[Unicode]
နှစ်နှစ်ခန့်ကြာသော်....
At LA
"Binလေးရေ ommaသားလေးတောင် uni တက်ရတော့မှာပဲ သားလေးဘယ်uniတက်ချင်လဲ ommaကို ပြောပါအုံး"
"သား Korea ကSNU မှာပဲတက်ချင်တယ် omma"
"ဟင် ...ဘာလို့လဲ Binလေးရဲ့"
သူမသားလေးပြောတာကို အံ့ဩမိသည်။ ဒီမှာ ကောင်းတဲ့uniတွေမှအများကြီးကို ဘာလို့များKoreaကuniတက်ချင်နေရတာလဲဆိုပီး သူမမေးလိုက်သည်။
"omma ကလဲ သားကYeonjunnie Hyung ကိုလဲတွေ့ချင်နေပီ ပီးတော့ သားတို့တခါမှ Koreaကိုလဲ မပြန်ဘူးလေ အဲ့တော့ သားတို့Korea မြေကိုလဲ လွမ်းတာပေါ့"
သူမသားလေးပြောတာလဲ မှန်ပါတယ် ဒီပြောင်းလာထဲက တခါမှ ကို့မွေးရပ်မြေတောင် မပြန်ရဘူးလေ
"ဟုတ်သားပဲ ommaတို့ ဒီရောက်ထဲက တခါမှမသွားဖစ်ဘူး jjuni ommaလဲ ommaကိုစိတ်များဆိုးနေမလား မသိဘူး လာလည်လို့ပြောထားတာကို "
"စိတ်မဆိုးလောက်ပါဘူး ommaရယ် appaကလဲ အလုပ်တွေရူပ်နေတာဆိုတော့ သူတို့နားလည်မှာပါ"
"ဟုတ်ပါပီ အဲ့ဒါဆို ommaရဲ့ Binလေး ဘယ်နေ့Korea ကိုပြန်မှာလဲ"
"သား မနက်ဖြန် ပြန်မှာ omma "
"ဟင်...သားလေးကလဲ စောလိုက်တာ သားတစ်ယောက်ထဲသွားမှာလား ommaတို့က သားနဲ့ပြန်လိုက်လို့မရဘူးနော် သားappaလဲအလုပ်ရှိသေးတယ် "
"သားတစ်ယောက်ထဲမသွားပါဘူး Taehyun နဲ့ Huening တို့လဲပါပါတယ် ommaရဲ့သူတို့ကသားနဲ့တူတူ SNU မှာပဲတက်ချင်တာတဲ့ သားတို့ငယ်ငယ်ထဲက တူတူပေါင်းလာတဲ့ သူငယ်ချင်းတွေဆိုတော့ ခွဲလို့မရဘူးလေ ဟီးဟီး ...ပီးတော့ အရမ်းလဲမစောပါဘူး ommaရယ် Yeonjunnie Hyung တို့ဆီကိုလဲ သွားရအုံးမယ်လေ "
Taehyun နဲ့ Huening ကသူဒီပြောင်းလာမှ ခင်ကြတဲ့ သူငယ်ချင်းတွေပေါ့ ကျောင်းကို စစရောက်တုန်းက အဖော်မရှိဘူး နိုင်ငံခြားကလူတွေက တော်တော်များတော့ ကျွန်တော်လဲ သိပ်မပြောရဲဘူး အဲ့အချိန် Taehyun နဲ့ Huening က ကျွန်တော့်ကို စကားလာပြောကြရင်း ခင်သွားကြတာ အခုထိပေါ့ဗျာ Huening ကတော့ အမေရိကန်ကပြားတစ်ယောက်ပေါ့ ရုပ်ကချောလဲချောသလို တခါတလေ ချစ်ဖို့ကောင်းပီး ကလေးဆန်တဲ့သူပေါ့ Taehyun ကတော့ Korea လူမျိုးပဲ ဒါမဲ့ သူကLAမှာပဲမွေးတာ သူကတော့စာအရမ်းတော်ပီး ရုပ်ချောတာကြောင့် ကျောင်းမှာနာမည်ကြီးတဲ့တစ်ယောက်ပေါ့ Huening ကတော့ သူ့ageyoတွေကြောင့် နာမည်ကြီးတဲ့ ကောင်လေးပေါ့ ကျွန်တော်ကတော့ ကျောင်းမှာ Kingပေါ့ဗျာ
