[ Unicode ]
ဒီနေ့ ပိတ်ရက်ဖစ်တာကြောင့် Yeonjun အိမ်မှာ အိပ်ရေးဝဝအိပ်နေတဲ့အချိန် ရုတ်တရက် ဖုန်းသံကြောင့် နိုးလာသည်။
"ဟာကွာ...ပိတ်ရက်လေးမို့ ကောင်းကောင်းအိပ်မလို့ဟာ စိတ်ညစ်လိုက်တာကွာ" Yeonjun တစ်ယောက် သူ့အိပ်ယာရဲ့ ဘေးမှာရှိတဲ့ ဖုန်းကိုကိုင်ပီး content nameလေးကြည့်လိုက်တော့ "ညီလေး Gyu" ဖစ်နေလေသည်။ တခါမှ မနက်စောစောဖုန်းမဆက်တဲ့သူတစ်ယောက် ရုတ်တရက်ဖုန်းဆက်လိုက်တော့ သူလဲအံ့ဩမိ၍ ဖုန်းကိုင်လိုက်သည်။
"ဘာ !!! ဟုတ်လား အခု ဘယ်မှာလဲ Hyung လာခဲ့မယ်" Yeonjun တစ်ယောက် Gyuပြောတဲ့စကားကို မယုံနိုင်ဖစ်နေသည်။Gyu ပြောလိုက်တာက သူ့ommaဆုံးသွားပီတဲ့ မဖစ်နိုင်ဘူး အရင်အပတ်ကပဲ ကျွန်တော့်Gyuအိမ်မှာ Gyuကို သွားခေါ်တော့ သူ့ommaကအကောင်းကြီးပါ ကျွန်တော့်ကိုတောင် Gyuလေး Uniစတက်တာမလို့ သူ့သားလေးကို ဂရုစိုက်ပေးပါလို့တောင် ပြောသေးတယ် ချက်ချင်းကြီး ဒီသတင်းကြားလိုက်ရတော့ ကျွန်တော်တောင်မယုံနိုင်တာ Gyuဆို ဘယ်လိုလုပ်မလဲYeonjun လဲGyuကို စိတ်ပူမိ၍ မျက်နှာသစ်ပီး အဝတ်အစားတောင်မလဲဘဲ ထွက်လာလိုက်သည်။
ကျွန်တော်လဲ Gyuပြောတဲ့ ဆေးရုံကိုရောက်တော့ တွေ့လိုက်ရတဲ့မြင်ကွင်းက Yeonjun တစ်ယောက်မယုံနိုင်ဖစ်နေလေသည်။အအေးခန်းထဲမှာ Gyu ommaရဲ့အလောင်းကို ပိတ်စဖြူလေးအုပ်ထားပီး ဘေးနားမှာ Gyu appaနဲ့ Gyu တို့နှစ်ယောက် ငိုနေတာကို တွေ့လိုက်ရသည်။ကျွန်တော်လဲ Gyuဆီကိုသွားပီး သူ့ကိုနှစ်သိမ့်ပေးလိုက်သည်။
"Gyu...Hyung ရောက်လာပီလေ မငိုပါနဲ့တော့ Gyuရာ Hyung ရှိတယ်လေ"
"Hyung ...ကျွန်တော့်ommaက မသေသေးဘူးမလား ဒီတိုင်းပင်ပန်းလို့ အိပ်နေတာမလားဟင် ရွှတ် "
"Gyu ရယ် ..." Yeonjun လဲ အဖြစ်အပျက်တွေမယုံကြည်နိုင်သောကြောင့် Gyuကို ဘာမှမပြောနိုင်ဘဲ ဒီအတိုင်း သူ့ကိုဖက်ထားလိုက်သည်။ Gyuလဲငိုထားသောအရှိန်ကြောင့် အိပ်ပျော်သွားပီး ခနကြာတော့ Gyu appaက
"Yeonjun သား ...မနက်ထဲက Gyu လေးက ဘာမှမစားရသေးဘူး ဦးမိန်းမအတွက် ပြင်ဆင်စရာလေးပြင်ပေးရမှာမလို့ သူ့ကို နေ့လည်စာ ကျွေးပေးပါအုံး သားရယ် ဦးရဲ့ကဒ်လေး ယူသွားလိုက်နော်"
