ချစ်ခြင်း၏စီးဆင်းရာ Ep-22
Zawgyi
"ဒီလင်ဒီယောကျာ်း အိုအောင်မင်းအောင် ပေါင်းနိုင်ကြပါစေ၊ ကိုယ်စိတ်နှစ်ပါး ချမ်းသာသုခ ပြည့်ဝစွာ ပေါင်းဖက်နိုင်ကြပါစေ"
ဒေါ်ရီရှုဟန်၏ ဆုပေးသံကို နားထောင်နေသည့် ဝမ်ရီပေါ်ရော ရှောင်ကျန့်ပါ ကျေနပ်ကြည်နူးစိတ်ဖြင့် ရင်ထဲပျော်ရွှင်သွားကြ၏။
ပကာသနကင်းသော လက်ထပ်ပွဲလေးက တကယ့်ကို ရိုးရိုးစင်းစင်းလေးပင်။
မိဘမဲ့ဂေဟာမှ မိဘမဲ့ကလေးများအား လိုအပ်သည့်ပစ္စည်းပစ္စယများနှင့် အလှူငွေများလှူဒါန်းပြီး တရားရုံး၌လက်ထပ်ခြင်းဖြင့် အကောင်းဆုံးသော လက်ထပ်ပွဲလေးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြလေပြီ။
2နှစ်2မိုး မေတ္တာမျှခဲ့ကြသူပီပီ ချစ်သူဘဝ ရောက်ရှိကတည်းက ဝမ်ရီပေါ်ရော ရှောင်ကျန့်ပါ လူတကာအားကျရသည့် ချစ်သူစုံတွဲဖြစ်ခဲ့ရ၏။ ရှောင်ကျန့်က ငယ်သေးသည်မို့ လက်ထပ်ပွဲကိုစောင့်ဆိုင်းခဲ့ကြလေသည်မို့၊ ချစ်သူသက်တမ်း2နှစ်ကျော်ခဲ့ရ၏။ ခုတော့ ရှောင်ကျန့်၏အသက်မှာ (21)နှစ်စွန်းနေလေပြီ။ ဝမ်ရီပေါ်၏အသက်မှာ 35ပြည့်လုလုဖြစ်နေပြီ ဖြစ်သည်။
ပြီးတော့.....
ရှောင်ကျန့်၏နံဘေးတွင် အမြဲတမ်းကပ်ပါနေသည့် ကောင်မလေးသည်လည်း ယောကျာ်းလေးဖြစ်ကြောင်း ရီပေါ် ဆေးရုံဆင်းမည့်နေ့ပင် သိခဲ့ရ၏။
ငယ်စဉ်ကတည်းက ရှောင်ကျန့်နှင့် သွားအတူ၊ လာအတူ၊ စားအတူ တပူးတွဲတွဲ တွဲဖြစ်ကြ၏။ ကုဝေတို့မိသားစုတွင် သမီးမိန်းကလေးမရှိသောကြောင့် ညီအစ်ကို(3)ယောက်ရှိသည့်အနက် အငယ်ဆုံးဖြစ်သည့် ကုဝေကို၊ မိဘများက မိန်းကလေးပုံသဏ္ဌာန်အသွင် ဖန်တီးယူလိုက်ကြသည်။
ဒေါ်ရီရှုဟန်က မျက်ရည်လေး မသိမသာဝဲကာ.....
"သားတို့ ခုလိုလက်ထပ်လိုက်တော့ မားဖြင့် ဝမ်းသာလိုက်တာ၊ သားငယ်လေးအသက်ငယ်သေးလို့သာ မားက လက်ထပ်ပွဲကိုလွန်ခဲ့တဲ့(2)ကျော်ကတည်းကြီးနဲ့ လက်ထပ်စေချင်တာ၊ ခုတော့ မားရဲ့ ဆန္ဒတွေပြည့်ပြီ"