[ Unicode ]
Taehyun တစ်ယောက် သူ နေမကောင်းတာကြောင့် အခန်းထဲမှာ မှေးနေပီး ခဏကြာတော့ သူမနက်က ဆေးမသောက်ရသေးတာကြောင့် အခန်းထဲက ပြန်ထွက်လာပီး ဧည့်ခန်းထဲမှာ ဂိမ်းဆော့နေတဲ့ Huening ကိုပဲ သူတွေ့သည် သူချစ်ရတဲ့ကောင်လေးကိုတော့ မတွေ့မိတာကြောင့် Huening ကိုမေးလိုက်သည်။"Huening မင်းတစ်ယောက်ထဲလား Yeonjun Hyung တို့ကော"
"Yeonjun Hyung နဲ့ Soobin က dateသွားလုပ်ကြတယ် Beomgyu က အခုလေးတင် ပြန်သွားပီ ဒါနဲ့ မင်းသက်သာလား ဆေးကောသောက်ပီးပီလား"
"ငါဆေးမသောက်ရသေးဘူး အခုဆေးသွားဝယ်မလို့ "
"မင်းက နေမှမကောင်းတာ ငါပဲသွားဝယ်လိုက်ပ့မယ်"
"နေပါစေ ရပါတယ် Huening ရာ ငါလမ်းလျှောက်ပီး လေညှင်းခံချင်လို့ မင်းဘာသာ ဂိမ်းကစားနေနော် ငါသွားပီ"
Taehyun တစ်ယောက် သူဆေးသွားဝယ်နေရင်း သူ့စိတ်ထဲမှာ Beomgyu ကိုစိတ်မချဖစ်နေသည်။ Beomgyu က သူ့အိမ်ကိုမပြန်တက်လို့ ကျောင်းက အဆောင်အောက်မှာတစ်ယောက်ထဲ ထိုင်ငိုနေတဲ့သူဆိုတော့ စိတ်မချတာကြောင့် ဆေးထုတ်လေးကိုင်ပီး Beomgyu ကို လိုက်ရှာနေရင်း တစ်ဖက်က ကားလာတာကို မမြင်ဘဲ လမ်းလျှောက်နေတဲ့ Beomgyu ကို တွေ့လိုက်တော့ သူ ချက်ချင်းပဲ Beomgyu ဆီကို အပြေးသွားပီး Beomgyu ကို တွန်းလိုက်တော့ ကားက Taehyun ဆီကို တည့်တည့်ရောက်လာပီး ဝင်တိုက်မိသွားသည်။
ဒုန်းးးးးး!!!!
Taehyun ခန္ဓာကိုယ်လေးက အဝေးလွင့်ထွက်သွားပီး လမ်းပေါ်ကို ပြန်ကျလာတော့ သူ့ဘေးမှာ သွေးတွေရဲရဲတောက်စီးဆင်းနေလေသည်။ပီးတော့ သူဝယ်လာတဲ့ ဆေးထုပ်လေးမှာလဲ ကြမ်းပြင်ပေါ်မှာ ပြန့်ကြဲနေလေသည်။Taehyun ရဲ့ ခန္ဓာကိုယ်လေးက နာကျင်နေပေမဲ့ သူချစ်ရတဲ့ကောင်လေးGyuကို ပြုံးပြီးကြည့်နေသည်။Taehyun တစ်ယောက် သူ့ဆီကို စိုးရိမ်တဲ့မျက်လုံးလေးနဲ့ ပြေးလာတဲ့ Beomgyu ကို တွေ့လိုက်ရတော့ သူ့စိတ်ထဲ အရမ်း ဝမ်းသာမိသည်။
"ဒီလိုကျတော့လဲ Gyu က ကျွန်တော့်ကို စိတ်ပူသားပဲ" ဆိုပီး Gyuရဲ့ မျက်နှာလေးကို ကျွန်တော် ငေးကြည့်မိသည်။
ပီးတော့ ကျွန်တော့်ဆီကိုပြေးလာပီး ကျွန်တော့်ခန္ဓာကိုယ်လေးကို သူလာဖက်လိုက်တော့ ကျွန်တော့်ရင်ထဲ အရမ်းကိုနွေးထွေးသွားသလိုခံစားလိုက်ရတယ် ကျွန်တော်အရမ်းပျော်တယ် ကျွန်တော်ချစ်တဲ့ Gyuကကျွန်တော့်ကို ဖက်ထားတယ် ဒါမဲ့ သူပြောတဲ့စကားတွေကို ကျွန်တော်မကြားရတော့ဘူး ကျွန်တော့်ခန္ဓာကိုယ်ကလဲ တဖြည်းဖြည်းအားလျော့လာသလို မျက်ခွံတွေအရမ်းလေးလာပီး နောက်ဆုံး ကျွန်တော့်ကမ္ဘာကြီး အမှောင်ကျသွားတော့လေသည်..........

JE LEEST
True Love
Romantiekအကိုရာ ကျွန်တော့မှာတော့ အကို့ကိုနေ့တိုင်းသတိရနေတာ အဲဒါကြောင့် အကိုရှိတဲ့နေရာကို ကျွန်တော်ပြန်လာခဲ့တာ ဒါပေမဲ့ ဘာလို့ အကိုက ကျွန်တော်မရှိဘဲနဲ့နေနိုင်ရတာလဲ [Choi Soobin] ဘင်လေး ကို့ကိုမမှတ်မိတော့ဘူးလား မင်းသိပ်ရက်စက်တယ် ကို ကမင်းကို အရမ်းလွမ်းလွန်းလ...