"ရပါတယ် ဦး ကျွန်တော်ပဲကျွေးလိုက်ပါမယ် ဦးလဲပင်ပန်းနေတာမလို့ ခနနားပီးမှ လုပ်စရာရှိတာလုပ်ပါ "
"အခုလို ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ကွာ သူ့မှာအဖော်ဆိုလို့ သားတစ်ယောက်ပဲရှိတာ အရင်ကသူ့ommaက သူ့ကိုအမြဲအချိန်ပေးပီး သူ့သားပျော်အောင်ပဲထားပေးတာ ဦးက ကုမ္ပဏီအလုပ်နဲ့မလို့ အချိန်မပေးနိုင်ဘူး အာ့ကြောင့် ဦးရဲ့သားလေးကိုလဲ စောင့်ရှောက်ပေးပါနော် "
"စိတ်ချပါ ဦး ကျွန်တော်Gyuကို ညီလေးအရင်းတစ်ယောက်လို စောင့်ရှောက်ပေးပ့မယ်ဗျာ ကျွန်တော်ကတိပေးပါတယ် ဦး"
"ကျေးဇူးပါသားရယ် အဲ့ဒါဆို ဦးလုပ်စရာရှိတာလေးတွေ လုပ်လိုက်အုံးမယ်နော်"
"nae ဦး ဒါဆို ကျွန်တော်Gyuကို ခေါ်သွားလိုက်မယ်နော်"
"အေးအေး"
"Gyu ရေ ထတော့ Hyungတို့ ထမင်းသွားစားကြရအောင်"
"ဟင့်အင်း Hyung ကျွန်တော်စားချင်စိတ်မရှိဘူး ဟင့်အင်း ကျွန်တော်စားလို့ဝင်မှာမဟုတ်ဘူး "
"Gyu အဲ့လိုမဆိုးနဲ့ကွာ မင်းဒီလိုပုံစံဖစ်နေတာကို မင်းommaက သဘောကျမယ်များ ထင်နေသလား မင်းအခုထဲက အားမရှိမှတော့ ကောင်းကင်ပေါ်က မင်းommaလဲ ဘယ်စိတ်ချမ်းသာမလဲ အနည်းဆုံး မင်းommaမျက်နှာထောက်ပီး နဲနဲတော့စားလိုက်ပါကွာ..."
Yeonjun တစ်ယောက် Gyuကို စားသောက်ဆိုင်ထဲ ခေါ်သွားလိုက်သည်။
~~~~~~~~~~~~~~~
ညနေရောက်တော့ Gyuက သူတို့လမ်းထိပ်က ပန်းခြံမှာ တစ်ယောက်ထဲ လမ်းလျှောက်ချင်တယ်ပြောသောကြောင့် ကျွန်တော်လဲ ပန်းခြံကခုံပေါ်လေးမှာ ထိုင်ပီး သူ့ကိုစောင့်နေမိသည်။Gyu လမ်းလျှောက်လို့ပီးသွားတော့ ကျွန်တော့်ဘေးနားကို လာထိုင်လေသည်။
"ကျေးဇူးတင်ပါတယ် Hyung..."
"ဟင်...ဘာအတွက်လဲ Gyu"
"ကျွန်တော်အမြဲဒုက္ခရောက်နေတဲ့အချိန်တိုင်း ကျွန်တော့်ဘေးမှာ Hyungရှိနေပေးလို့"
"Gyuရယ် Hyungကိုကျေးဇူးတင်စရာမလိုပါဘူး Hyungတို့က ညီအစ်ကိုတွေပဲဟာ"
Guy's POV - ကျွန်တော်တို့ကညီအစ်ကိုတွေပဲလား Hyung နဲနဲလေးမှ ကျွန်တော့်ကို ညီအစ်ကိုထက်မပိုဘူးလား ဘာပဲဖစ်ဖစ် ဒီနေ့အတွက် Hyungကိုကျေးဇူးအများကြီးတင်ပါတယ် တနေကုန်ကျွန်တော့်ဘေးနားမှာနေပီး နှစ်သိမ့်ပေးလို့ ....
