Season 2 : PROLOG

3.2K 151 13
                                    

The ELYXIAN : Magicae Cosmica
_________________________________

တစ်ခါတုန်းက... ။
စကြဝဠာကြီးဟာ သေးငယ်တဲ့အမှုန်အစုအဝေးတွေကလွဲရင် ဘာမှမရှိတဲ့ နေရာတစ်ခု ဖြစ်ခဲ့တယ် ။

မရေမတွက်နိုင်သော အမှုန်လေးတွေဟာ စကြဝဠာကြီးကို လှည့်ပတ်သွားလာနေတယ် ။ အမှုန်လေးတွေဟာ အရောင်အသွေး အရွယ်အစားနဲ့ ပုံသဏ္ဍာန် အရ စုံလင်စွာ ရှိပေမယ့် အနှစ်ချုပ်တော့ သူတို့တွေမှာ အမျိုးအစား နှစ်ခုသာ ရှိတယ် ။

ဖော့စ် (Fos)... အလင်း...
မိုင်ယ့ခ် (Mirk)... အမှောင်...

အချိန်ကာလတစ်ခုကိုရောက်တဲ့အခါ... အမျိုးအစားတူညီတဲ့အမှုန်တွေ စုစည်းမိကြတယ် ။
ဖော့စ်တွေ စုစည်းရာက ဆိုင်ယဲလ် (Siel) လို့ခေါ်တဲ့ soul... အသက်ဝိညာဉ်ဖြစ်လာတယ် ။
မိုင်ယ့ခ်တွေ စုစည်းရာက အင်န်အဲလ် (Inale) လို့ ခေါ်တဲ့ body mass ... ခန္ဓာထုထည်ဖြစ်လာတယ် ။

ဆိုင်ယဲလ် နဲ့ အင်န်အဲလ် ဟာ တစ်ခုချင်းစီ သီးသန့် နေမယ် ဆိုရင် အဓိပ္ပာယ်မဲ့နေမှာ ဖြစ်ပေမယ့် နှစ်ခုပေါင်းလိုက်တဲ့အခါမှာတော့ အဓိပ္ပာယ်ပြည့်ဝတဲ့ တစုံ တခု ဖြစ်ပေါ်လာတယ် ။
ခအင်န် (Ka'in ) သို့မဟုတ် Living beings ဆိုတဲ့ သက်ရှိသတ္တဝါတွေ... ။

မူလရင်းမြစ်ဖြစ်တဲ့ အမှုန်တွေရဲ့ အရောင်အသွေး အရွယ်အစားနဲ့ ပုံသဏ္ဍာန်တွေဟာ မတူညီကြ... ဒါကြောင့် သူတို့တွေ စုပေါင်းကာ ဖြစ်တည်လာတဲ့ သက်ရှိသတ္တဝါတွေရဲ့ အရောင်အသွေး အရွယ်အစားနဲ့ ပုံသဏ္ဍာန်တွေဟာလည်း ကွဲပြားကြတယ် ။

သတ္တဝါတွေရဲ့ မျိုးရိုးဗီဇနဲ့ အကျင့်စရိုက်တွေပေါ် မှီ တည်ကာ သူတို့နေထိုင်တဲ့ နယ်မြေတွေကလည်း ကွဲပြားစွာ ပေါ်ပေါက်လာ တယ် ။

မှော်ဆန်တဲ့ စကြဝဠာကြီးမှာ Astral Plain လို့ခေါ်တဲ့ ဘုံလွှာပေါင်း များစွာ... Realm လို့ခေါ်တဲ့ ပိုင်နက်နယ်ပေါင်းများစွာ ရှိတယ် ။
အဓိကဘုံလွှာ (Main Plain) ၇ခု မှာ သက်ရှိတို့နေထိုင်တဲ့ Active Plain ၅ခု နဲ့ တိတ်ဆိတ်ငြိမ်သက်သော Silent Plain ၂ခု ရှိတယ် ။ Active Plain ၅ခုကို အောက်ပါအတိုင်းတွေ့နိုင်တယ် ။

တယ်ရမ်မ် (Terrum)... လူ့ဘုံ...
Terran တယ်ရန်န် လို့ခေါ်တဲ့ လူသားတွေ နေထိုင်တယ် ... ။ Active plain၅ခုရဲ့ Core Plain ဗဟိုဘုံ ဖြစ်တယ် ။

The Song of a Willow Tree ( season 1 + 2 ) |[ COMPLETED ]|Where stories live. Discover now