Part 10

402 51 4
                                    

[ Unicode ]
" ငါ မင်းကို ချစ်တယ် Gyu..."
Taehyun ကရုတ်တရက် Beomgyu ခါးကို လှမ်းဖက်လိုက်တော့ သူ့ခြေလှမ်းတွေရပ်တန့်သွားလေသည်။အချိန်ခဏတာ Beomgyu ငြိမ်နေပီး သူစဉ်းစားနေလေသည်။နောက်တော့ Beomgyu က
" င့မှာ မင်းအတွက်မဖြေမရှိဘူး " လို့ပြောပီး
သူ့ခါးကလက်ကို ဖယ်လိုက်ပီး အခန်းထဲသို့ဝင်သွားလေသည်။ Beomgyu ရဲ့ စိတ်ထဲမှာတော့
(တောင်းပန်ပါတယ် Taehyun င့မှာ မင်းထက်အရင်ချစ်ရတဲ့သူတစ်ယောက်ရှိနေလို့ပါ တကယ်လို့သူနဲ့သာမတွေ့ခဲ့ရင် မင်းကို ချစ်မိလိမ့်မယ်ထင်တယ် ....)
ကျန်ခဲ့တဲ့ Taehyun ကတော့ သူလဲကြိုးစားပီး ဖွင့်ပြောခဲ့ပေမယ့် အရာမထင်တာကြောင့် ဝမ်းနည်းပီး ဧည့်ခန်းထဲကိုသာ သွားလေသည်။

အခန်းထဲဝင်သွားတဲ့ Beomgyu လဲ သူ့ကိုယ်သူ မေးခွန်းတွေကြီးပဲ ဆက်တိုက်မေးနေမိသည်။နောက်ဆုံးတော့ သူလဲ တစ်နေကုန်ပင်ပန်းနေတဲ့အရှိန်ကြောင့် အိပ်ပျော်သွားလေသည်။

မနက်ရောက်သော် Yeonjun က သူ့ဘေဘီလေးမနက်စာစားဖို့အတွက် ပြင်ဆင်ရန် စောစောနိုးနေသည်။သူလဲထမယ်လုပ်တော့ သူ့ခန္ဓာကိုယ်ကို Soobin လက်နဲ့ ခြေထောက်က ခွထားတာမလို့ သူထလို့မရဖစ်နေလေသည်။
"ဒီကလေး င့ကို ဖက်ခေါင်းအုံးများမှတ်နေလားမသိဘူး သူ့ခန္ဓာကိုယ်ကြီးမှ အားမနာဘဲ ဖက်ထားတာ အားရပါးရကြီး "
Yeonjun လဲသူ့ရှိသမျှအားအကုန်သုံးပီး ဖယ်လိုက်တော့ သူမဟုတ်သလိုပဲ ဟိုဘက်လှည့်အိပ်သွားတဲ့ Soobin လေး။Yeonjun လဲ သူ့ဘေးကအိပ်နေတဲ့ Soobin လေးကို ခနကြည့်လိုက်ပီး
" င့ရဲ့Binလေးက အိပ်နေတာလေးက ချစ်စရာလေးကွာ " လို့ပြောပီး နူတ်ခေါင်းလေးကို ခပ်ဖွဖွ ဆွဲညစ်လိုက်တော့ နူတ်ခေါင်းတစ်ရူပ်ရူပ်နဲ့ အိပ်ပျော်နေတဲ့Soobin လေး။Yeonjun လဲ အိပ်နေတဲ့ သူ့ဘေဘီရဲ့ နဖူးလေးကို နမ်းလိုက်ပီး ရေချိုးခန်းထဲဝင်သွားလေသည်။

