Part (14)

3.4K 375 8
                                    

"ဘာလဲကိုကို ကိုယ်တိုင်ဖြတ်ခဲ့တဲ့လက်ချောင်းတွေကမပြတ်ဘဲနဲ့အကောင်းပကတိရှိနေလို့လား"

ရှောင်ချင်းကရွဲ့စောင်းကာပြောလိုက်လေတော့ကုရှင်းရီကပလ္လင်ပေါ်ကပြေးဆင်းလာကာရှောင်ချင်းဆီပြေးလာလေတော့သည်။

ရှောင်ချင်းတွေးနေမိတာက 'ငါ့ကိုတန်းသတ်မှာတော့မဟုတ်ဘူးမလား'

ကုရှင်းရီကရှောင်ချင်းကိုပြေးဖက်လိုက်သဖြင့်ရှောင်ချင်းကလန့်သွားကာ ကိုယ်လုံးလေးတွန့်သွားလေတော့သည်။ ကုရှင်းရီကတင်းတင်းကြပ်ကြပ်ဖက်ထားကာ

"ချင်းလေး တကယ်ချင်းလေးလား။ ချင်းလေး"

ကုရှင်းရီကရှောင်ချင်းကိုတင်းကြပ်စွာပိုမိုတိုးကာဖက်လိုက်ပြီးခေါင်းလေးကိုကိုင်ထားမိလေးသည်။ ကုရှင်းရီပုံစံကပျောက်ဆုံးနေတဲ့ရတနာလေးကိုပြန်ရှာတွေ့တဲ့ပုံပင်။

"ချင်းလေး ကိုတောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ထပ်မသွားပါနဲ့တော့။ ကိုတောင်းပန်ပါတယ်။ ကိုအဲ့လိုမှမလုပ်ရင်မင်းကိုသူများလက်ထဲမှာရက်ရက်စက်စက်..ရက်ရက်စက်စက်အသုံးမချခံနိုင်ခဲ့ဘူး။ ကိုကိုတောင်းပန်ပါတယ်"

ရှောင်ချင်းအတွက်ကုရှင်းရီရဲ့စကားတွေကပဟေဠိဖြစ်နေသော်လဲရှောင်ချင်းအတွက်ထူးဆန်းတဲ့နွေးထွေးမှုတစ်ခုဖြစ်လာလေတော့သည်။

"ကိုတောင်းပန်ပါတယ်။ တကယ်ချင်းလေးပဲ။ ကိုတောင်းပန်ပါတယ်။ ကိုတောင်းပန်ပါတယ်။ ကိုတောင်းပန်ပါတယ်"

ကုရှင်းရီကစက်ရုပ်တစ်ရုပ်လိုမျိုး တောင်းပန်စကားကိုသာတောက်လျှောက်ပြောနေခဲ့လေသည်။ ရှောင်ချင်းမှာငိုချင်သလိုတောင်ဖြစ်လာလေသည်။

ကုရှင်းရီကဖက်ထားတာကနေပြန်ခွါလိုက်ပြီးရှောင်ချင်းရဲ့ပါးလေးကိုကိုင်ကာ

"ချင်းလေးပဲ။ တကယ်ချင်းလေးအစစ်ပဲ။ ကိုကိုတောင်းပန်ပါတယ်။ ကိုကို့နားကနေထွက်မသွားပါနဲ့တော့။ ကိုကိုဘာကိစ္စပဲရှိရှိကာကွယ်ပေးပါ့မယ်"

ကုရှင်းရီကမျက်ရည်တွေဝေ့ဝဲကရှောင်ချင်းကိုကြည့်ပြီးပြောလေသည်။ ရှောင်ချင်းကပါနွေးထွေးမှုတွေကြောင့်ငိုချင်လာသောလဲစိတ်ထိန်းကာ

Villain Girl (Arc-3)Where stories live. Discover now