ဆူညံနေတဲ့ဟောလ်ခန်းမကြီးထဲမှာဒန်နီရယ်လ်တစ်ယောက်ဘယ်သူ့ကိုမှအဖက်လုပ်စကားပြောခြင်းမရှိ။ ဒန်နီရယ်လ်ဘေးကိုကောင်လေးတစ်ယောက်လာထိုင်လေသည်။
ထိုကောင်လေးကဆံပင်တွေကိုအနောက်အကုန်သိမ်းထားလေသည်။ သေချာကြည့်ရင်တော့ဆံပင်ရှည်မှန်းသိသာလေသည်။
ရုပ်လေးကတကယ့်ကိုမိန်းမချော။ အစိမ်းရောင်မျက်လုံးတွေကိုပိုင်ဆိုင်ထားတာကထူးဆန်းခြင်းမဟုတ်။ ထူးဆန်းသည်ကသူ့နှုတ်ခမ်းတွေဖြစ်လေသည်။
တကယ့်မိန်းကလေးနှုတ်ခမ်းလေးတွေ။
'ဝုန်းး'
တံခါးဆွဲဖွင့်လိုက်တဲ့အသံနဲ့အတူဝင်လာတဲ့အသားဖြူဖြူနဲ့ ဆံပင်ကောက်ကောက်နဲ့ကောင်မလေးတစ်ယောက်။ မျက်လုံးတွေကမထူးခြားနားစွာအပြာရောင်ပဲ။
ဒါပေမဲ့ရိုးရိုးမျက်လုံးတွေနဲ့မတူဘူး။ အပြစ်ကင်းသလိုလိုဆွဲဆောင်သလိုလိုနဲ့သူ့မျက်လုံးထဲမှာစူးစမ်းလိုစိတ်တွေနဲ့ပြည့်နှက်နေတယ်။
ဝမ်ရှီးတစ်ယောက်တံခါးကိုဖွင့်ပြီးဝင်လိုက်တော့ဆူညံနေတဲ့အသံအားလုံးတိတ်ဆိတ်သွားပြီး ဝမ်ရှီးထံကိုမျက်လုံးတွေကကျရောက်လာကြသည်။
ဝမ်ရှီးကကိုယ့်ကိုယ်ကိုယုံကြည်ချက်ရှိစွာနဲ့ရှေ့ဆုံးတန်းကိုလျှောက်သွားလိုက်လေသည်။ ဟောလ်တစ်ခုလုံးမှာထိုင်ခုံတန်းခြောက်တန်းရှိလေသည်။
တစ်ဖက်မှာသုံးတန်းဖြစ်ပြီးအလယ်ကလျှောက်လမ်းရှည်ကြီး။ ဝမ်ရှီးကရှေ့ဆုံးတန်းနားကိုသွားလိုက်တော့ဒန်နီရယ်ဆီမှအသံတစ်သံထွက်လာလေသည်။
"ငါ့နားမှာလာမထိုင်ရင်ကောင်းမယ်"
ဝမ်ရှီးကဂရုမစိုက်ပဲနံရံနဲ့ကပ်ရပ်ဖြစ်တဲ့ခုံမှာသွားထိုင်လိုက်လေသည်။ ဝမ်ရှီးနဲ့ဒန်နီရယ်ကြားမှာကိတ်သရင်းနဲ့ခုံလေးလုံလောက်ခြားနေလေသည်။
ဝမ်ရှီးထိုကောင်လေးကိုကြည့်လိုက်တော့အံ့ဩသွားရပြန်သည်။ ရှားစီ ယီရှင်း ဖူချန်ကျန့် အခုဒန်နီရယ်အထိ။ အကုန်လုံးကတစ်ရုပ်ထဲပဲ။ ထူးခြားတာကတော့ဒန်နီရယ်မှာအဝါနုရောင်မျက်လုံးတွေရှိနေလေသည်။
CZYTASZ
Villain Girl (Arc-3)
FantasyVillain Girl Arc-1နဲ့ Arc-2ကိုwallထဲမှာရှာဖတ်လို့ရပါတယ်။ ဒါကArc-3ပါနော်။ အဆက်လေးကိုအားပေးကြပြဦး။ Own Creation Unicode only