Soobin လဲ ခနကြာတော့ ညကမူးနေတဲ့အရှိန်ကြောင့် သူ့ရဲ့ခေါင်းကို ကိုင်ပီး အိပ်ယာထလာတော့သည်။
"အား...ခေါင်းကိုက်လိုက်တာ ဟမ် နေပါအုံး ငါညက မူးပီး ခုံပေါ်မှာ မှောက်အိပ်နေတာပါ ဘယ်လိုလုပ်င့အခန်းထဲရောက်လာတာလဲဟ အော် Taehyun တို့ပို့ပေးတာပဲဖစ်မှာပေါ့" လို့ပြောပီး ဘေးနားကခုံပေါ်က ဆေးဘူးကိုလှမ်းယူလိုက်ပီး သောက်လိုက်လေသည်။မျက်နှာသွားသစ်ရန် အိပ်ယာပေါ်ကထမလို့လုပ်တုန်း ရေချိုးခန်းထဲက အပေါ်ပိုင်းဗလာကျင်းပီး သဘက်တစ်ထည်နဲ့ထွက်လာတဲ့ Yeonjun ကြောင့် Soobin အံ့ဩတဲ့မျက်လုံးဖြင့် ကြည့်နေလေသည်။Yeonjun ခန္ဓာကိုယ်က ကြည့်ကောင်းပီး ဆွဲဆောင်မူရှိတာကြောင့် သူလဲမကြည့်ဘဲမနေနိုင်ဘူးလေ။
Soobin တစ်ယောက် Yeonjun ကို မျက်တောင်မခတ်ဘဲကြည့်နေတာကို Yeonjun သတိထားမိပီး တစ်ချက်ပြုံးလိုက်လေသည်။
"Bin...သတိရောရှိသေးရဲ့လား ကိုယ့်ကိုကြည့်နေတာ မျက်လုံးကြီးလဲ ကျွတ်ကြသွားအုံးမယ် အဲ့လောက်တောင် ကိုယ် ကြည့်ကောင်းနေတယ်ပေါ့"
"နေ...နေပါအုံး ခင်ဗျားက ဘယ်လိုဖစ်လို့ ကျွန်တော့်အခန်းထဲ ရောက်နေရတာလဲ" ဟု အရှက်ပြေ ပြန်မေးလိုက်လေသည်။
( Yeonjun's pov - ဟော...အခုကျတော့ ခင်ဗျားဖစ်သွားပြန်ပီ အကိုဖစ်လိုက် ခင်ဗျားဖစ်လိုက်နဲ့ ဒီကလေးကတော့ကွာ)
Yeonjun တစ်ယောက် ကုတင်ပေါ်မှာထိုင်နေတဲ့Soobin ကိုစချင်တာကြောင့် သူ့ဆီကိုဖြေးဖြေးချင်းသွားလေသည်။
"Bin ကမမှတ်ဘူးလား ညတုန်းက ဘာတွေဖစ်သွားလဲဆိုတာကိုလေ" ဟု ပြောပီး ကုတင်ကို လက်ထောက်လိုက်လေသည်။
သူ့ဆီဖြည်းဖြည်းချင်းလာနေတဲ့ Yeonjun ကြောင့် Soobin အပေါ်ပိုင်းခန္ဓာကိုယ်ကိုသာ နောက်သို့ဆုတ်နေရသည်။(ကုတင်ပေါ်မှာထိုင်နေတာဆိုတော့ ခြေထောက်က ကုတင်အောက်မှာ ခန္ဓာကိုယ်က အပေါ်မှာလေ နားလည်လားမသိဘူး )
"ဟင့်အင်း မမှတ်မိဘူး ကျွန်တော်ညကမူးပီး ခုံပေါ်မှောက်အိပ်သွားတာပဲ မှတ်မိတာ မဟုတ်မှလွဲရော ခင်..ခင်ဗျားကျွန်တော့်ကို..."
"ဘာလဲ ဆက်ပြောလေ ဒီကလေး ဘာတွေလျှောက်စဉ်းစားနေတာလဲ ပေါက်တက်ကရတွေ Binမမှတ်ရင် ကိုယ်မှတ်မိအောင်လုပ်ပေးမယ် "လို့ ပြောပီး Soobin ဆီကို ဆက်တိုးလာတော့ Soobin လဲနောက်ဆုတ်နေရင်း နောက်ဆုံးသူ့ရဲ့ခေါင်းနဲ့ ခေါင်းအုံးထိသွားတော့သည်။
Yeonjun လဲ သူ့အပေါ်ကအုပ်မိုးလိုက်ပီး Soobin ရဲ့ သဘာဝအတိုင်းရဲနေတဲ့ နူတ်ခမ်းဖူးလေးကို အပေါ်တစ်လှည့် အောက်တစ်လှည့်စုပ်ယူပီး နမ်းလိုက်လေသည်။Soobin ခမျာ နမ်းတာအချိန်ကြာလာတော့ သူအသက်ရူကြပ်တာကြောင့် Yeonjun ရင်ဘက်ကို ထုလိုက်လေသည်။အဲ့တော့မှ Yeonjun လဲ လွှတ်ပေးလိုက်တော့
ပါးစပ်ကလေးဟစိဟစိနဲ့ အသက်ရူနေတဲ့ Soobin ကြောင့် Yeonjun ပြုံးလိုက်လေသည်။
"ဘယ်လိုလဲ Bin မှတ်မိသွားပီလား ညတုန်းက Binကိုယ့်ကို အရင်နမ်းတာနော် ပီးတော့ ချစ်တယ်လို့လဲ ပြောသေးတယ် အခုကိုယ့်တို့ ချစ်သူတွေဖစ်သွားပီနော်"
"သွား လူယုတ်မာကြီး သူများက မူးလို့ ဘာမှမသိဘဲ ဖစ်သွားတဲ့ဟာကို ပီးတော့ အခုလဲ သူများကို အသားယူနေတယ် နှာဘူးကြီး" ဆိုပီး Yeonjun ရဲ့ ရင်ဘက်ကို ထုလိုက်လေသည်။
"အယ်...လူလည်လေး ချစ်ရဲ့သားနဲ့ ဘာတွေရှက်ကိုးရှက်ကန်းနဲ့ ပြောနေတာလဲကွာ Bin...ကိုယ့်ကို ချစ်တယ်မလား အဖြေပေးပါတော့ကွာ ကိုယ်လဲအများကြီးစောင့်ပီးပီ နော်...နော်လို့ Bin" ဆိုပီး Ageyoတွေသုံးပီး ချွဲနေတဲ့ Yeonjun ။
Soobin က
"အင်း" လို့ပြန်ပြောတော့
"ဘာအင်းလဲ Binကလဲ ချစ်တယ်လို့ပြောလေကွာ"
"ချစ်တယ်"
"ဟမ် ဘာပြောတာ ကိုယ်မကြားရဘူး ပြန်ပြောပါလား Bin" Yeonjun တစ်ယောက် Soobin ကို ကြားရဲ့သားနဲ့ တမင်မကြားချင်ယောင်ဆောင်လိုက်ခြင်းဖစ်သည်။

True Love Место, где живут истории. Откройте их для себя