[ Unicode ]
ဒီနေ့ Yeonjun တစ်ယောက်စောစောနိုးနေသည်။အကြောင်းရင်းကတော့ သူ့Binလေးကြောင့်ပင်ဖြစ်သည်။ဒီနေ့ကျောင်းမှာ Binလေးစားဖို့အတွက် မုန့်တွေဝယ်ပီး သူ့ကိုပေးချင်တာကြောင့် စောစောထခြင်းပင်ဖြစ်သည်။အမြဲအိမ်ကomma နိုးမှထတဲ့သူတစ်ယောက်က Choi Soobin ဆိုတဲ့ကောင်လေးတစ်ယောက်ကြောင့် အမူအကျင့်တွေပြောင်းကုန်၏။Yeonjun လဲ ကျောင်းသွားဖို့ပြင်ဆင်ပီးတာကြောင့် အောက်ထပ်ကို ဆင်းလာလေသည်။သူ့ommaက မနက်စာပြင်ဆင်နေရင်း Yeonjun ကိုတွေ့တော့
"jjuni appaရေ ဒီနေ့တော့ ကျွန်မတို့ ထီထိုးရအောင်"ဟုပြောလေသည်။
မနက်စာစားနေတဲ့ Yeonjun appaက ထီထိုးခိုင်းနေတဲ့ မိန်းမကြောင့် ကြောင်ပီး မေးလိုက်လေသည်။
"ဘာဖစ်လို့လဲ မိန်းမရဲ့"
"ဟိုမှာကြည့် ရှင့်သား အစောကြီး နိုးနေတယ် "ဟု Yeonjun ommaက ပြောလိုက်တော့
Yeonjun appaလဲ အံ့ဩမိ၍
"မိန်းမရေ မင်းပြောသလိုပဲ ငါတို့ထီထိုးသင့်တယ်" ဟု ပြန်ပြောလေသည်။
Yeonjun တစ်ယောက် ထမင်းစားခန်းထဲမှာ သူ့ကိုကြည့်ပီး တိုးတိုးပြောနေတဲ့ သူ့မိဘတွေကြည့်ပီး
"appa နဲ့ omma သားကိုကြည့်ပီး ဘာတွေအတင်းတုပ်နေတာလဲ" ဟုမေးလိုက်တော့ သူ့ommaက
"ommaသားလေး ဒီနေ့အစောကြီးနိုးနေပါလား ပြောစမ်းပါအုံး ဒီနေ့ကျောင်းမှာ ဘာရှိလို့လဲ ခါတိုင်း ommaနိုးမှထတဲ့ဟာ"
Yeonjun တစ်ယောက် တစ်ချက်ပြုံးလိုက်ပီး
"အော်...အဲ့ဒါလား ကျောင်းမှာဘာမှမရှိပါဘူး ဒါမဲ့ ommaတို့ကို ပြောစရာရှိတယ်"
"ပြောပါအုံး appaသားလေး မုန့်ဖိုးကုန်သွားလို့များလား"ဟု Yeonjun appaမေးလိုက်တော့
"မဟုတ်ပါဘူး သားမုန့်ဖိုးတွေရှိပါသေးတယ် အခုပြောမှာက အဲ့အကြောင်းမဟုတ်ဘူး"
အမြဲပြောစရာရှိတယ်ဆိုတိုင်း မုန့်ဖိုးတောင်းနေတဲ့သူတို့သားက မုန့်ဖိုးအကြောင်းမဟုတ်ဘဲ တခြားအကြောင်းဆိုတော့ Yeonjun မိဘနှစ်ယောက်လုံး စိတ်ဝင်စားလေ၏။
"ommaသားလေးက မုန့်ဖိုးအကြောင်းမဟုတ်ဘူးဆိုတော့ ဘာအကြောင်းပြောမလို့လဲ "
"အခု Binလေးက ဒီကိုပြန်ရောက်နေပီ ommaရဲ့"
"ဟယ် ...Binလေးလား နေပါအုံး သားကဘယ်လိုသိတာလဲ" Yeonjun ommaက ဝမ်းသာ၍ မေးလိုက်သည်။
"သူက သားတက်နေတဲ့SNUမှာ တက်နေတာ ommaရဲ့ "
"ဟုတ်လား အဲ့ဒါဆို Binလေးကို အိမ်ကိုခေါ်လာပါအုံး သားရယ် omma က Binလေးကို သတိရနေတာ"
"သားညီလေးက အရင်လို ချစ်စရာလေးပဲလား"ဟု Yeonjun appaကမေးလိုက်လေသည်။
Yeonjun တစ်ယောက် Binလေးအကြောင်းပြောလိုက်တာနဲ့ သူ့appaကောommaကော Binလေးအကြောင်းကိုမေးနေတာကြည့်ပီး သဘောကျ၍ပြုံးလိုက်မိသည်။
"nae omma သားခေါ်လာခဲ့ပ့မယ် အိမ်ကိုရောက်လာမှပဲ Binလေး ဘာတွေပြောင်းသွားလဲ appaတို့ သိလိမ့်မယ်"
"အမလေးဟယ် သူ့ညီအကြောင်းမေးနေတာကို လျှို့ဝှက်ချင်နေသေးတယ် ပီးရော ပီးရော သားသာ Binလေးကို ရအောင်ခေါ်လာခဲ့ အခုတော့ မုန့်စားလိုက်အုံး"
"nae omma"

JE LEEST
True Love
Romantiekအကိုရာ ကျွန်တော့မှာတော့ အကို့ကိုနေ့တိုင်းသတိရနေတာ အဲဒါကြောင့် အကိုရှိတဲ့နေရာကို ကျွန်တော်ပြန်လာခဲ့တာ ဒါပေမဲ့ ဘာလို့ အကိုက ကျွန်တော်မရှိဘဲနဲ့နေနိုင်ရတာလဲ [Choi Soobin] ဘင်လေး ကို့ကိုမမှတ်မိတော့ဘူးလား မင်းသိပ်ရက်စက်တယ် ကို ကမင်းကို အရမ်းလွမ်းလွန်းလ...