[Unicode Ver ]
ခြံဝန်းထဲရှိ မြက်ခင်းစိမ်းပေါ်တွင် ကလေးငယ် နှစ်ယောက် ဆော့ကစားနေကြသည်။
"ဘင်လေး ကိုကို့ ကို လိုက်ဖမ်း"
"ဟုတ် "
"ကိုကို ကလဲ အရမ်းမပြေးနဲ့လေ ဘင်လေးခြေထောက်လေးက သေးသေးလေး ကိုကို့ကို ဘယ်လိုလုပ် လိုက်လို့မှီမှာလဲ လို့" စိတ်ဆိုးပီး နူတ်ခမ်းလေးဆူပီး ပြောသည်။
jjuniလေးက စိတ်ဆိုးနေသော ကလေးလေးကိုကြည့်ပီး သဘောကျနေသည်။
"ကိုကို ဖြေးဖြေးလေးပဲ ပြေးတော့မယ်နော် စိတ်မဆိုးနဲ့တော့ ဒီတစ်ခါ ကိုကို လိုက်ဖမ်းမယ် ဘင်လေးပြေး"
"ဟီးဟီး....ဟုတ်"
"အမလေး ဒါကျတော့ ပြုံးဖီးနေတာပဲ"
"အာ့ဆို ဘင်လေးပြေးပီနော်"
"ဟုတ်ကဲ့ပါ ဗျာ"
"ဒါဆို ကိုကို လိုက်ပီနော် 1 2 3 "
ခြံထဲတွင် ကလေးနှစ်ယောက်ဆော့ကစားနေသည်ကို ကြည့်၍ jjuni omma ပြုံးနေသည်။ ထိုအချိန်တွင် ခြံထဲသို့ အမျိုးသမီး တစ်ယောက် ဝင်လာသည်။ သူမကတခြားသူမဟုတ်ပါ ဘင်လေးomma သာဖစ်သည်။ ဘင်လေးကအိမ်မှာအမြဲ သားလေးjjuniဆီမှာ လာဆော့နေကြ ညနေဆိုရင် ဘင်လေးomma ကဘင်လေးကို လာခေါ်သည်။
"ဟယ် ဘင်လေးomma ရောက်တောင်လာပီပဲ ဒီနေ့ ဘင်လေးကို လာခေါ်တာနဲနဲနောက်ကျတယ်နော် "
"နောက်ကျမှာပေါ့ရှင် ဘင်လေး appa က အခုရာထူးတိုးသွားပီလေ LA ကိုပြောင်းရတော့မှာ အဲ့တာ ကျွန်မတို့မိသားစု အကုန်ပြောင်းရတော့မှာလေ အဲ့ဒါကြောင့် အိမ်မှာ အထုတ်အပိုးတွေ ပြင်ဆင်နေတာ"
"ဟယ် ဟုတ်လား ဘယ်နေ့လဲ"
"မနက်ဖြန်တဲ့ရှင် ဘင်လေးappaက ရာထူးတိုးတာ တစ်လလောက်ရှိနေပီ သူအလုပ်ရူပ်နေလို့ ကျွန်မကိုမပြောအားတာ မနက်မှ သူရုံးမသွားခင် ကျွန်မကို ပြောမှသိတာ"
"ဟယ် မြန်လှချည်လား ကလေးတွေတော့ စိတ်မကောင်းဖစ်နေတော့မှာပဲ jjuniလေးက ဘင်လေးကို အရမ်းချစ်တာ ဘင်လေး ဘင်လေးနဲ့ အခုလိုခွဲသွားရင် သားလေး စိတ်မကောင်းဖစ်နေမှာပဲ"
"ဟုတ်ပ့ရှင် ဘင်လေးကလဲ သူ့အကို ကိုသိပ်ချစ်တာ အဲဒါကြောင့်လဲ အမြဲjjuniလေးရဲ့ အိမ်မှာလာဆော့နေတာပေါ့"
"အဲ့ဒါဆို မနက်ဖြန် ဘယ်ချိန်ပြောင်းမှာလဲ ဘင်လေးomma"
"မနက်အစောကြီး သွားရမှာ အမရယ်"
"အော် အစောကြီးဆိုတော့ jjuniလေးက ဘင်လေးကို နူတ်ဆတ်လို့ မရတော့ဘူးပေါ့"
"ဟုတ်ပါရဲ့ အဲ့လိုသွားမှအဆင်ပြေမယ်ထင်တယ် မဟုတ်ရင် ကလေးတွေ ငိုနေတဲ့ပုံမြင်ပီး စိတ်မကောင်းဖစ်နေမိမှာ "
