Part 14

644 41 0
                                    

မင်းမှမင်းဖြစ်နေတော့လဲ Part14

Minaအဖေထသွားတော့
Minaအမေက Mina ya လက်မှာဘာဖြစ်တာလဲ စိမ်းနေတယ်
Mina- ဘာဖြစ်လို့လဲ ဘယ်နားလဲ
Minaအမေ- တံတောင်ဆစ်နားမှာ
Mina- awwအဲ့ဒါလားညနေက
Chaeyoung တယောက် ညနေကဆိုတဲ့စကားကိုထပ်ကြားတော့ ထမင်းစားပွဲကထလိုက်ပြီး
Chae- omma နဲ့ unnie chaeထနှင့်ပြီနော် "ခေါင်းငုံ၍သာ ပြောလိုက်တယ်"
Chaeyoung's pov - ဒီunnieဘာတွေပြောဦးမလို့လဲမသိဖူး
Chaeyoung လဲ ထမင်းစားပြီးတော့ အပေါ်တတ်လာလိုက်တယ် Minaနဲ့ထပ်ဆုံပြန်တယ်
Chaeyoung လဲ မသိချင်ယောင်ဆောင်ပြီးအခန်းထဲဝင်လာလိုက်တယ်
စာလုပ်စရာရှိတာလုပ်ပြီး အိပ်ဖို့လုပ်လိုက်တယ် ဒါပေမယ့် ညလယ်သာရောက်လာတယ် လုံးဝ အိပ်မပျော်ဖူး ညနေကအကြောင်းဘဲခေါင်းထဲရောက်ရောက်လာတယ်

Flash back
(အခုမှမပြောပြရင် ကျနော့်ကို အမှုန့်ဝိုင်းချေကြတော့မယ်ဗျ 😊😊 ကျနော်အကျင့်ယုတ်တာများသွားလို့နဲ့တူတယ်😁😁)

