ချစ်ခြင်း၏စီးဆင်းရာ Ep-13
Zawgyi
"ဦး ထတော့လေ သွားရအောင်"
ချစ်ရသောသူလေးခေါ်သံဖြင့် နိုးထလာခဲ့ရသော နံနက်ခင်းလေးသည် အလွန်ပင်ကျက်သရေရှိလေသည်ဟု ထင်မိသည်။
ရီပေါ် မျက်လုံးမှိတ်ထားလျက်ပင်။
"ကလေး ထပ်ခေါ်စမ်းပါကွာ၊ ထပ်နှိုးစမ်းပါဦး"
"ဟာ...ဦးကလည်း ဘာတွေပြောနေမှန်းမသိဘူး၊ သွားရမယ့်ခရီးကဝေးတယ် တော်ကြာ မီးပွိုင့်တွေမိပြီးကြာနေရင် ဟိုလူတွေနဲ့ တွေ့နေဦးမယ်"
"ဦး ရှိသားပဲ"
"ဦး၊ ထဆိုထကွာ ကျန့်ကျန့် ရေချိုးအဝတ်စားလဲချင်နေပြီ၊ ဦးလဲ သွားတော့လေ"
"ကဲ သခင်လေး သဘောအတိုင်းပါဗျာ"
ရီပေါ် Sofaပေါ်မှ ဝုန်းခနဲ ထ၍ သူ့အခန်းထဲသို့ ထွက်လာခဲ့၏။ ဒီလိုကျတော့လဲ ရှောင်ကျန့်က ရီပေါ်နောက်မှလိုက်၍ မျက်နှာငယ်လေးဖြင့်.....
"ဦး စိတ်ဆိုးသွားလားဟင်"
"မဆိုးပါဘူး ကလေးရယ်၊ ကဲ ရေသွားချိုး ပြီးရင် ဦးလာခေါ်မယ်၊ တစ်ခါတည်း ပစ္စည်းတွေသိမ်းထား Coffeeသောက်ပြီးတာနဲ့ တန်းသွားမယ်"
"ဟုတ်ကဲ့"
ကောင်ကလေးက သူ့စကားကို နားထောင်ရှာ၏။
❤💚❤💚❤💚
ရီပေါ် တံခါးသွားခေါက်တော့ ရှောင်ကျန့်က အဆင်သင့်ဖြစ်နေချေပြီ။
"အမယ် ပြင်တာဆင်တာ မြန်သားပဲ"
"မြန်ရတာပေါ့ မမြန်ရင် ကျန်ခဲ့မယ်လေ"
သူ ကောင်ကလေးလက်ထဲမှ အထုပ်ကို ဆွဲယူလိုက်တော့ ကောင်ကလေးက အတင်းပြန်ဆွဲကာ.....
"မသယ်ပါနဲ့ ဦးရဲ့ ဘောင်းဘီတွေပါတယ်လေ"
"ဘာဖြစ်လဲ ကလေးကလဲ ဦးကို အားနာမနေစမ်းပါနဲ့"
ရီပေါ် ပြန်မပေးဘဲ အတင်းယူထားလိုက်တော့ ရှောင်ကျန့် ဘာမှပြန်မပြောတော့ချေ။ ရီပေါ် ရှောင်ကျန့်ကို ခပ်စိုက်စိုက် တစ်ချက်ကြည့်လိုက်တော့၊ ရှောင်ကျန့်၏ ချစ်စဖွယ် မျက်ဝန်းလေးတွေက ရွှန်းလက်လို့နေ၏။