"ဘယ်တတ်နိုင်မလဲရှင် တနေ့နေ့တော့ သူတို့လေးတွေ ပြန်တွေ့ရင်တွေ့မှာပေါ့ ကံတရားကပြောမရဘူး လေ"
"အင်း...တွေ့မှာပါ jjuni ommaရေ အခုတော့ ဘင်လေးကို ခေါ်မှဖစ်မယ် မနက်အစောကြီးထရမှာဆိုတော့ စောစောအိပ်ခိုင်းရမယ် လေ"
"ဟုတ်တာပေါ့ ကျွန်မလဲ စိတ်မကောင်းဖစ်ပီး စကားတွေရှည်နေတာ ခြံထဲမှာရှိတယ် jjuni လေးနဲ့ ဆော့နေတယ် "
"ကျွန်မ သွားခေါ်လိုက်အုံးမယ် နော် အမ"
"ဘင်လေး ရေ omma တို့ပြန်ကြရအောင် "
"omma ကလဲ ဆော့လို့မဝသေးဘူး ကိုကို နဲ့ဆော့ချင်သေးတယ် ဒီနေ့ ဒီမှာပဲ အိပ်လို့ရဘူးလား omma🥺"
သူမကို ချွဲပီးပြောနေသော သားလေးအား သူမကြည့်ပီး စိတ်မကောင်းဖစ်မိသည်။
"ဘင်လေး ကလဲ ကိုကို တို့ကနေ့တိုင်းကစားနေကြတာပဲဟာ မနက်ဖြန် ဆော့လို့ရသေးတယ်လေ "
"အာ...ဟုတ်သားပဲ နက်ဖြန်ကျမှဆော့တော့မယ် ဒီနေ့ ကိုကိုလဲ ဘင်လေးကို လိုက်ဖမ်းနေတာ မောနေမှာပေါ့ "
"omma အာ့ဆို ပြန်မယ် နက်ဖြန်ကျရင် မနက်စောစော ကိုကို့အိမ်ကိုသွားဆော့မယ်နော် "
"ဟုတ်ပါပီ ommaရဲ့ဘင်လေးရယ် မနက်ဖြန်မှဆော့ကြပေါ့" သူမကလေးအပေါ် သူမညာပြောမိ၍ စိတ်မကောင်းဖစ်နေမိသည်။သူမသားလေး လက်ကိုဆွဲပီး jjuni ommaဆီသို့သွား၍ နူတ်ဆက်လေသည်။
"အမရေ ကျွန်မသွားတော့မယ်နော် နေကောင်းအောင်နေနော်"
"ဟုတ်ပါပီ ဘင်လေး ommaရယ် ဟိုရောက်ရင် အမတို့ကို မမေ့နဲ့အုံးနော် သတိရရင် လာလည်ပေါ့"
"ဟုတ်ကဲ့ပါရှင် အာ့ဆိုသွားတော့မယ်နော် ဘင်လေး jjuniလေးကို နူတ်ဆက်လိုက်အုံး"
"ကိုကို သွားတော့မယ် နက်ဖြန်မနက်အစောကြီး လာဆော့မှာနော်"
"ဟုတ်ပါပီ ဘင်လေးရယ် ကိုကိုစောင့်နေပ့မယ်" အသဲယားလွန်းလို့ ဘင်လေးပါးလေးဆွဲပီး ပြောလိုက်သည်။
ဘင်လေးကလဲ သူပါးဆွဲတာကိုသဘောကျပီး တခစ်ခစ်နဲ့ ရီလေသည်။
ကလေးနှစ်ယောက်ကိုကြည့်ပီး စိတ်မကောင်းဖစ်နေသည်မှာ မိခင်နှစ်ဦးပင်ဖစ်သည်။
~~~~~<~~~~~~~~~~~~~~~~~~~~~~~~<~~~~~~~
မနက်3နာရီရောက်သော် အိပ်ယာပေါ်မှာအိပ်နေသော သူမ၏ကလေးအားနိုးလိုက်သည်။
"ဘင်လေးရေ omma သားလေးထတော့"
"ommaကလဲ အစောကြီးရှိသေးတယ် ဘင်လေးအိပ်ချင်တယ်" မျက်လုံးမပွင့်တစ်ပွင့်ဖြင့် အိပ်ယာပေါ်တွင်ပြန်ဖြေသည်။
"ommaသားလေးက အဲဒါဆို jjuniလေးတို့အိမ်မှာသွားမဆော့တော့ဘူးပေါ့"
"ဟင်👀...သွားဆော့မှာပေါ့ ထပီ ထပီ ဟီးဟီး..."