ရုတ်တရက် Gyuတစ်ယောက် သူ့ommaကို သတိရသွားတာကြောင့် မျက်ရည်တွေက ပါးပေါ်ကိုစီးကျလာသည်။
Yeonjun လဲ Gyuငိုနေတာကြောင့် သူလဲ ဘာမှမပြောဘဲ Gyuကို သူ့ရင်ခွင်ထဲထည့်၍ ဖက်ထားလိုက်သည်။
"Hyung...ကျွန်တော်ဘယ်လိုလုပ်ရမလဲ ကျွန်တော့်ကိုအရမ်းချစ်ပီး ဂရုစိုက်ပေးတဲ့ ommaက မရှိတော့ဘူး အီးဟီး..."
"ငိုလိုက် Gyu ငိုသာငိုချလိုက် တခါတလေကျရင် ကြိတ်ပီးခံစားနေရတာထက် ငိုလိုက်ရင်ပိုအဆင်ပြေတယ်"Yeonjun တစ်ယောက် သူ့ရင်ခွင်ထဲမှာ ငိုနေသောကောင်လေးအား နှစ်သိမ့်ပေးနေမိသည်.....
ထိုမြင်ကွင်းကိုမြင်လိုက်တဲ့ Soobinတစ်ယောက်ကတော့ Yeonjun ဟာသူ့ကိုမေ့သွားပီ ထင်၍ စိတ်မကောင်းဖစ်နေလေသည်။အကယ်၍ Soobinသာ Yeonjun က Beomgyu ကို ညီလေးတစ်ယောက်လိုသာ သဘောထားပီး ဖက်ထားခဲ့တယ်ဆိုတာ သိခဲ့မယ်ဆိုလျှင်....
~~~~~~~<<~<~<<~~~~~~
Soobin တစ်ယောက် ရင်ထဲသိပ်မကောင်းတာကြောင့် သူ့ရဲ့Dormရှိရာသို့ ပြန်လာလိုက်တော့သည်။
Dormကိုရောက်တော့ ကျွန်တော်မျက်နှာမကောင်းမှန်း သိနေတဲ့ သူငယ်ချင်းနှစ်ယောက်က ကျွန်တော့်ကိုစိတ်ပူပီး မေးခွန်းတွေဆက်တိုက်မေးနေကော
"င့Binnie လေး ဘာတွေဖစ်လာတာလဲ နေမကောင်းဘူးလား မျက်နှာကလဲ ငိုထားတာလား င့Binnie ကို ဘယ်သူကငိုအောင်လုပ်လိုက်တာလဲ "Huening က စိတ်ပူ၍မေးလိုက်သည်။
Taehyun ကလဲ "Soobin မင်းသွားတုန်းကယူသွားတဲ့ အထုပ်တွေ ဘာလို့ပြန်ယူလာတာလဲ မင်းမှာ ဘာကိစ္စတွေများရှိနေလို့လဲ မင်းအဆင်မပြေရင် င့ကိုပြောလို့ရတယ်လေကွာ ငါတို့ကသူငယ်ချင်းတွေပဲဟာ"
တကယ်ပါ ကျွန်တော်တစ်ခုခုအဆင်မပြေတိုင်း ကျွန်တော့်ကို အမြဲစိတ်ပူပေးပီး ဂရုစိုက်ပေးတဲ့ သူငယ်ချင်းနှစ်ယောက်ကြောင့် ကျွန်တော်ဝမ်းသာမိသည်။အကိုYeonjun လဲ ကျွန်တော့်ကို အဲ့လိုဂရုစိုက်ပေးရင်သိပ်ကောင်းမှာပဲ Soobinတစ်ယောက် Yeonjun အကြောင်းတွေးလိုက်တော့ သူ့မျက်နှာကချက်ချင်းပင်ညိုးကျသွားသည်။မျက်လုံးထဲမှာ အကိုနဲ့ကောင်လေးတစ်ယောက်ဖက်နေတာ ကိုပြန်မြင်ယောင်မိတာကြောင့် ဝမ်းနည်းမိပြန်သည်။သူလဲ တစ်ယောက်ထဲနေချင်သောကြောင့် Huening နဲ့Taehyun ကို
