Part 6

410 57 5
                                    

[ Unicode ]
Yeonjun တစ်ယောက် Beomgyu နဲ့စကားပြောနေရင်း ရုတ်တရက် ကောင်လေးတစ်ယောက်ကို မမြင်ဘဲ ဝင်တိုက်မိ၍ တောင်းပန်ရန် မော့ကြည့်လိုက်တော့ သူချစ်ရတဲ့ Choi Soobin ဆိုတဲ့ကောင်လေးတစ်ယောက်ဖစ်နေလေသည်။ Yeonjun တစ်ယောက်အံ့ဩမိ၍ နူတ်ဖျားမှ Bin ဟု ခေါ်လိုက်သော်လည်း သူချစ်ရတဲ့ကောင်လေးမှာ သူ့ကိုတောင် လှည့်မကြည့်ဘဲ ထွက်သွားတာကို မြင်၍ Yeonjun မျက်နှာချက်ချင်းပင် ညိုးသွားလေသည်။

(Yeonjun's side)
ကျွန်တော်လဲ Binနဲ့နောက်တခါထပ်တွေ့ရလို့ ဝမ်းသာနေပေမယ့် ကျွန်တော့်ကိုဂရုမစိုက်ဘဲ ထွက်သွားတော့ စိတ်မကောင်းဖစ်မိတယ် ဒါမဲ့အခုသူက ကျွန်တော်နဲ့နီးတဲ့နေရာကို ပြန်ရောက်လာတဲ့အတွက် ကျွန်တော် သူ့အကြောင်းတွေစုံစမ်းပီး Bin ကျွန်တော့်ကို မှတ်မိလာအောင် ကျွန်တော်ပြန်လုပ်မယ်

(Beomgyu's side)
ကျွန်တော်နဲ့Hyung စကားပြောနေရင်း Hyung ကကောင်လေးတစ်ယောက်နဲ့ဝင်တိုက်မိပီး တောင်းပန်မလို့လုပ်နေတာကို ဂရုမစိုက်ဘဲ ထွက်သွားသည့် ကောင်လေးကို လှည့်ကြည့်လိုက်ပီး Hyung ကိုပြန်ကြည့်လိုက်တော့ Hyung မျက်နှာလေး ညိုးသွားတာကို မြင်လိုက်ပီးကျွန်တော် စိတ်မကောင်းဖစ်မိတယ် ခုနကအကိုဝင်တိုက်တဲ့ကောင်လေးကို ကျွန်တော်မှတ်မိတယ် ဘာလို့လဲဆိုတော့ ဟိုတခါ ကျွန်တော်တို့ တက္ကသိုလ် စတက်တဲ့နေ့ Hyungနဲ့ကျွန်တော်စကားပြောနေရင်း Hyung ကကန်တင်းမှာ ထိုင်နေတဲ့ ကောင်လေးကိုငေးကြည့်နေပီးရုတ်တရက်Hyung မျက်ရည်တွေဝဲလာတော့ ကျွန်တော်စိတ်ပူမိပီး Hyung ကို မေးလိုက်သေးတယ် ပီးတော့ ကန်တင်းမှာထိုင်နေတဲ့ကောင်လေးက Hyung နဲ့ဝင်တိုက်မိတဲ့ကောင်လေးဖစ်နေတယ်လေ နောက်ပီး Hyung ကအမြဲအဲ့ကောင်လေးနဲ့တွေ့တိုင်း Hyung မျက်နှာမှာ ဝမ်းနည်းမူတွေ ပြည့်နေတာကို ကျွန်တော်တွေ့တယ် ကျွန်တော်သိချင်တယ် Hyung အဲ့ကောင်လေးက Hyung နဲ့ဘယ်လိုပတ်သတ်လဲဆိုတာ ဘာလို့Hyung ကသူနဲ့တွေ့တိုင်း စိတ်မကောင်းဖစ်နေရတာလဲဆိုတာ ကျွန်တော်သိချင်မိတယ် Hyung......

Yeonjun တစ်ယောက် Beomgyu ကို အခန်းထဲထိ လိုက်ပို့ပေးပီးသူ့အဆောင်ကိုပြန်သွားလေသည်။ Beomgyu လဲ အခန်းထဲရောက်တော့ သူ့နေရာမှာ သွားထိုင်မလို့လုပ်တော့ သူ့ဘေးနားကထိုင်ခုံမှာကောင်လေးတစ်ယောက်ထိုင်နေတော့ Beomgyu အံ့ဩမိသည်။ အရင်အပတ်က သူတစ်ယောက်ထဲထိုင်တာဆိုတော့ အခုသူ့ဘေးနားမှာကောင်လေးတစ်ယောက် လာထိုင်နေတော့ သူဝမ်းသာမိသည်။Beomgyu ကျောင်းမှာတုန်းက အမြဲအနိုင်ကျင့်ခံရပီး သူနဲ့ဘယ်သူမှအပေါင်းအသင်းမလုပ်ဘဲ တစ်ယောက်ထဲနေရတာကို မိတ်ဆွေဆိုလို့ Yeonjun တစ်ယောက်ပဲရှိတာပေါ့ Beomgyu လဲ ဝမ်းသာပီး သူ့ထိုင်ခုံမှာ သွားထိုင်လိုက်တော့ သူ့ဘေးနားကထိုင်ခုံမှာထိုင်တဲ့ကောင်လေး ရုပ်လေးက ကပြားရုပ်လေးနဲ့ ချစ်ဖို့ကောင်းပီး ကလေးဆန်တဲ့ပုံလေးနဲ့ Beomgyu ကို အရင်လာနူတ်ဆက်လေသည်။
Huening - အာညော်...ငါတို့သူငယ်ချင်းလုပ်ကြမလား ငါ့နာမည်က Kai Kamel Huening ပါ Huening လို့ခေါ်လို့ရပါတယ်
Beomgyu - ငါ့မှာလဲ သူငယ်ချင်းမရှိတော့ ခင်ကြတာပေါ့ ကွာ ငါ့နာမည်က Choi Beomgyu ပါ ဒါနဲ့ မင်းကို အရင်အပတ်က မတွေ့မိဘူးနော်
Huening - အာ....အဲ့တာက ငါင့သူငယ်ချင်းတွေနဲ့ လျှောက်လည်နေလို့ ဟီးဟီး
Beomgyu - အော် မင်းမှာအဲ့လိုသူငယ်ချင်းရှိတော့ ငါအားကျတယ်ကွာ င့မှာတော့အဲ့လိုသူငယ်ချင်းမျိုးမရှိဘူး
Huening - ဟုတ်လား အာ့ဆို ငါနောက်နေ့တွေဘယ်သွားသွား မင်းကိုခေါ်မယ်လေ င့သူငယ်ချင်းကလဲ အများကြီးမဟုတ်ပါဘူးကွာ နှစ်ယောက်ပဲရှိတာ ပီးတော့ သူတို့ကအရမ်းခင်ဖို့ကောင်းတယ် ငါတို့ဒီနေ့အတန်းပီးရင် မိတ်ဆက်ပေးမယ်လေ
Beomgyu - ကျေးဇူးပါ Huening ရာ မင်းကြောင့် ငါလဲသူငယ်ချင်းတွေရတော့မယ်
Huening - ဟားဟား...ဟုတ်ပါပီ အခုတော့ ဆရာလာနေပီ စာသင်ကြရအောင်
Beomgyu - omm

True Love Where stories live. Discover now