"ဟုတ်ပါပီ Huening တို့နဲ့တူတူသွားမှာဆိုတော့ ommaလဲ စိတ်ချရတာပေါ့ သားတစ်ယောက်ထဲဆို ommaက စိတ်ပူမိမှာ "
"nae omma အဲ့ဒါဆို သားအထုပ်အပိုးတွေပြင်ဆင်လိုက်အုံးမယ်နော် omma"
"ဟုတ်ပါပီကွယ် ညကျမှ သားappaရောက်မှာဆိုတော့ ညမှပဲ ommaပြောလိုက်မယ်နော်"
"nae"
Soobinတစ်ယောက် uniကို ဒီမှာမတက်ချင်ပဲ Korea ကိုသွားတက်ချင်နေရတာလဲဆိုတော့ သူသိပ်ချစ်တဲ့Yeonjun ကို သူအရမ်းတွေ့ချင်မိသည်။Soobin မှာလဲ နေ့တိုင်း Yeonjun အကြောင်းကိုမစဉ်းစားဘဲမနေနိုင်ဘူး သူ့ရဲ့အကို အခုဆိုရင် ဘယ်လိုပုံစံမျိုးဖစ်နေမလဲဆိုတာ သူသိပ်သိချင်မိလေသည်။အဲ့တာကြောင့်လဲ Korea ကိုပြန်လာခြင်းဖစ်သည်။
"အကို ကျွန်တော် ငယ်ငယ်တုန်းက အကို့ကို မနူတ်ဆက်ဘဲ ထွက်သွားခဲ့ပေမဲ့ အခုအကို့ဆီကိုပြန်လာနေပီ အကို ကျွန်တော့်ကို မမေ့လောက်ပါဘူးနော်..."
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
At Korea
နှစ်နှစ်ကြာပီဆိုတော့ Yeonjun ကSNU တတိယနှစ်တက်ရတော့မှာပါ major ကတော့ စီးပွါးရေးပဲယူထားတာပါ
ဒီ2နှစ်ကြာတော့ Yeonjun နဲ့ Beomgyu လဲခင်မင်ရင်းနှီးမူတွေက အများကြီးတိုးတက်လာပီ အခုလဲYeonjun ကိုBeomgyu က Cafeမှာစကားပြောစရာရှိလို့ဆိုပီး Yeonjun တစ်ယောက်အဝတ်အစားဝတ်ပီး Cafeကိုသွားဖို့ ပြင်ဆင်နေလေသည်။
At Cafe
"Hyung ဒီမှာ" Beomgyu တစ်ယောက် ဆိုင်၏ထောင့်တနေရာကနေ Yeonjun ကိုလှမ်းခေါ်လိုက်သည်။
"Gyu Hyung ကိုဘာပြောစရာရှိလို့လဲ"Yeonjun လဲထိုင်ခုံမှာထိုင်လိုက်ပီး Beomgyu ကိုမေးလိုက်သည်။
"Hyung ရယ် အခုမှရောက်တဲ့ဟာ တစ်ခုခုအရင်မှာပီးမှပြောကြမယ်လေ" ထိုင်ခုံပေါ်မှာထိုင်ပီးပီးချင်း ကျွန်တော့်ကို ဘာပြောမလို့လဲဆိုပီးနူတ်ခမ်းထော်ပီးမေးနေတာ သိပ်ချစ်ဖို့ကောင်းတဲ့hyungကြောင့် ကျွန်တော်ပြုံး၍ပြန်ဖြေလိုက်၏။
