"အရှင် ရွှေရောင်နတ်ဘုရားမအကြောင်းစုံစမ်းခဲ့ပါပြီ"
"ယာယာ ထွက်သွား"
ကုရှင်းရီကရွှီယာယာကိုထွက်သွားဖို့ပြောတော့ယာယာကကုရှင်းရီရဲ့လက်ကိုကိုင်လိုက်ကာ
"ဘာလို့လဲ ယာယာကိုဘာလို့ပေးမသိ.."
ယာယာကပြောနေတုန်းပဲရှိသေးကုရှင်းရီကလက်ကိုဖြုတ်လိုက်ကာ
"ငါ့အသားကိုမထိနဲ့။ ထွက်သွားတော့"
ကုရှင်းရီကပြောလိုက်တာနဲ့ရွှီယာယာကခြေဆောင့်ကာထွက်သွားလေတော့သည်။ မော့ဝေကတော့ကြောင်ကြည့်နေမ်လေသည်။
အရှင်ဒီလိုဘယ်သူ့ကိုမှဂရုမစိုက်တာငါးနှစ်ကြီးများတောင်ရှိပြီ။ သူချစ်ပါတယ်ဆိုပြီးခေါ်လာတဲ့ရွှီယာယာကိုတောင်အသားကိုင်မခံဘူး။
ဒီနှစ်တွေအတွင်းမှာအရှင်ကတော်တော်ပြောင်းလဲသွားတာပဲ။ ငါထင်တာတော့သူ့ညီမချန်းရှောင်ချင်းသေသွားထဲကပဲ။ ချန်းရှောင်ချင်းကိုသတ်ပြီးဘာလို့ဒီလိုဖြစ်နေရတာလဲ။
"မော့ဝေ မင်းဒီနေ့ပြောဦးမှာလား"
မော့ဝေတစ်ယောက်ချန်းရှောင်ချင်းကြောင့်အရှင်ပြောင်းလဲလာတာကိုစဉ်းစားနေသော်လဲ ကုရှင်းရီရဲ့စကားကြောင့်အသိစိတ်တို့ဝင်လာရတော့သည်။
"ရွှေရောင်နတ်ဘုရားမဆိုတာစုန်းမတစ်ယောက်ပါ။ အနက်ရောင်ကိုယ်ရောက်ကိုယ်ဝါတွေနဲ့မကောင်းတဲ့စုန်းမဆိုတာသိသာပေမယ့် အမြဲတမ်းလူတွေကိုကာကွယ်ပေးပါတယ်။ သူ့လက်ထဲကနေဘယ်သူမှမလွတ်မြောက်နိုင်ဘူး"
"ဒါပဲလား? နဲလိုက်တာအချက်အလက်က"
"အဲ့ဒါကသူကရွှေရောင်မျက်နှာဖုံးကိုဝတ်ဆင်ထားပါတယ်။ သူ့ရဲ့မျက်နှာကိုမြင်ဖူးတဲ့သူမရှိဘူးလို့ပြောကြပါတယ်။ သူ့မျက်နှာကိုမြင်ဖူးတဲ့သူတွေပြောတာတော့သခင်မလေးရွှီယာယာထက်တောင်အဆပေါင်းများစွာလှပါတယ်တဲ့"
"အဲ့လောက်တောင်လှလား? နာမည်အရင်းကရော"
"နာမည်အရင်းကမသိနိုင်ပါဘူး။ သူ့ရဲ့မျက်နှာကိုသိတဲ့ရွာတစ်ရွာရှိပါတယ်။ အဲ့ရွာကလူတွေမေးတော့လဲအကုန်လုံးကမသိဘူးလို့ပြောကြပါတယ်"
YOU ARE READING
Villain Girl (Arc-3)
FantasyVillain Girl Arc-1နဲ့ Arc-2ကိုwallထဲမှာရှာဖတ်လို့ရပါတယ်။ ဒါကArc-3ပါနော်။ အဆက်လေးကိုအားပေးကြပြဦး။ Own Creation Unicode only