Part (8)

3.5K 379 5
                                    

"ဆိုဖီယာကိုအဆုံးထိကာကွယ်ပေးပါ။ ကျနော်တစ်ခုခုဖြစ်သွားရင်တောင်စီနီယာကကျိန်းသေပေါက်ကာကွယ်ပေးပါ"

"မင်းမပြောရင်တောင်ငါကာကွယ်ပေးနေမှာ။ သူကငါ့အတွက်အရေးပါတဲ့လူတစ်ယောက်ပဲ"

နက်ပြာရောင်ကောင်းကင်ကျယ်ကြီးအောက်မှာတဲအိမ်လေးသုံးလုံးနဲ့ မီးပုံတစ်ခု။ လှပချောမောတဲ့အန္ဒာရယ်များတဲ့ကောင်မလေးကတဲထဲမှာအိပ်ပျော်လို့နေပြီ။

ထိုလှပတဲ့နက်ပြာရောင်ကောင်းကင်ကြီးကိုကြည့်ကာ အန္ဒာရယ်အပြည့်နဲ့ကောင်မလေးကိုကာကွယ်ပေးဖို့ပြောနေကြသည်တဲ့။

ဒီကောင်လေးနှစ်ယောက်ပေါင်းတာတောင်အန္ဒာရယ်များလွန်းလှတဲ့အလှလေးကို အနိုင်တိုက်နိုင်မည်မဟုတ်သည်ကိုကောင်လေးနှစ်ယောက်ကိုယ်တိုင်လဲသိသည်လေ။

"စီနီယာ ကျနော်သူ့ရဲ့အိပ်မက်တွေကိုသိချင်တယ်။ သူ့အိပ်မက်တွေကဘာလို့သူ့ကိုဒီလောက်ခြိမ်းခြောက်နေရတာလဲ။ စီနီယာ သူ့အိပ်မက်တွေကိုမဖတ်နိုင်ဘူးလား"

"ဆိုဖီယာကစွမ်းအားအရမ်းကြီးလွန်းတယ်။ သူ့ရဲ့စိတ်ကိုလုံးဝမဖတ်နိုင်ဘူး။ အရမ်းအန္ဒာရယ်များတဲ့မိန်းကလေးပဲ"

"ဒါပေါ့။ ဆိုဖီယာကအန္ဒာရယ်များတယ်။ ဒါပေမယ့်ကျနော်ဆိုဖီယာကိုသဘောကျတယ်"

မျက်လုံးအဝါနဲ့ကောင်လေးရဲ့ဝန်ခံချက်နဲ့တူတူလူးကပ်စ်ရဲ့မျက်လုံးတွေပြူးကျယ်သွားမိသည်။ လူးကပ်စ်မျက်လုံးတွေကအံ့ဩနေရာကနေအန္ဒာရယ်များပုံပေါက်လာသည်။

လူးကပ်စ်ရဲ့မျက်လုံးတွေကတဖြည်းဖြည်းနဲ့စိတ်တိုနေပုံရလာပြီး နောက်ဆုံးမှာတော့လက်သီးများကိုဆုပ်ကာတဲထဲသို့ပြေးဝင်သွားလေတော့သည်။

ဒန်နီရယ်ကဘာတွေဖြစ်နေမှန်းမသိနေပေမယ့်ဒန်နီရယ်လဲထရပ်လိုက်ကာ ဆိုဖီယာရဲ့တဲထဲသို့ဝင်သွားလိုက်လေသည်။

ကောင်မလေးရဲ့မျက်တောင်ရှည်ရှည်လေးတွေကမှေးကျနေပြီး နှုတ်ခမ်းနီနီရဲရဲလေးတွေကဖူးကာထွက်နေလေသည်။

နှာခေါင်းချွန်ချွန်လေးရဲ့အလှကိုဆံနွယ်များကဖုံးကွယ်နေ၍ဒန်နီရယ် မျက်မှောင်တစ်ချက်ကြုတ်ကာဆံနွယ်များကိုညှင်သာစွာဖယ်ပေးလိုက်လေသည်။

Villain Girl (Arc-3)Hikayelerin yaşadığı yer. Şimdi keşfedin