နှစ်ယောက်လုံး ကိုစားချင်စရာတွေမှာပီးတဲ့နောက်
"ကဲ အခုမှာပီးပီဆိုတော့ hyungကိုပြောတော့လေ"
"ပြောမှာပေါ့ Hyung ရယ် ကျွန်တော်နောက်အပတ်ဆို uniတက်ရတော့မှာလေ"
"အော် အေးဟုတ်သားပဲ Gyuတောင် uni student ဖစ်ပီပဲ ဒါနဲ့ ဘယ်uniတက်မှာလဲ Gyuရ"
"Hyung တက်တဲ့ SNUမှာပဲ"
"ဟုတ်လား ဘာမေဂျာယူထားလဲ Gyu"
"အနုပညာမေဂျာဗျ အိမ်ကိုတော်တော်ပြောလိုက်ရတယ် Hyung ရာ appaကသဘောမတူဘူးလေ သူ့ကုမ္ပဏီမှာပဲ ကျွန်တော့်ကို လုပ်စေချင်တာ ဒါမဲ့ကျွန်တော်က အဲ့တာတွေဝါသနာမှမပါတာ ကျွန်တော်ငယ်ငယ်ကဖစ်ချင်ခဲ့တဲ့ idolတစ်ယောက်ပဲ ဖစ်ချင်တာလေ အခုတောင်ဒီမေဂျာယူတာ ommaပြောပေးလို့ appaလက်ခံပေးလိုက်ရတာ"
Beomgyu appaက Choi Groupရဲ့CEO တစ်ယောက်ဆိုတော့ သူ့သား idolတစ်ယောက်ဖစ်ချင်တာ ဘယ်လက်ခံနိုင်မလဲ သူ့မိန်းမပြောလို့သာ လက်မခံချင်ပေမဲ့ မလွှဲသာလို့သာလက်ခံလိုက်ရတာ ဘာလို့လဲဆိုတော့Beomgyu ommaကသူ့သားလေးကို သိပ်ချစ်တာလေ အမြဲသူ့သားဆန္ဒကိုဖြည့်ဆည်းပေးတယ် ပီးတော့Beomgyu ကလဲ သားလိမ္မာလေးတစ်ယောက်ဆိုတော့ Beomgyu appa လဲလက်ခံလိုက်ရတာပေါ့
"အော် အဲ့တာဆို Gyuပျော်နေမှာပေါ့ ကိုလိုချင်တဲ့မေဂျာရပီဆိုတော့"
"ဒါပေါ့ ပျော်တာပေါ့ဗျ ဒါနဲ့uniတက်တဲ့နေ့ရောက်ရင် Hyung နဲ့တူတူသွားမယ်နော်"
"အေး သွားကြတာပေါ့ hyungလာခေါ်မယ်လေ Gyuစောင့်နေပေါ့"
"nae Hyung "
~~~~~~~~~~~~~~~~~~~~~~~~~~~~
Uniတက်မယ့်နေ့
Beomgyu တစ်ယောက် ဒီနေ့uniတက်မဲ့နေ့ဆိုတော့ အရင်လို မျက်မှန်ထူထူပုံတုံးတုံးကောင်လေးတစ်ယောက်မဟုတ်တော့ဘူး မျက်မှန်ကိုလဲချွတ်ပီး မျက်ကပ်မှန်တပ်လိုက်တယ် ပီးတော့ ဆံပင်ကိုလဲပုံစံပြောင်းလိုက်တယ် အဝတ်အစားကအစ အကုန်ပြောင်းလိုက်တော့ လုံးဝတခြားသူတစ်ယောက်ဖစ်သွားတာပေါ့ သူလဲအကုန်ပြင်ဆင်ပီးသွားတဲ့အချိန်မှာပဲ Yeonjun ကသူ့အိမ်ကိုရောက်လာတယ်
