[ Unicode ver ]
နှစ်တွေတဖြည်းဖြည်းကြာလာသော်အခါ အခုဆိုဆိုရင် Choi Yeonjun ဆိုသောကလေးတစ်ယောက်ဟာအထက်တန်းနောက်ဆုံးနှစ်(တတိယနှစ်)ကျောင်းသားတစ်ယောက် ဖစ်နေပီ။ ကျောင်းကနူတ်ခမ်းနီမလေးတွေအသဲစွဲ စီနီယာ အကိုကြီးတစ်ယောက်ပေါ့ ။ဒါပေမဲ့ သူကတော့ သူ့ကိုထားသွားတဲ့ Choi Soobin ဆိုတဲ့ကောင်လေး တစ်ယောက်သာ သူ့ရင်ထဲမှာရှိလေသည်။ Choi Soobin တစ်ယောက်သူ့ကိုထားသွားပီးထဲက သူကအရင်လိုလိမ္မာတဲ့ ကလေးတစ်ယောက် မဟုတ်တော့ပေ။ ကျောင်းမှာလဲ အမြဲရန်ဖစ်ပီး ဘယ်သူနဲ့မှမတည့်ဘဲ သူ့ဘာသူ တစ်ယောက်ထဲပဲ နေလေ၏။ သူဟာ သူများတွေနဲ့ မတည့်ပေမဲ့ စာတော့ကြိုးစားလေသည်။ သူဟာစာတော်တဲ့သူတစ်ယောက်ဖစ်တဲ့အတွက် အတန်းထဲကလူတွေက သူ့ကိုနားမလည်ကြပေ။ ဒီလောက်အတန်းချိန်မှာ စာကိုစိတ်မဝင်စားတဲ့သူတစ်ယောက်က စာအတော်ဆုံးသူ တစ်ယောက်ဖစ်နေရတာလဲဆိုတာ အကုန်လုံးကသိချင်နေကြသည်။ သူဘာလို့စာကြိုးစားတာလဲဆိုတော့ သူ့သိပ်ချစ်ရတဲ့ သူ့ရဲ့ကောင်လေးဆီကို ရောက်အောင်သွားဖို့အတွက်ပင် ဖစ်သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Yeonjun omma - jjuni လေး သားရေထတော့ နောက်ကျနေပီ ကျောင်းသွားရမယ်လေ
Yeonjun - အင်း...omma ကလဲ တစ်မိနှစ်လောက် အိပ်အုံးမယ် နော်
Yeonjun omma - မရတော့ဘူး ထတော့ နင်ဟာလေ အမြဲတမ်း နင့်ကိုနိုးနေရတယ် တခါမှ ကို့ဘာသာကို မထဘူး ဟဲ့ ဟဲ့ ငါထတော့လို့ ပြောနေတယ်လေ Choi Yeonjun!!! သူမစိတ်တို၍ သူ့သားနားရွက်ကို ဆွဲလိမ်လိုက်တော့သည်။
Yeonjun - အား....omma ထပီ ထပီ omma ကလဲ သားက တစ်မိနှစ်ပဲ အိပ်မယ်လို့ပြောတာကို
Yeonjun omma - တော်ပီ လျှာမရှည်နဲ့တော့ အခုရေသွားချိုး ပီးရင် မနက်စာလာစား သွား သွား...
Yeonjun - nae nae
Yeonjun မနက်စာစားပီး ကျောင်းသို့ သွားနေသည်။ ကျောင်းရောက်သော် အတန်းထဲတွင် ဝင်ထိုင်လိုက်သည်။ သူလဲအတန်းထဲရောက်ပီး ခနအကြာ ဆရာ ဝင်လာလေသည်။ ဆရာ ကစာသင်နေသော်လည်း Yeonjun မှာ စိတ်မဝင်စားဘဲ သူအိပ်ရေးပျက်နေသောကြောင့် ခုံပေါ်တွင် မှောက်အိပ်လိုက်သည်။ အတန်းထဲက လူတွေက သူ့ကိုကြောက်သဖြင့် ဘယ်သူမှမတိုင်ကြပေ။ Yeonjun တစ်ယောက်တစ်မနက်လုံးအိပ်နေ၍ မုန့်စားဆင်းချိန်ရောက်မှသာ နိုးလာတော့သည်။ (သူကအိပ်သာအိပ်တာ မုန့်စားဆင်းချိန်ဆို ကွက်တိဒေါင်ခနဲ ထလာတာ 🤣)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

YOU ARE READING
True Love
Romanceအကိုရာ ကျွန်တော့မှာတော့ အကို့ကိုနေ့တိုင်းသတိရနေတာ အဲဒါကြောင့် အကိုရှိတဲ့နေရာကို ကျွန်တော်ပြန်လာခဲ့တာ ဒါပေမဲ့ ဘာလို့ အကိုက ကျွန်တော်မရှိဘဲနဲ့နေနိုင်ရတာလဲ [Choi Soobin] ဘင်လေး ကို့ကိုမမှတ်မိတော့ဘူးလား မင်းသိပ်ရက်စက်တယ် ကို ကမင်းကို အရမ်းလွမ်းလွန်းလ...