Part 9

395 49 6
                                    

[ Unicode ]
Soobin နဲ့ Taehyun တို့အတန်းပီးသွားတာကြောင့် Huening အဆောင်သို့ သွားနေကြသည်။ဒီနေ့ တစ်နေ့လုံး Soobin တစ်ယောက်မျက်နှာက ပြုံးစိစိနဲ့ ဖစ်နေတော့ Taehyun တစ်ယောက် တော်တော်အမြင်ကပ်နေလေသည်။
မနက်တုန်းကလဲ ကျွန်တော်note book ကျန်ခဲ့လို့သွားယူတာ ပြန်လာတော့ Soobin ကိုမတွေ့လို့ စိတ်တိုပီး ဖုန်းနဲ့အော်လိုက်တော့ အငတ်ကောင်က လက်မှာမုန့်ထုပ်ပိုက်ပီး ပြေးလာတယ်လေ။ ပီးတော့ရုပ်ကလဲ ပြုံးစိစိနဲ့ ။အခုလဲ Huening အဆောင်ကိုသွားနေတာ ဘာတွေစဉ်းစားနေလဲမသိဘူး ကျွန်တော့်ကိုတောင် စကားမပြောဘဲနဲ့ တွေးနေတာလေ ကျွန်တော်လဲ သူစကားမပြောလဲ နားအေးတယ်ဆိုပီး လမ်းလျှောက်နေရင်း Soobin ကစကားလာပြောလေသည်။
"Taehyun ah...ငါငယ်ငယ်ထဲက သဘောကျတဲ့အကိုတစ်ယောက်ရှိတယ်လေ "
"အေး သိတယ်လေ မင်းတောင် ဟိုတစ်နေ့က အဲ့တစ်ယောက်နဲ့တိုက်မိသေးတယ်လေ ပြောပါအုံး သူကဘာဖစ်လို့လဲ "
"င့ကို ချစ်တယ်တဲ့"
"ဘာ!!!!မင်းပြောတော့ သူ့မှာရည်းစားရှိတယ်ဆို ဘာလို့ သူကအဲ့လိုလာပြောတာလဲ မင်းနော် အဲ့လိုရူပ်တဲ့ကောင်ဆို အရောမဝင်နဲ့"
"အကို့မှာ ရည်းစားမရှိဘူးတဲ့ ဟိုနေ့ကငါတွေ့လိုက်တဲ့တစ်ယောက်က သူ့ညီလေးတဲ့ ဟီးဟီး....ငါလွဲသွားတာ"
"Soobin မင်းကတော့ကွာ သေချာနားလည်အောင်မလုပ်မှတော့ အထင်တွေလွဲကုန်မှာပေါ့ ကဲပါ အဲ့တာတွေ ထားလိုက် သူကချစ်တယ်ပြောတော့ မင်းကဘာပြောလိုက်လဲ ချက်ချင်းတော့မပေးဘူးမလား "
"ဒါပေါ့ ငါကဘာလို့ ချက်ချင်းပေးရမှာလဲ နဲနဲတော့မူရတာပေါ့ ဒါမဲ့ သူပြောတုန်းက င့မှာရင်တွေခုန်ပီး အပျော်လွန်သွားတာ င့ရုပ်ကို မနဲပြန်ထိန်းလိုက်ရတယ် သူရိပ်မိမှာဆိုးလို့ "
" မင်းကသူ့ကို ဘယ်တော့အဖြေပေးမှာလဲ "
"အဖြေပေးတဲ့နေ့ကိုစောင့်လို့ပဲ ပြောထားတယ် ပီးတော့ မနက်ကငါယူလာတဲ့ မုန့်ထုပ်က အကိုဝယ်ပေးတာလေ ဟီးဟီး..."
"အော်...မင်းကအဲ့တာကြောင့် တစ်နေကုန်ပျော်နေတာကို အဲ့တာဆို င့ကိုဘာလို့မနက်ထဲက မပြောတာလဲ"
"ငါပြောမလို့ပဲလေ မင်းဟာမင်း စာတွေကြီးပဲလိမ့်သင်နေတာကို ငါပြောမယ်လုပ်တော့ ဆရာလာပီ နောက်မှပြောဆို အဲ့တာကြောင့် မပြောဖစ်တာဟ"
"တော်ပီ စကားမများနဲ့တော့ Huening ဆီမြန်မြန်သွားရအောင် တော်ကြာ သူ့အသံပြဲကြီးနဲ့ အော်နေအုံးမယ်"
"အေး ပီးရော"
~~~~~~~~~~~~~~~~~~~~~~
Huening နဲ့Beomgyu တို့ အတန်းပီးသွားတာကြောင့် Huening သူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးမယ်ဆိုလို့ Beomgyu တို့နှစ်ယောက် အဆောင်အောက်မှာစောင့်နေကြသည်။
"Huening ah ငါ ဖုန်းသွားပြောလိုက်အုံးမယ်နော်"
"အော် အင်းအင်း"
Beomgyu ကYeonjun ကို လာကြိုရန် ဖုန်းသွားပြောနေတဲ့အချိန် Soobin နဲ့Taehyun တို့လဲ Huening အဆောင်သို့ရောက်လာကြလေသည်။
"အော်...ကိုယ်တော်တို့ ကြွလာကြပီလား တခါမှမြန်မြန်မလာဘူး မင်းတို့နှစ်ကောင်လမ်းမှာ ကိုက်နေကြလို့ နောက်ကျနေတာမလား " Huening တစ်ယောက် သူ့သူငယ်ချင်းနှစ်ယောက် ဟောက်လိုက်လေသည်။
"Huening Kai...တော်ပီနော် ငါထပ်စကားမများချင်ဘူး " Taehyun တစ်ယောက် သူတို့အချင်းချင်း စကားမများခင် အရင်ပိတ်လိုက်လေသည်။
"Huening ah ...မင်းမိတ်ဆက်ပေးမယ်ဆိုတဲ့ သူငယ်ချင်းကော" Soobin ကသိချင်တာကြောင့် မေးလိုက်သည်။
"ရှိတယ် ဟိုဘက်မှာ ဖုန်းသွားပြောနေတာ ပီးရင် လာလိမ့်မယ်" ဆိုပီး Huening က သူတို့နဲ့ မနီးမဝေးနေရာကနေ ဖုန်းပြောနေသော Beomgyu အား လက်ညိုးထိုး၍ ပြောပြလေသည်။
Taehyun တစ်ယောက် ဖုန်းပြောနေတဲ့ကောင်လေးရဲ့နောက်ကျောလေးကို မြင်တော့ သူတစ်ရင်းတစ်နှီး မှတ်မိနေလေသည်။
( Taehyun's pov
ငါ သူ့နောက်ကျောကိုတော်တော်မြင်ဖူးသလိုပဲ ဘယ်မှာတွေ့တာပါလိမ့် ) ဆိုပီး Taehyun တစ်ယောက် Beomgyu ရဲ့နောက်ကျောကို စိုက်ကြည့်နေလေသည်။

True Love Opowieści tętniące życiem. Odkryj je teraz