ချစ်ခြင်း၏စီးဆင်းရာ Ep-11
Zawgyi
သူရဲ့ အလောတကြီးနိုင်မှုကြောင့် Nanjingသို့ နောက်တစ်နေ့နံနက် 9:00ခန့်တွင် ရောက်သွား၏။
ဒါတောင် ကားတွေ မီးပွိုင့်မိနေ၍ ဤမျှကြာသွားခြင်း ဖြစ်သည်။
ရီပေါ် ပေးထားသောလိပ်စာနှင့် အိမ်ကို ရှာဖွေနေမိသည်။
တော်တော်ကြာကြာရှာပြီးမှ စိုက်ခင်းတစ်ခင်းနှင့် အိမ်တစ်အိမ် ဖြစ်နေ၏။ ထို့ကြောင့် ရီပေါ် အိမ်ရှေ့တွင် ကားကို ထိုးရပ်လိုက်သည်။
သူ့ကို ကျန့်ကျန့်က ထွက်စောင့်နေမည်ဟု ထင်ထားသော်လည်း မတွေ့ရချေ။
ဒီကောင်ကလေး ဘယ်များ ရောက်နေပါလိမ့်။
ရီပေါ် ကားပေါ်မှဆင်းပြီးမေးရန် ဆုံးဖြတ်လိုက်သည်။ လိပ်စာအရ ဒီအိမ်ပဲဖြစ်နေသည်မို့ ကားထဲမှ ခပ်သွက်သွက်ဆင်း၍ အိမ်ထဲသို့ ဝင်လိုက်၏။
"ဘယ်သူနဲ့ တွေ့ချင်လို့ပါလဲ"
အိမ်ထဲမှ အမျိုးသားတစ်ယောက် ထွက်လာသည်။
"ဟို...ရှောင်ကျန့်နဲ့ တွေ့ချင်လို့ပါ"
"ရှောင်ကျန့်၊ တို့လည်း မသိပါလား၊ စိုက်ခင်းထဲမှာတော့ အလုပ်သမားတွေ အများကြီးရှိတယ်၊ ဝင်ကြည့်လေ မင်း အသိရှိရင်ခေါ်သွားပေါ့"
ရိုးသားလွန်းသော မြို့ငယ်နေအဖိုးကြီးက သူ့ကို စိုက်ခင်းထဲသို့ ခေါ်သွားသည်။ စိုက်ခင်းထဲတွင် အလုပ်သမားများစွာ အလုပ်လုပ်နေကြ၏။ စိုက်ခင်းကြီးကလည်း ကြီးမားကျယ်ဝန်းလှ၍ ရီပေါ် မနည်းရှာဖွေရသည်။
ထိုစဉ်မှာပင်.....
"ဦးဝမ်ရီပေါ်"
သူ့နှလုံးသားထဲ ဘယ်တော့မှမမေ့နိုင်သော အသံလေး ထွက်ပေါ်လာရာသို့ သူလှမ်းကြည့်လိုက်သည်။
"အလို"
သူ့နှုတ်မှပင် အသံက မထိန်းချုပ်နိုင်စွာ ထွက်သွားသည်။ ယခင်ကနှင့် တခြားစီဖြစ်နေသော ကျန့်ကျန့်ကိုကြည့်၍ သူ စိတ်မကောင်းဖြစ်သွားရ၏။ ခါထိုးထက်ပို၍ မည်းသောအသား၊ ပိန်ချုံးချုံးလေးဖြစ်သွားသော ခန္ဓာကိုယ်၊ အဆီပြန်နေသော မျက်နှာ၊ ပင့်တင်ထားသောဆံပင်တို့နှင့် သူ့ရဲ့ကလေးပါဟု ကျိန်ပြောရမလို ဖြစ်နေချေပြီ။