ချစ်ခြင်း၏စီးဆင်းရာ Ep-23
Zawgyi
"ဟင်...ဦး ရောက်နေပြီ"
ပေါ်တီကိုအောက်မှာ ပြုံးပြုံးလေးရပ်နေသော ဝမ်ရီပေါ်ကို တွေ့လိုက်ရသဖြင့် ရှောင်ကျန့် တအံ့တဩ ရေရွးလိုက်မိ၏။
ကားလေးကို အသာရပ်လိုက်တော့ ဝမ်ရီပေါ်က တံခါးအသာဆွဲဖွင့်ရင်း မေးတော့သည်။
"ကလေး ဘယ်တွေသွားနေတာလဲ၊ အိမ်ရောက်တာနဲ့ ဦး မောသွားတာပဲကွာ"
"ဟို"
အလွန်အားနာသွားရသဖြင့် ရှောင်ကျန့် ကမန်းတန်း ကားပေါ်ကဆင်းလိုက်ကာ ပြောလိုက်ရ၏။
"ဟို...ကျန့်ကျန့် ပျင်းပျင်းနဲ့ ကားလျှောက်မောင်းနေတာပါ ဦး၊ မားကလည်း အိမ်မှာမရှိ၊ အိမ်မှာလုပ်စရာ အလုပ်လည်းမရှိလို့လေ၊ ပြီးတော့ ကုဝေနဲ့တွေ့လို့ သူ့အိမ်လိုက်သွားပြီး စကားကောင်းနေတာနဲ့၊ ဦး ဒီအချိန်ပြန်လာမယ်လို့ ကျန့်ကျန့် မထင်လို့ပါ"
မျက်နှာလေးငယ်ကာ ပျာပျာသလဲ ဖြေရှင်းချက်ပေးနေသည့် ကောင်ကလေးကို သဘောကျစွာ သိုင်းဖက်လိုက်ပြီး.....
"ဦးက ကလေးကို ဆူနေတာ မဟုတ်ပါဘူးကွာ၊ ကြည့်စမ်း မျက်နှာလေးကိုပျက်လို့၊ ကုဝေနဲ့တွေ့တော့ ကလေး ပျော်သွားတယ်ပေါ့ ဟုတ်လား"
ဧည့်ခန်းထဲအထိ ရှောင်ကျန့်ကို သိုင်းဖက်ထားရင်း ဝင်လာကာ ဝမ်ရီပေါ်က မေး၏။
ဦးက ဒီလိုပါပဲ.....
အိမ်မှာ မား၊ ဒေါ်မိုနှင့် ဦးပါကလွဲ၍ ဘယ်သူမှမရှိ၊ ခုလည်း မားက အပြင်ထွက်သွားသည်မို့ ကျန့်ကျန့်ကို ချစ်စနိုးရှိသည့်အခါတိုင်း ပွေ့လား၊ ချီလား၊ နမ်းရှိုက်လားတွေ လုပ်တတ်၏။
ဒေါ်မိုက ဦးအကြောင်းသိသဖြင့် ဘယ်တော့မှ ဧည့်ခန်းထဲ ထွက်မလာတတ်ချေ။
ထမင်းစားခန်း၊ မီးဖိုခန်းဘက်မှာသာ တကုတ်ကုတ်၊ အလုပ်လုပ်နေတတ်သဖြင့် ရှက်တတ်သော ကျန့်ကျန့်အတွက် တော်ပါတော့သည်။
ဝမ်ရီပေါ်က Sofaပေါ်ထိုင်ကာ၊ သူ၏ပေါင်ပေါ်သို့ ရှောင်ကျန့်၏ ခန္ဓာကိုယ်လေးကို ခွလျက်လေး ပွေ့ချီလိုက်၏။