Part (18)

4K 356 10
                                    

"မြန်မြန်ပြေးတော့"

"ချစ်တယ်နော်"

ကုရှင်းရီရဲ့အခြေအနေနဲ့အခုပြောနိုင်တာဒီအရာပဲရှိမည်။ နာတယ်။ ဗိုက်ထဲစိုက်ဝင်နေတဲ့ဓားကနာသားပဲ။ ရှောင်ချင်း မင်းဒီအရာကိုနှစ်ခါတောင်ခံစားခဲ့ရတာပဲ။

ကိုခံစားရတာတစ်ဘဝထဲ။ ချင်းလေး မင်းပင်ပန်းခဲ့တာပဲ။ မင်းဘဝနှစ်ခုတောင်ကိုယ့်ကြောင့်နဲ့သေခဲ့ရတာ။ ဒီဘဝတော့ကိုယ်မင်းအစားသေပေးမယ်။

ပြေးပါတော့။ မင်းဒါ့ခ်လက်ထဲမှာအဖမ်းခံလို့မဖြစ်ဘူး။ ပြေးပါတော့။ တောင်းပန်ပါတယ်။ ပြေး ပြေး။

ရှောင်ချင်းတစ်ယောက်ရပ်ကြည့်နေရာမှကုရှင်းရီဆီပြေးသွားမိလေသည်။ ကုရှင်းရီဆီပြေးကာဖက်လိုက်လေသည်။

"ကိုကို အဆင်ပြေရဲ့လား။ မနာဘူးနော်"

"ပြေး ပြေး။ ချင်းလေးပြေးတော့"

ကုရှင်းရီကမရှိရှိတဲ့အားနဲ့ပြေးဖို့ပြောလေပေမယ့်ရှောင်ချင်းကမပြေးဘဲဘေးနားမှာသာထိုင်နေကာကုရှင်းရီရဲ့လက်ကိုဆုပ်ကိုင်ထားလေသည်။

"အချစ်ငှက်လေးနှစ်ကောင်ချစ်ပြနေတာလား"

ဒါ့ခ်ကပြောလိုက်လေသည်။ သို့သော်ရှောင်ချင်းနဲ့ကုရှင်းရီကမူတစ်ချက်လေးတောင်ဂရုစိုက်မနေ။ ရှောင်ချင်းတို့အနေအထားကိုကြည့်ပြီးမော့ဝေပါငိုချင်လာလေသည်။

အခုကုရှင်းရီရဲ့ဗိုက်ပေါ်ကဓားဒဏ်ရာကိုရှောင်ချင်းကလက်တစ်ဖက်နဲ့ဖိကာသွေးတိတ်အောင်တားနေပြီး တစ်ဖက်ကကုရှင်းရီရဲ့လက်လေးကိုဆုပ်ကိုင်ထားသည်။

ကုရှင်းရီရဲ့ခေါင်းလေးကရှောင်ချင်းရဲ့ပေါင်ပေါ်မှာရှိနေကာရှောင်ချင်းရော ကုရှင်းရီရောမှာမျက်ရည်တွေအပြည့်။ ဘေးနားမှာကမတ်တပ်ရပ်နေတဲ့ဒါ့ခ်။

"ချင်းလေး အသက်ဆက်ဆက်ရှင်ရမယ်"

ထိုစကားရဲ့နောက်မှာကုရှင်းရီရဲ့နှာခေါင်းပနေအသက်ဆက်မရှူတော့။ မလှုပ်ရှားတော့။ ကိုကိုတကယ်သေသွားပြီလား။ ချင်းလေးကိုထားခဲ့ပြီလား။

ကုရှင်းရီရဲ့ဗိုက်ပေါ်ကိုထိုးစိုက်ခဲ့တဲ့ဓားတစ်လက်ကကြမ်းပြင်ပေါ်မှာသွေးတွေပေကျံကာပြုတ်ကျနေလေသည်။ လှပတဲ့မြင်ကွင်းလို့ထင်နေတာလား?

Villain Girl (Arc-3)Donde viven las historias. Descúbrelo ahora