Part 3

478 59 4
                                    

[Unicode Ver]
Yeonjun တစ်ယောက် Beomgyu ကိုဝင်ကယ်ပေးလိုက်တာ အခုတော့ဗိုက်ဟောင်းလောင်းဖစ်သွားပီ။ Break Time ပီးသွားပီမလို့ Yeonjun တစ်ယောက်စိတ်ညစ်ညစ်နဲ့ သူ့အတန်းထဲပြန်သွားရတော့သည်။အတန်းထဲရောက်တော့ သူ့ခုံပေါ်မှာထိုင်ပီး သူစဉ်းစားနေမိသည်။
"ငါ ဘာလို့ အဲ့ကောင်လေးကယ်လိုက်ရတာလဲ ငါဗိုက်လောင်းလောင်းဖစ်မယ်ဆိုတာသာ သိရင် ဝင်မကယ်ပါဘူး အခုတော့ သူရဲကောင်းလုပ်လိုက်လို့ ငတ်နေပီ " "ဒါပေမဲ့ ငါမကူညီရင် အဲ့ကောင်လေး ဆေးရုံရောက်သွားမှာ ငါကယ်လိုက်တာလဲ ကောင်းပါတယ်လေ" Yeonjun တစ်ယောက် လေပူတစ်ချက်မူတ်ထုတ်လိုက်ပီး
"ဟူး...ဗိုက်ဆာလိုက်တာကွာ "ဆိုပီး ညည်းနေလေသည်။ ထိုအချိန် အတန်းထဲသို့ ဆရာဝင်လာသည်။ထုံးစံအတိုင်း Yeonjunတစ်ယောက် ခုံပေါ်တွင်သာမှောက်အိပ်လိုက်တော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
At Yeonjun Home
Yeonjun တစ်ယောက် ကျောင်းကပြန်ရောက်တော့ ရေမိုးချိုးထမင်းစားပီး အိပ်ယာပေါ်ဝင်လှဲလိုက်သည်။ Yeonjunက သူညဘက်မအိပ်ခင် အမြဲသူချစ်ရတဲ့သူ့ကောင်လေးSoobin အကြောင်းအမြဲစဉ်းစားတယ် "သူအခုဆိုရင် အရင်လိုမျိုးသေးသေးလေးနဲ့ချစ်ဖို့ကောင်းတဲ့ကောင်လေးများလား ဒါမှမဟုတ်ဘူး ခပ်မိုက်မိုက်ပုံစံများလား သူဟိုမှာနေတာအဆင်ရောပြေပ့မလား င့ကိုရောသတိရပ့မလား " အဲ့လိုမျိုး သူ့ကောင်လေးအကြောင်းကို တွေးပီးမှ အိပ်လေ့ရှိသည်။အခုလဲ သူ့ကောင်လေးအကြောင်း စဉ်းစားနေရင်း အိပ်ပျော်သွားတော့သည်...