"Gyu ရေ သားလေး အောက်မှာ Yeonjun လေးရောက်နေတယ်"Beomgyu ommaက အခန်းအပြင်ဘက်ကနေ လာပြောလေသည်
"nae omma လာပီ"Beomgyu လဲ အကုန်ပြင်ဆင်ပီးတာကြောင့် အောက်ထပ်သို့ဆင်းလာလိုက်သည်။
"Woo...ဒီလိုကျတော့ Gyuကချောသားပဲ" Beomgyu တစ်ယောက်ပုံစံပြောင်းသွားတာကိုကြည့်ပီး Yeonjun အံ့ဩမိသည် Beomgyu ကအမှန်တိုင်းပြောရရင် သူပုံစံမပြောင်းထဲက ချောတဲ့ကောင်လေးတစ်ယောက်ပါ ဒါမဲ့ Yeonjun ကတော့ သူ့ရင်ထဲမှာSoobin ပဲရှိတဲ့အတွက် Beomgyu ကိုညီလေးတစ်ယောက်လိုသာ ခင်မိသည်။
"အာ...Hyung ကလဲ" သူ့ကိုချောတယ်လို့ပြောတဲ့Hyungကြောင့် Beomgyu ရှက်ပေမဲ့ ရင်ခုန်မိတာတော့အမှန်ပင်။
ဒီလိုနဲ့နှစ်ယောက်လုံး ကျောင်းကိုတူတူသွားကြတာပေါ့ ကျောင်းလဲရောက်ကောYeonjun ကBeomgyu နဲ့ စကားပြောနေရင်း ကန်တင်းမှာထိုင်နေတဲ့ကောင်လေးတစ်ယောက်ကို သူတွေ့လိုက်သည်။ အဲ့ဒီကောင်လေးက သူတစ်ချိန်လုံးမျှော်နေတဲ့ သူသိပ်ချစ်ရတဲ့သူတစ်ယောက်ဖစ်နေလေရဲ့ Yeonjun တစ်ယောက် သူအံ့ဩမိသည် သူသိပ်ချစ်ရတဲ့ကောင်လေးက အဝေးကနေကြည့်တာတောင် အရင်လိုသေးသေးပိစိလေးမဟုတ်တော့ဘူးဘဲ ရုပ်ကလဲတော်တော်ချောလာတယ် ပီးတော့ ဆံပင်ကလဲ အပြာရောင်ဆိုးထားတယ် Binရာ Korea ကိုပြန်ရောက်တာတောင် ကို့ကိုလာမနူတ်ပါလား ဧကန္တ ကို့ကိုမင်းမေ့သွားတာလား Bin ...Yeonjun တစ်ယောက် Soobin ကိုငေးနေရင်း အလိုလိုမျက်ရည်တွေကျလာမိသည်။Beomgyu တစ်ယောက်Yeonjun ကို စကားပြောနေရင်း လှည့်ကြည့်လိုက်တော့ သူ့Hyung က ကန်တင်းဘက်ကိုကြည့်နေရင်း ငိုနေတာမြင်တော့ သူမေးလိုက်သည်။
"Hyung အဆင်ပြေရဲ့လား ဘာလို့ငိုနေတာလဲဟင်"
"အာ...ဘာမှမဟုတ်ပါဘူး ရွှတ်.. မျက်လုံးထဲဖုန်ဝင်သွားလို့ပါ ဒါနဲ့ Gyu အဆောင်ကိုမသိဘူးမလား Hyung လိုက်ပို့ပေးမယ်လေ"Yeonjun တစ်ယောက် မျက်ရည်တွေကို သုတ်ပီး ပြန်ဖြေလိုက်သည်။