"ငါအဆင်ပြေပါတယ်ကွာ အခုတော့ ငါပင်ပန်းနေပီမလို့ နားလိုက်အုံးမယ်" ပြောလိုက်၍ သူ့အခန်းထဲသို့ ဝင်သွားလေသည်။
Huening နဲ့Taehyun က Soobin ကိုငယ်ငယ်ထဲကပေါင်းလာတာကြောင့် သူလိမ်ပြောမှန်းသိသော်လည်း သူလွတ်လွတ်လပ်လပ်ဖစ်အောင် အခန်းထဲသို့ လွှတ်ပေးလိုက်ခြင်းဖစ်သည်။
Soobin လဲအခန်းထဲရောက်ကော အိပ်ယာပေါ်မှာ အိပ်မည် လုပ်သော်လည်း မျက်လုံးထဲက အကိုနဲ့ကောင်လေးတစ်ယောက်ရဲ့မြင်ကွင်းက ပေါ်ပေါ်လာတာကြောင့် မျက်ရည်တွေစီးကျနေပီး နူတ်ဖျားကလဲ "ဘာလို့ ကျွန်တော့်ကိုမေ့သွားရတာလဲ အကို...."ဟု ထပ်ခါထပ်ခါမေးနေမိသည်....
~~~~~~~~~~~~~~~~
ဒီနေ့ကျောင်းတက်ရမယ့်နေ့ဖစ်တာကြောင့် Yeonjun တစ်ယောက် Gyuကို သွားခေါ်နေသည်။Gyuရဲ့အိမ်ရောက်တော့ အိမ်အကူအဒေါ်ကြီးက တံခါးလာဖွင့်ပေးပီး အိမ်ထဲဝင်သွားတော့ ဘယ်သူမှမရှိဘူး တိတ်ဆိတ်နေသောကြောင့် အဒေါ်ကြီးကို Yeonjun မေးလိုက်သည်။
"အဒေါ်ကြီး ဒီနေ့ Gyuကျောင်းတက်မှာမလားဟင်"
"အေး တက်မှာပေါ့ သားလေးရဲ့ Gyuလေးလဲ သနားပါတယ် သူ့ommaကဆုံးသွားတော့ သူ့ကိုဂရုစိုက်ပေးမဲ့သူလဲမရှိဘူးကွယ် သူ့appaကလဲ အလုပ်ပဲလုပ်နေတာ ညကအိမ်တောင်ပြန်မလာဘူး Gyuလေးတစ်ယောက် တော်တော်အထီးကျန်နေတာမလို့ Gyuလေးကို သားလေးက ဂရုစိုက်ပေးပါနော်"
"ဟုတ်ကဲ့ အဒေါ်ကြီး ကျွန်တော်ဂရုစိုက်ပေးပ့မယ် ဒါနဲ့ Gyuကော သူ့အခန်းထဲမှာလား"
"အေး အခန်းထဲမှာ သားလေး"
"ဟုတ်ကဲ့ ဒါဆို ကျွန်တော်သွားခေါ်လိုက်အုံးမယ်နော် အဒေါ်ကြီး"
"အေးအေး သားလေး"
ကျွန်တော်လဲ Gyuအခန်းဆီသွားပီး တံခါးခေါက်လိုက်တော့ အခန်းထဲကထွက်လာတဲ့ Gyu
"ဟာ ...Hyung တောင်ရောက်နေတာပဲ ဒါဆို ကျွန်တော်တို့ သွားကြမယ်လေ"
"အေးအေး"
~~~~~~~~~~~~~~~~~~~~
ကျောင်းရောက်တော့ Gyuက
"Hyung ကျွန်တော့်အခန်းထဲထိလိုက်ပို့ပေးစရာမလိုပါဘူး အဆောင်ထိဆိုရပါပီ"
"ဟာ မရပါဘူးကွာ Hyungပဲ အခန်းထဲထိ လိုက်ပို့ပေးပ့မယ် တော်ကြာ အထက်တန်းတုန်းကလို Gyuကို တခြားကောင်တွေ အနိုင်ကျင့်ရင် ဘယ်လိုလုပ်မလဲ"
"Hyung ကလဲ ကျွန်တော်က ကလေးမဟုတ်တော့ပါဘူး ကျွန်တော့်ကို လာအနိုင်ကျင့်လို့ကတော့ သိုင်းကွက်တွေနဲ့ ပြန်ချပစ်မှာ ဟီးဟီး..."