"Aigoo...ommaသားလေးက jjuniလေးဆိုတာနဲ့ တန်းထတော့တာပဲ" "ကယ် ဒါဆို မျက်နှာသွားသစ်ကြမယ်"
~~~~~~~~~~~~~~~~~~~~<<~~~~~~~~~~~~~~~~~~
"ကယ်...ဒီသားမိတွေ ပီးပီလား သွားကြရအောင်"
"ပီးပါပီ ရှင်ကလဲ ဘင်လေးကိုရေချိုးပေးနေလို့ပါ"
"appa အထုတ်တွေနဲ့ ဘယ်သွားကြမလို့လဲ ကိုကိုjjuniတို့အိမ်သွားမှာမဟုတ်ဘူးလား"
"ဟင်...jjuniတို့အိမ် appaတို့ အဲ့အိမ်ကိုသွားမှာမဟု အား...."ဘင်လေးappa ပြောနေသည်ကို သူမကလေးစိတ်မကောင်းဖစ်မှာဆိုး၍ သူမယောကျ်ား ဗိုက်ကိုဆွဲလိမ်လိုက်ပီး "ဘင်လေးကိုအဲ့လိုပဲပြောထားတာ မဟုတ်ရင် ဘင်လေးစိတ်မကောင်းဖစ်လိမ့်မယ်" ဘင်လေးမကြားအောင်တိုးတိုးလေးပြောလေသည်။
အဲဒီတော့မှ ဘင်လေးappaလဲနားလည်သွားပီး jjuniအိမ်သို့သွားမည် ဟုပြောလေသည်။ထိုအခါမှ ဘင်လေးလဲ ပျော်ပျော်ကြီးလိုက်သွားလေသည်။
ကလေးတစ်ယောက်ကတော့ သူ့ရဲ့ကိုကိုဆီသွားတယ်ထင်ပီး ပျော်ပျော်ကြီးကားပေါ်သို့လိုက်သွားလေသည်။
~~~~~~~~~~~~~~~~~<~~~~~~~~~~~~~~~~~~~~~~
မနက်ရောက်သော်jjuniလေး အိပ်ယာနိုးပီး အိမ်အောက်ထပ်ဆင်းပီး မနက်စာလာစားသည်။
"ဟယ် jjuniလေး ဒီနေ့စောလှချည်လား" အမြဲအိပ်ယာထရင် နေဖင်ထိုးမှထတဲ့ သူက အစောကြီးထနေလို့ သူမတအံ့တဩမေးမိသည်။
"ommaကလဲ မနေ့ကဘင်လေးပြောတယ်လေ ဒီနေ့ သူစောစောလာမယ်လို့ ဟီးဟီး...အာ့ကြောင့်ထတာ "
ဘင်လေးကသူ့သားလေးနဲ့လာဆော့လို့မရတော့ဘူးဆိုတာ သူမဘယ်လိုပြောပြရမလဲ စဉ်းစားရင်း သူမစိတ်မကောင်းဖစ်မိသည်။jjuniလေးက ဘင်လေးအပေါ် အရမ်းချစ်တာသူမအသိဆုံး သူမသားလေးအချစ်ဆုံးညီလေးက အဝေးကိုရောက်သွားပီဆိုတာ ဘယ်လိုပြောပြရမလဲ ဟု သူမတွေးနေမိသည်။နောက်တော့ သူမအမှန်တိုင်းပဲပြောတော့မည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။
"သားလေး omma ပြောတာ သေချာနားထောင်နော်"
ရုတ်တရက် ommaပြောသောစကားကြောင့်ကြောင်သွားသည်။ဘာများလဲဆိုပီး စိတ်ဝင်စားမိသည်။
"nae omma"
"အခု ဘင်လေးကဒီမှာမရှိတော့ဘူး သူကအဝေးကြီးကိုပြောင်းသွားပီ အာ့ကြောင့်သားလေးနဲ့ ဆော့လို့မရတော့ဘူး"