"အော် ဟုတ် အာ့ဆိုသွားကြတာပေါ့ Hyung " Beomgyu တစ်ယောက် Yeonjun လိမ်နေမှန်းသိနေသည်။ငိုနေတဲ့အကြောင်းရင်းကိုမသိပေမဲ့ Hyung နဲ့ခင်လာတာကြာပီဆိုတော့ Hyung မျက်လုံးကိုကြည့်တာနဲ့ ကျွန်တော်သိတာပေါ့ Hyung ရယ် မငိုပါနဲ့လား Hyung ငိုရင် ကျွန်တော့်ရင်ဘက်ထဲက တဆစ်ဆစ်နဲ့ အရမ်းနာကျင်ရတာမို့ Hyung ကိုအမြဲပျော်အောင်ပဲ ထားချင်တာ ကျွန်တော့်ဆန္ဒပါ အခုချိန်မှာ Hyung ကိုချစ်တယ်လို့ဖွင့်မပြောပေမဲ့ အချိန်ကျလာရင် ကျွန်တော် Hyung ကိုဖွင့်ပြောပီး အမြဲပျော်အောင်ပဲထားမှာပါ
အဲ့လိုနဲ့ Yeonjun နဲ့ Beomgyu နှစ်ယောက်လုံးရဲ့ ခံစားချက်တွေကိုမျိုသိမ့်ထားကြတာပေါ့
Yeonjun တစ်ယောက် Beomgyu အဆောင်ကိုလိုက်ပို့ပီး Soobin ထိုင်နေတဲ့ကန်တင်းကိုသွားခဲ့ပေမဲ့ သူချစ်ရတဲ့ကောင်လေးက ထွက်သွားပီတဲ့လေ။
"Bin ကိုကမင်းဆီကို အရောက်လာဖို့ကြိုးစားနေခဲ့တာ အခုတော့မင်းကကို့ဆီပြန်လာပီ ဒါပေမဲ့ ဘာလို့ကို့ကိုလာမတွေ့တာလဲ Bin...."
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
At Soobin side
ဒီနေ့ Soobin တစ်ယောက် သူချစ်ရတဲ့Yeonjun ဆီကိုသွားဖို့ပြင်ဆင်နေလေရဲ့ အမှန်တော့ Korea ရောက်ရောက်ချင်းသွားမလို့ပါပဲ ဟိုငနာလေး Huening က Itaewon Children's Parkကိုသွားချင်တယ်တဲ့လေ Taehyun ရှိတာပဲTaehyun နဲ့သွားဆိုတော့လဲမဟုတ်ဘူး သူငယ်ချင်းဆိုလို့ ဒီသုံးယောက်ထဲရှိတဲ့ဟာ ဘာလို့မင်းကမလိုက်ချင်ရတာလဲ ဆိုပီးစိတ်ကောက်နေလို့ လိုက်ပို့ပေးရသေးတယ် Huening ကသူတို့နဲ့ရွယ်တူပေမဲ့ အရမ်းကလေးဆန်တယ် သူ့အခန်းမှာဆိုလဲ အရုပ်တွေအပြည့်ပဲလေ Taehyun ကတော့သူ့လိုမဟုတ်ဘူး အေးအေးဆေးဆေးနေတဲ့သူမျိုး အသက်ငယ်ပေမဲ့ ရင့်ကျက်တဲ့သူတစ်ယောက်ပေါ့ တခါတလေ သူ့ဆီကနေ ကျွန်တော်အကြံညဏ်တွေတောင်းတယ် ပီးတော့ စာလဲအရမ်းတော်တာလေ ငယ်ငယ်ထဲကပေါင်းလာတာဆိုတော့ ကျွန်တော်တို့သုံးယောက်က ခွဲမရတဲ့ အမြွာတွေပေါ့ဗျာ အဲ့တာကြောင့်ပဲ ကျွန်တော် သူတို့နဲ့လိုက်သွားရတာပေါ့ အခုတော့ သူတို့လည်ချင်တဲ့နေရာတွေ အကုန်သွားပီးပီ ကျောင်းလဲတစ်ပတ်တက်ပီးပီ ဒီနေ့ပိတ်ရက်ဖစ်တာကြောင့် ကျွန်တော်ချစ်ရတဲ့Yeonjun hyungဆီသွားဖို့ သူငယ်ချင်းတွေကို ပြောလိုက်သည်။