(မနက်စာစားချိန်)
Yeonjun omma - jjuniလေး ကျောင်းကစာတွေကော ဘယ်လိုလဲ လိုက်နိုင်ရဲ့လား
Yeonjun - nae omma လိုက်နိုင်တာပေါ့ omma သားပဲလေ ရုပ်ပဲချောတာမဟုတ်ဘူး စာလဲတော်ပီးသား ဟီးဟီး
Yeonjun appa - အမလေး ပြောလိုက်ရင်တော့ အဲ့အတိုင်းပဲ တခါမှစာလုပ်တယ်ဆိုတာ မမြင်ဘူး
Yeonjun - appa ကလဲ သားကအဲ့တာဆို ဘာလို့ Top 10ထဲ ဝင်နေတာလဲ appa သားကစာမလုပ်ပေမဲ့ ညဏ်ကောင်းတယ်လေ
Yeonjun omma - ရှင်ကလဲလေ သားပြောတာအမှန်တွေကြီးပဲ ရှင်ကအလုပ်များနေလို့ သားလေးစာလုပ်တာမမြင်တာပါ ကျမမြင်တယ် သားလေးကိုအဲ့လိုမပြောပါနဲ့
Yeonjun appa -ဟုတ်ပါပီဗျာ ကျတော်မျိုး မှားသွားပါတယ် မယ်တော်ကြီးရယ်
Yeonjun omma - ဘာ!!! ရှင်နော် လာမရွဲ့နဲ့
Yeonjun- ကဲပါ တော်ပါပီ ommaတို့ဘာသာ နောက်မှ အချစ်စမ်းတော့ သားတော့ကျောင်းနောက်ကျနေပီ သွားတော့မယ်
Yeonjun omma- ဟဲ့ ဟဲ့ ငနာလေး မိဘတွေကို ဘယ်လိုတောင်ပြောသွားရတာလဲ
Yeonjun appa- ကဲပါ မိန်းမရယ် စိတ်လျော့စိတ်လျော့ မင်းပဲ ဒီသားလေးတစ်ယောက်ထဲကို တုန်နေအောင်ချစ်ပီးတော့
Yeonjun omma - inn pr
~~~<~~~~~~~~~~~~~~~~~~~~<~~~~~~~~~
Yeonjun တစ်ယောက် သူ့မိဘတွေကိုစနောက်ပီး အိမ်ထဲကပြေးလာတာ အခု ဘတ်စ်ကားဂိတ်တောင်ရောက်နေပီ
သိပ်မကြာပါဘူး ကားရောက်လာတော့ ကားပေါ်တက်လိုက်သည် ကားပေါ်မှာထိုင်နေတုန်း လမ်းပေါ်မှာပြေးနေရင်း ကားရပ်ပေးဖို့ပြောနေတဲ့ကောင်လေးတစ်ယောက်ကို သူတွေ့လိုက်တော့ အနောက်မှာကောင်လေးတစ်ယောက်ကျန်သေးတယ်လို့ ကားဆရာကိုပြောပြလိုက်မှ ကားကရပ်ပေးတော့သည်။Yeonjun လဲ သူပြောပီးတော့ခုံပေါ်ပြန်ထိုင်ပီး နားကြပ်တပ်၍ အပြင်ဘက်ကိုသာကြည့်နေမိသည် ကားပေါ်တက်လာတဲ့ကောင်လေးကိုလဲ သူသတိထားလိမ့်မည် မဟုတ်
At Beomgyu side
Beomgyu-ခန ရပ်ပါအုံး ကျတော်လိုက်မလို့
Beomgyu တစ်ယောက် အိပ်ယာထနောက်ကျ၍ကျောင်းနောက်ကျမည်ဆိုးသောကြောင့် ဘတ်စ်ကားကို မှီအောင်လိုက်နေခြင်းဖစ်သည်။တော်သေးတာပေါ့ ကားရပ်ပေးလိုက်လို့ မဟုတ်ရင်နောက်ကျမှာ ဟုစိတ်ထဲကနေ ကားသမားကိုကျေးဇူးတင်မိသည် (အမှန်တကယ် သူကျေးဇူးတင်ရမှာက Yeonjun ကိုပါ ဒါမဲ့ Beomgyu ကပြေးနေတော့ ကားပေါ်ကလူတွေကိုဘယ်မြင်မလဲ အဲ့တော့ ကားသမားကသူ့ကိုမြင်တယ်ထင်ပီး ကျေးဇူးတင်နေတာပေါ့)
သူလဲကားပေါ်လဲရောက်ကော သူ့တွေ့လိုက်တဲ့ကောင်လေးက တခြားသူမဟုတ်ပါဘူး မနေ့ကကော ငယ်ငယ်တုန်းကပါ သူ့ကိုဝင်ကယ်ပေးတဲ့ Hyung တစ်နည်းအားဖြင့် သူကြိတ်သဘောကျနေတဲ့ သူ့ရဲ့ငယ်ချစ်ဦးပေါ့ Hyung ဘေးနားမှာဘယ်သူမှမရှိတာနဲ့ သွားထိုင်မည်ဟုဆုံးဖြတ်လိုက်သည်။ Hyung ကနားကြပ်တပ်ပီး အပြင်ဘက်ကိုကြည့်နေတော့ ကျတော် သူ့ကိုသွားနုတ်ဆက်ရင်အနှောင့်အယှက်ဖစ်မှာဆိုးလို့ ဒီတိုင်း မသိမသာလေး သူ့ကိုခိုးကြည့်မိသည်။ သိပ်မကြာခင်ကျောင်းလဲရောက်တော့ ကားပေါ်ကနေဆင်းလိုက်သည်။ ပီးတော့ကျောင်းလဲမနောက်ကျသေးဘူးဆိုတော့ Beomgyu တစ်ယောက် Yeonjun အနောက်ကိုလိုက်ပီး သူ့ကိုစကားသွားပြောရန် ပြင်လိုက်သည်။
Beomgyu- Yeonjunnie Hyung
Yeonjun- aww မနေ့ကကောင်လေးပဲ
Yeonjun တစ်ယောက်သူ့ကိုအနောက်ကတစ်ယောက်ယောက်ခေါ်နေသောကြောင့်လှည့်ကြည့်မိသည်။နောက်မှ သူမနေ့ကကယ်ခဲ့တဲ့ကောင်လေးဖစ်နေတော့သည်။အမှန်တော့ Yeonjun ကတစ်ယောက်ထဲအေးဆေးနေတဲ့သူဆိုတော့ စကားမပြောချင်ပေမဲ့ ဟိုကောင်လေးပုံက အပေါင်းအသင်းရှိမဲ့ပုံမဟုတ်ဘူး အဲ့တာကြောင့် သူလဲပြန်ပြောလိုက်သည်။
Beomgyu- Hyung ကလဲကျတော်နာမည်က ကောင်လေးမဟုတ်ပါဘူးဗျာ ပီးတော့မနေ့ကလဲမိတ်ဆက်ပီးပီပဲဟာ
Gyuလို့ပဲခေါ်လို့ရပါတယ်
Yeonjun- ဟုတ်ပါပီ Gyuကဘာကိစ္စရှိလို့ hyungကိုခေါ်တာလဲ
Beomgyu-မနေ့က hyungကျတော့်ကိုကယ်လိုက်တာ ဘာမှမစားလိုက်ရဘူးလေ အဲ့တာကျတော်အခုမုန့်
ဝယ်ကျွေးမလို့ပါဗျ
Yeonjun pov- မင်းကမဆိုးဘူး သိတက်သားပဲ မုန့်ဝယ်ကျွေးမှာဆိုတော့ ငြင်းလိုက်ရင်အားနာစရာကြီး (သိတယ်လေ ရှင်ကအစားဆို ဘယ်ငြင်းမလဲ😒)
Yeonjun- အဲ့တာဆိုလဲ ကန်တင်းသွားကြတာပေါ့

True Love Hikayelerin yaşadığı yer. Şimdi keşfedin