! ငါပြောတာကိုအခုနားထောင်ပါ။ မင်းအခုချက်ချင်းအသိစိတ်ပြန်ဝင်ဖို့လိုတယ်။ အခုချက်ချင်းလုပ်နေတဲ့အရာတွေအားလုံးကိုရပ်လိုက်စမ်း!!"

ဝမ်ရှီးကလက်ညှိုးလေးတစ်ချောင်းကိုလှုပ်လိုက်သည်နှင့်လူးကပ်စ်တစ်ကိုယ်လုံးနောက်ကိုလွင့်ထွက်သွားလေတော့သည်။ လူးကပ်စ်ရဲ့စွမ်းအားနဲ့တောင်ဝမ်ရှီးရဲ့လက်ညှိုးလေးတစ်ချောင်းရဲ့စွမ်းအားတောင်မမှီတော့။

Villain Girl (Arc-3)Where stories live. Discover now