"Huening နဲ့ Taehyun ငါအပြင်ခနသွားလိုက်အုံးမယ်နော်"
"Ya!!!Soobin မင်းကဘာလို့ တစ်ယောက်ထဲသွားမှာလဲ ငါတို့လဲခေါ်လေကွာ Dormထဲမှာနေရတာပျင်းတယ်ဟ နော် Binnieနော်လို့"
ထုံးစံအတိုင်း Huening တစ်ယောက် ကလေးတစ်ယောက်လို ဂျီကျနေလေ၏။
"ဟာ မရဘူး အခုကအရေးကြီးကိစ္စရှိလို့သွားမှာ နောက်တခါမှခေါ်မယ်နော် Ning Ning" Soobin တစ်ယောက် Huening ကိုချော့ပီးပြောလိုက်သည်။
"ဟာကွာ မင်းကလဲ ငါတို့ထက်ဘယ်ဟာကအရေးကြီးနေလို့လဲ" Huening တစ်ယောက် စိတ်ကောက်ပီးပြန်ပြောလေ၏။
Soobin လဲ ပြောမရတဲ့အဆုံး Taehyun ကိုသာစစ်ကူခေါ်လိုက်မိသည်။
"Taehyun ရေ လုပ်ပါအုံးကွာ ငါမသွားလို့မဖစ်လို့ပါ "
အဲ့တော့မှTaehyun လဲSoobin ဘက်က ကူပြောပေးလေသည်။
"Huening ah ...ငါတို့အရုပ်သွားဝယ်ကြမလား ဒီနားမှာဟိုတနေ့က အရုပ်ဆိုင်အသစ်ဖွင့်တာ ငါတွေ့ထားတယ် အရုပ်တွေက ချစ်စရာလေးတွေကွ မင်းအကြိုက်တွေကြီးပဲ"
"ဟာ ဟုတ်လား မင်းကလဲ အစထဲကမပြောဘူးကွာ အဲ့လိုမှန်းသိရင် အကျင့်ပုတ်Soobin နောက် ဘယ်လိုက်ပ့မလဲ" Huening တစ်ယောက် အရုပ်ဆိုတာနဲ့ ချက်ချင်းကိုပြောင်းသွားတော့တာပဲ
"ကဲ Ning Ningလေး အဆင်ပြေပီမလား ဒါဆို ငါသွားတော့မယ်နော် ပြန်လာမှ မုန့်ဝယ်ခဲ့မယ် " Huening လေးSoobin နောက်မလိုက်တောာ့ဘူး ပြောလိုက်သောကြောင့် Soobinနူတ်ဆက်၍ Yeonjun အိမ်သို့ သွားလေသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Soobin တစ်ယောက် Yeonjun အိမ်ကိုသူမမှတ်မိဘူးလေ သူLAပြောင်းသွားတုန်းက ငယ်သေးတာကို အခုတောင် သူ့ommaပေးတဲ့လိပ်စာအတိုင်းသွားနေတာပေါ့ အခုသူ့ommaပေးတဲ့လိမ်စာထဲက လမ်းကိုရောက်လာပီ လမ်းထဲဝင်ခါနီး လမ်းထိပ်နားက ပန်းခြံထဲမှာ Soobinမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် အံ့ဩပီး လက်ထဲကအထုပ်တွေတောင်ပြုတ်ကျသွားသည်။သူမြင်လိုက်တဲ့မြင်ကွင်းက သူချစ်ရတဲ့အကိုက တခြားကောင်လေးတစ်ယောက်ကို ရင်ခွင်ထဲမှာ ထည့်ထားပီး ဖက်နေတာတဲ့လေ Soobinတစ်ယောက် အဲ့တာကိုမြင်တော့ စိတ်တွေတိုနေမိသည်။သူစိတ်တွေတိုနေပေမဲ့ သူ့ရင်ထဲမှာတော့သေမတက်နာကျင်နေမိ၍ လုံးဝနာကျင်မူကိုမထိန်းနိုင်တဲ့အဆုံး ပါးပြင်ပေါ်မှ မျက်ရည်လေးတွေက မကြိုဆိုပဲနဲ့ သူ့အလိုလိုကျလာတော့သည်။