"ဗျာ....wae...မနေ့က သူသားကိုပြောတယ်လေ အစောကြီးလာဆော့မယ်လို့ ommaကလဲ ဒါမနောက်သင့်ဘူးနော်🥺"
jjuniလေးဟာ မျက်ရည်လေးဝဲပီး သူ၏ommaအားပြောနေသည်။
jjuni ommaမှာလဲ သူ့သားလေးစိတ်မကောင်းဖစ်နေတာကြည့်ပီး သူမပါအလိုလိုဝမ်းနည်းလာသည်။
"သားလေးရယ် မငိုပါနဲ့ တနေ့တော့ သားလေးတို့ပြန်တွေ့ကြမှာပေါ့ သားလေးကံတရားကို ယုံတယ်မလား omma ပြောရဲတယ် သားတို့ တစ်နေ့ပြန်တွေ့ကိုတွေ့ရမယ် နော် omma သားလေး"
သူ၏ommaပြောသော စကားကိုကြားပီး သူအားရှိသွားသည်။ "ကံတရားကို ယုံတယ်မလား"တဲ့ ဟုတ်ကဲ့ ကျွန်တော်ယုံတယ် သေချာပေါက် ဘင်လေးကို ပြန်တွေ့မှာပါ
~~~~~~~~~<~~~~~~~~~~~~~<~~~~~~~~~~~အဝေးကိုသွားနေသူမှာတော့ သူ့ကိုကိုဆီသို့ သွားမယ်ထင်ပီး ပျော်ပျော်ရွှင်ရွှင်ဖြင့်သွားနေသော်လည်း ကျန်ရစ်ခဲ့သောသူမှာတော့ ကံတရားကို ယုံမိ၍ ထွက်သွားသောသူအား စောင့်နေလေသည်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကဲ အခုကတော့ ကလေးဘဝအကြောင်းပဲ ရေးထားတာပါနောက်အပိုင်းကျရင် jjuniလေးအကြောင်း ရေးမှာပါ ဘင်လေးကတော့ LAရောက်နေတာမို့ သူ့အပိုင်းကိုဖျောက်ထားမှာမို့ jjuniလေးက ဘင်လေးမရှိဘဲ သူတစ်ယောက်ထဲ ဘယ်လိုနေမလဲဆိုတာ ပီးတော့ နောက်ထပ် menberတွေကလဲ ဘယ်နေရာမှာပါမလဲဆိုတာ နောက်အပိုင်းတွေကျရင် သိပါလိမ့်မယ်ဒီficလေးက ညီမရဲ့ပထမဆုံးficလေးပါ အစကficပဲဖတ်တာ ရေးမယ်လို့မစဉ်းစားမိဘူး ဒါမဲ့ Yeonbin fic လေးကနဲနဲလေးပဲ တွေ့လို့ ရေးမိသွားတာပါ အခုမှစရေးတာဖစ်လို့ အမှားပါရင်ခွင့်လွှတ်ပေးပါ 🙏🏻🙏🏻🙏🏻 တစ်ခုခုလိုအပ်တာရှိရင်လဲ ပြောလို့ရပါတယ်ရှင် 🙆🏼ပီးတော့ ညီမficလေး ဖတ်ပေးတဲ့သူတွေကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်ရှင် 🤍🤍🤍🤍🤍
YOU ARE READING
True Love
Romanceအကိုရာ ကျွန်တော့မှာတော့ အကို့ကိုနေ့တိုင်းသတိရနေတာ အဲဒါကြောင့် အကိုရှိတဲ့နေရာကို ကျွန်တော်ပြန်လာခဲ့တာ ဒါပေမဲ့ ဘာလို့ အကိုက ကျွန်တော်မရှိဘဲနဲ့နေနိုင်ရတာလဲ [Choi Soobin] ဘင်လေး ကို့ကိုမမှတ်မိတော့ဘူးလား မင်းသိပ်ရက်စက်တယ် ကို ကမင်းကို အရမ်းလွမ်းလွန်းလ...