"ဟားဟား...Gyuကတော့ကွာ " Yeonjun တစ်ယောက် Gyuနဲ့စကားပြောနေရင်း ကောင်လေးတစ်ယောက်နဲ့ဝင်တိုက်မိသည်။သူလဲစကားပြောနေရင်းမမြင်ဘဲ တိုက်မိသွားကြောင့် တောင်းပန်ရန်ကောင်လေးကိုမော့ကြည့်လိုက်တော့ သူအရမ်းတွေ့ချင်နေတဲ့ကောင်လေးတစ်ယောက်ဖစ်နေလေသည်။ဟိုတစ်ပတ်ကGyuအခန်းထဲကိုလိုက်ပို့ပေးနေရတာကြောင့် ကန်တင်းမှာမတွေ့လိုက်ရပေမဲ့ ဒီနေ့သူတွေ့လိုက်ရတာကြောင့် ဝမ်းသာပီး
"Bin" လို့ခေါ်ခဲ့ပေမဲ့ သူကတော့ ကျွန်တော့်ကိုမသိချင်ယောင်ဆောင်သွားတယ် ဘာလို့ကိုယ့်ကို မမှတ်မိရတာလဲ Bin....
~~~~~~~~~~~~~~~~~~~~~~~~
At Soobin side
ဒီနေ့ Taehyun နဲ့ ကျွန်တော် Huening အခန်းထဲကို လိုက်ပို့ပီး အပြန်လမ်းမှာ အကိုနဲ့တိုက်မိခဲ့တယ် ဟိုတနေ့က အကိုနဲ့ဖက်နေတဲ့ကောင်လေးနဲ့ စကားတွေပြောပီး ဘာတွေဒီလောက်သဘောကျနေလဲမသိဘူး ကျွန်တော့်ကိုတောင် ဝင်တိုက်မိလေရဲ့ တိုက်ပီးတော့လဲ ကျွန်တော့်ကို "Bin"လို့ခေါ်လိုက်သေးတယ် အဟက် ...ရီရသားပဲ ဘေးမှာသူ့ကောင်လေးတစ်ယောက်လုံးရှိတဲ့ဟာကိုလေ ကျွန်တော်လဲ အမြင်ကပ်ပီး မသိချင်ယောင်ဆောင်ပီး ထွက်သွားလိုက်တယ်။
ထွက်သွားပီးခနကြာတော့ Taehyun က
"Soobin ခုနကမင်းကိုဝင်တိုက်မိတစ်ယောက်က မင်းနဲ့အသိတွေလား"
"ဟင်...ဘာလို့လဲဟ"
"မင်းမကြားဘူးလား ခုနကမင်းကိုBinလို့ခေါ်လိုက်တယ်လေ မင်းမကြားလိုက်လို့ မမြင်ချင်ယောင်ဆောင်လိုက်တာလား"
"အော်...အဲ့တာလား ငါကြားတယ် တမင်မမြင်ချင်ယောင်ဆောင်လိုက်တာ"
"Soobin င့ကိုအမှန်တိုင်းဖြေ အဲ့တစ်ယောက်က မင်းပြောပြောနေတဲ့အကိုမလား"
Soobin ငယ်ငယ်ထဲကTaehyun ကိုYeonjun အကြောင်းပြောပြောနေကြဆိုတော့ သူကအကုန်သိတဲ့အတွက်ကြောင့် Soobin ကိုမေးလိုက်ခြင်းဖစ်သည်။
Soobinလဲ Taehyun အကုန်သိတဲ့အတွက်ကြောင့် အမှန်တိုင်းပဲဖြေလိုက်သည်။
"ဟုတ်တယ် Taehyun ရာ သူကငါပြောနေတဲ့ အကိုပဲ"
