ချစ်ခြင်း၏စီးဆင်းရာ Ep-9
Zawgyi
ဦးဝမ်ရီပေါ်
ကျွန်တော့်ကို စောင့်ရှောက်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ တစ်နေ့နေ့တော့ ကျေးဇူးဆပ်ခွင့်ကြုံမှာပါ။ လိုက်မရှာပါနဲ့။
ရှောင်ကျန့်
ထိုကဲ့သို့ စာလေးသုံးကြောင်းသာ ရေး၍ ထားခဲ့သော ရှောင်ကျန့်ကို အရမ်းဒေါသဖြစ်သွားရ၏။ ဒေါသဖြစ်လွန်း၍ ဝမ်ရီပေါ် အငြိမ်မနေနိုင်ဘဲ ခေါက်တုံ့ခေါက်ပြန်လျှောက်နေမိတော့သည်။
ဒေါ်ရီရှုဟန် စာကိုဖတ်ပြီး ဝမ်ရီပေါ်ကို မော့ကြည့်၏။
"ဘယ်လိုလုပ်ကြမလဲ မား"
ဝမ်ရီပေါ်မေးခွန်းကို ဒေါ်ရီရှုဟန် ပြန်မဖြေသေးဘဲ စာလေးကို ငေးကြည့်နေမိသည်။
ခဏကြာမှ.....
"မားကို ထားသွားရက်လိုက်တာ သားလေးရယ်"
ဒေါ်ရီရှုဟန် ကြေကြေကွဲကွဲ ဆွေ့ဆွေ့မြေ့မြေ့ ပြောရှာပြီး မျက်နှာကို လက်ဖြင့်အုပ်လိုက်၏။
"မား၊ မား ဒီလောက်ကြီး မခံစားပါနဲ့ သား ပြန်တွေ့အောင်ရှာပါ့မယ်"
နှလုံးရောဂါရှိသော မားကို ခပ်ဖွဖွဖက်၍ နှစ်သိမ့်စကားပြောလိုက်၏။
"မား မှားသွားတာ၊ မား မှားသွားတာပါ၊ မားသာ ယွေ့ဖိန်လီနဲ့ မိတ်ဆက်ပေးလိုက်မိတာကိုး၊ မားက တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုပြီး လုပ်လိုက်မိတာကိုး သားရဲ့"
ဒေါ်ရီရှုဟန် ခပ်တိုးတိုး ညည်းညူသလိုပြောလိုက်တော့ ဝမ်ရီပေါ် နားမလည်နိုင်စွာ ဖြစ်သွားရသည်။
"ဘာဖြစ်လို့လဲ မားရဲ့"
"ဪ၊ ယွေ့ဖိန်လီကို သားနဲ့ကျန့်ကျန့်က လက်ထပ်မယ့်သူတွေလို့ အသိပေးလိုက်တဲ့ ကိစ္စကိုပြောတာပါ၊ မားသဘောက ယွေ့ဖိန်လီ သားကို ကပ်နေတဲ့ကိစ္စလည်း တစ်ခါတည်း ပြတ်သွားအောင်၊ ကျန့်ကျန့်ကိုလည်း နားဖောက်ပြီးသားဖြစ်သွားအောင် ပြောလိုက်တဲ့သဘောပါ၊ ဒါပေမဲ့ မမျှော်လင့်ပဲ အခြေအနေက ရှုပ်ကုန်တော့တာ"