ညနေက Chaeyoung Minaကားပေါ်မှာပြောတဲ့စကားကြောင့် ဝမ်းနည်းသွားတာ အမှန်ဘဲ ဘာလို့လဲဆိုတော့ Chaeyoung က ယောင်ဆောင်တာကို သိပ်မုန်းတဲ့လူစားမျိုး Minaက ငါ့ပုံစံအမှန်ကဒီလိုဘဲလို့ပြောလိုက်တော့ သူ့ကို ယောင်ဆောင်ပြီးဆက်ဆံတယ်လို့ထင်သွားတာပါ (အေးလေ ကလေးအထင်လွဲသွားပြီ ဘယ်လိုလုပ်မလဲ 😅)
​ပြန်ရောက်တော့ Ommaကိုနှုတ်ဆက်ပြီးအပေါ်ကိုတမ်းတတ်လာလိုက်တယ် Chaeyoung အခန်းဝကိုကျောပေးပြီး ခုတင်စွန်းလေးမှာ ဒူးနှစ်ချောင်းပေါ်လက်တင်ပြီးခေါင်းငုံကာ ထိုင်ငိုနေမိတယ် ( ကလေးငိုသွားပြီ Mina Unnieတော်တော်ဆိုးတယ်😁)
အဲ့အချိန်မှာ
Minaတယောက် Chae'sအခန်းတံခါးကိုအသာလေးဖွင့်ပြီးဝင်လာတာကို ခေါင်းငုံပြီး ငိုနေတဲ့ ကျားကလေးမသိရှာဖူး
MinaလဲChaeငိုနေတာတွေ့တော့ ဖြေးဖြေးလေး လျှောက်သွားပြီး ငိုနေတဲ့ ကလေးသေးသေးလေး ကို ရင်ခွင်ထဲထည့်ပြီးဖတ်ထားလိုက်တယ် ပါးစပ်ကလဲ(အမလေးMinaရယ်.....
Mina - Chaeng ya Unnie တောင်းပန်ပါတယ် Unnie Chaeng ကိုစလိုက်တာပါ မငိုပါနဲ့နော်
Chaeyoung - မယုံဖူး unnie ကိုမယုံဖူး မဖတ်နဲ့ဖယ် ဆိုပြီး Minaကိုတွန်းထုတ်လိုက်တယ်
Chaeတွန်းတာအားများသွားတော့ Minaတံတောင်နားကို ဘေးနားက စားပွဲစောင်းနဲ့ ဆောင့်မိသွားတယ် "အာ့"
ChaeလဲMinaကိုစိတ်သာဆိုးတာ Minaနာသွားတာသိတော့ လန့်သွားတယ် (ချစ်တာကိုးကွယ်🤧)
Chae- unnieအရမ်းနာသွားလား
Mina- အင်း နာတယ် လက်ကမဟုတ်ဖူး တခြားနေရာက
Chae- ဟာunnieနော်
Mina- တို့ရဲ့ကျားပုလေးက ရှက်နေတာလား
Chae- မရှက်ပါဖူး ဟာunnieနော်
Mina- ဒါဆိုခေါင်းမငုံ့ထားနဲ့လေ ခေါင်းမော့ပါဦးကျားပုလေးရယ်
Chae- ဘယ်သူက unnieရဲ့ကျားပုလေးလဲ
Mina- Son Chaeyoung ဆိုတဲ့ကောင်လေးပေါ့
Chae is shy shy shy(😁😁😂😂)
Mina- မရှက်ပါဖူး ဆို ဘာလို့မျက်နှာတွေနီနေတာလဲကျားပုလေး
Chaeyoung - unnieနော် သူများကိုကျားပုလေးကျားပုလေးနဲ့ သူကကျ ပင်ဂွင်းရှည်ကြီးနဲ့တူပြီးတော့(ကလေးကို ကျားပုလေးလို့ ပြောတော့ ပြန်အပြောခံနေရပြီမလား😅)
Mina- ဘယ့်နဲ့ ပင်ဂွင်းရှည်ကြီး လဲ
Chae- unnie ကအရပ်နည်းနည်းရှည်တာကိုး
Minaလဲပြုံးလိုက်ပြီး ကပ်ကပ်လန်ပြန်ပြောနေတဲ့ ကျားပုလေးရဲ့ နီနေနဲ့ ပါးနှစ်ဖက်ကို ဖွဖွလေးနမ်းလိုက်ပြီး (အမလေး ကလေးကိုနော် Mina unnie တော့ 😎😏)
Mina- ကျားပုလေးunnieကိုစိတ်မဆိုးနေနဲ့တော့ unnie မျက်နှာပုံစံအမှန်က အမြဲတည်နေတာ ဒါပေမယ့်လဲ ကျားပုလေးရဲ့အရှေ့မှာ တည်လို့မရဖူး အဲ့ဒါကြောင့် ဟန်ဆောင်တာ မဟုတ်တဲ့အတွက် unnieကိုစိတ်မဆိုးနဲ့တော့ (မမကချော့နေပြီ မောင်လေးကပျော့လိုက်တော့လေ🤣🤣)
Chae- Nae Mina unnie ပြောသာပြောနေတာ ခေါင်းကို လုံးဝမမော့
Mina- Unnie အခန်းပြန်ပြီနော် သွားပြီကောင်လေးဆိုပြီး Chaeyoung နှဖူးကိုနမ်းဖြစ်အောင်နမ်းသွားသေးတယ် (ယုန်ကြီးလက်သွက်တာလောက် ပွင်ဂွင်းတို့ကအေးဆေးဘဲ😎😎)
Minaအခန်းတံခါးကိုဖွင့်ခါနီး
Chaeyoung - unnie လက်ကိုဆေးလိမ်းဦးနော်
Mina - Nae. .😊

မင်းမှမင်းဖြစ်နေတော့လဲ (Complete)''U+Z''Where stories live. Discover now