"တောက်စ်!!!.အကို သိပ်ရက်စက်တယ် ကျွန်တော့်မှာ အကို့ကိုနေ့တိုင်း တစ်ရက်မှမမေ့ဘဲ သေမတက်လွမ်းနေခဲ့တာ
အကိုသိလား အကို့ကိုကျွန်တော်နေ့တိုင်းလွမ်းလို့ကျခဲ့တဲ့မျက်ရည်တွေက အခုတော့အလကားဖစ်သွားပီဆိုတာ
အကိုသိလား ကျွန်တော်LAမှာနေတုန်းက ကောင်မလေးချောချောလေးတွေ ကျွန်တော်ကိုလာကြိုက်တာတောင် ကျွန်တော့်ငြင်းလိုက်တာတွေ
အဲ့တာဘာလို့လဲဆိုတော့ အကို့ကိုကျွန်တော်သိပ်ချစ်လို့ပေါ့ဗျာ...
အခုတော့ အကိုက တခြားကောင်လေးတစ်ယောက်ကို ရင်ခွင်ထဲထည့်ထားနေပီပေါ့နော် ရပါတယ် အကိုက ကျွန်တော့်ကို မေ့နေမှာတော့ ကျွန်တော့်ဆန္ဒကို ဘေးဖယ်ထားပီး ကျွန်တော်လဲ အကို့လိုပဲ နေပေးရတော့မှာပေါ့ ...."
~~~~~~~<~~~~~~~~~~~~~~~~~~~~
Soobin တစ်ယောက် Yeonjun နဲ့ဘယ်သူ့ကို တွေ့လို့ဒီလောက်တောင် Yeonjun ကိုမုန်းသွားရတာလဲ
Yeonjun ကကော ဘာလို့ ကောင်လေးတစ်ယောက်ကို ဖက်ထားတာလဲ နောက်အပိုင်းမှာ မျှော်.....
~~~~~~~~~~~~~~~~~~~~~~~~~~~~
မျှော်နေတဲ့သူအတွက် နောက်တစ်ပိုင်း upပေးလိုက်ပါပီနော် ဒီficထဲမှာ Huening ကို ကလေးဆန်တဲ့ ကောင်လေးအဖစ်ရေးထားတာပါ ညတုန်းကတင်တဲ့ Blue Hour Teaser 2မှာ Huening ဝတ်ထားတဲ့ပုံက ကလေးလေးနဲ့တူလို့ စိတ်ကူးပေါက်ပီး ရေးလိုက်တာပါ ဖတ်ပေးတဲ့သူကော voteပေးတဲ့သူကော RLထဲထည့်ပေးတဲ့သူတွေကော ကျေးဇူးအများကြီးတင်ပါတယ်လို့ 🤍
YOU ARE READING
True Love
Romanceအကိုရာ ကျွန်တော့မှာတော့ အကို့ကိုနေ့တိုင်းသတိရနေတာ အဲဒါကြောင့် အကိုရှိတဲ့နေရာကို ကျွန်တော်ပြန်လာခဲ့တာ ဒါပေမဲ့ ဘာလို့ အကိုက ကျွန်တော်မရှိဘဲနဲ့နေနိုင်ရတာလဲ [Choi Soobin] ဘင်လေး ကို့ကိုမမှတ်မိတော့ဘူးလား မင်းသိပ်ရက်စက်တယ် ကို ကမင်းကို အရမ်းလွမ်းလွန်းလ...