"ဟုတ်လား ဒါဆိုမင်းဘာလို့ သူ့ကိုမနူတ်ဆက်ရတာလဲ"
"ငါပိတ်ရက်က အရေးကြီးကိစ္စရှိလို့ အပြင်သွားတယ်လေ အဲ့တာအမှန်တော့ ငါကအကို့ဆီကိုသွားတာ ဒါမဲ့ဟာ ငါအကို့ဆီလာတာနောက်ကျသွားတယ် ထင်ပါရဲ့ အကို့မှာကောင်လေးရှိနေပီ ငါအဲ့တာကြောင့် သူနဲ့စကားမပြောချင်တော့တာ ပြောရင်လဲ ငါအကို့ကိုဆက်ချစ်နေမိလိမ့်မယ် အာ့ကြောင့် အခုထဲကဘာမှမဖစ်ခဲ့သလိုပဲနေတာက င့အတွက်အကောင်းဆုံးပါပဲဟာ.."
Soobinတစ်ယောက်ပြောနေရင်းမျက်ရည်တွေဝဲလာတော့ Taehyun လဲနှစ်သိမ့်ပေးလိုက်သည်။
"အခုချိန်မှာ မင်းအဆင်မပြေပေမယ့် တစ်ချိန်ချိန်မှာတော့ မင်းအဆင်ပြေသွားမှာပါကွာ ပီးတော့မင်းကတစ်ယောက်ထဲမဟုတ်ပါဘူး ငါနဲ့Huening လဲ မင်းဘေးမှာရှိပါတယ်ကွာ အာ့ကြောင့် ဝမ်းနည်းမနေပါနဲ့ Aigooo...ငါတို့Soobinလေး ကလေးကြနေတာပဲ မငိုနဲ့တော့နော် လာ ငါတို့အတန်းထဲသွားရအောင် အတန်းနောက်ကျနေအုံးမယ်"
"omm...ကျေးဇူးပါပဲကွာ Taehyun ရာ င့မှာ မင်းလိုသူငယ်ချင်းမျိုးရှိတဲ့အတွက် ငါပျော်တယ်သိလား အခုကစပီး
ငါမင်းတို့နဲ့ပဲ ပျော်ပျော်နေတော့မယ်"
"ဟုတ်ပါပီကွာ အတန်းပီးရင် ငါတို့တွေHuening ကိုခေါ်ပီး ရေခဲမုန့်သွားစားကြမယ်နော် အခုတော့အတန်းထဲသွားကြမယ်"
x x x x x x x x
ကလေးတွေcomeback နဲ့ မအားတာကြောင့် အရေးအသားမကောင်းရင် miyanပါနော် ပီးတော့ အခုcbက ကလေးတွေအများကြီးကြိုးစားထားတာကြောင့် နေ့တိုင်းMV stream ပေးကြပါလို့ Voting Appတွေလဲdownပီးvoteပေးကြပါနော် အားလုံးပဲ Fighting 🙆🏼
VOUS LISEZ
True Love
Roman d'amourအကိုရာ ကျွန်တော့မှာတော့ အကို့ကိုနေ့တိုင်းသတိရနေတာ အဲဒါကြောင့် အကိုရှိတဲ့နေရာကို ကျွန်တော်ပြန်လာခဲ့တာ ဒါပေမဲ့ ဘာလို့ အကိုက ကျွန်တော်မရှိဘဲနဲ့နေနိုင်ရတာလဲ [Choi Soobin] ဘင်လေး ကို့ကိုမမှတ်မိတော့ဘူးလား မင်းသိပ်ရက်စက်တယ် ကို ကမင်းကို အရမ်းလွမ်းလွန်းလ...