#Unicode
"Dr.Park ....Are you busy?"
တံခါးခေါက်သံနဲ့ အပြင်က ဆေးရုံအုပ်ကြီးရဲ့ လက်ထောက်အသံကြောင့် Chaeyoung သူ့စာရွက်စာတမ်းတွေကို ကြည့်နေရာမှ ရပ်လိုက်သည်။
"Um မများပါဘူး...."
Chaeyoung သူ့လူနာ စာရင်းတွေနဲ့ အလုပ်များနေပေမယ့် ဆေးရုံအုပ်ကြီးရဲ့ လက်ထောက်ကို လိမ်ပြောလိုက်သည်။
"အဲ့တာဆိုရင် ဆေးရုံအုပ်ကြီကို လာတွေ့ပေးပါ Dr.Park ကို အမြန်ဆုံး တွေ့ချင်ပါတယ်တဲ့......."
"Ok.....ဆယ်မိနစ်ကြာရင် ရောက်လာပါမယ်လို့ ပြောပေးပါ....."
"Ok....."
ဆေးရုပ်အုပ်ကြီးရဲ့ လက်ထောက် ထွက်သွားတော့ Chaeyoung သက်ပြင်းချပြီး လုပ်လက်စ လူနာစာရင်းကို လက်စသတ်လိုက်သည်။
အလုပ်တွေကို လက်စသတ်ပြီးနောက် ဆေးရုံအုပ်ကြီးဆီသို့ Chaeyoung သွားလိုက်သည်။
"Dr. Park ရောက်လာပါပြီ......."
"Oh....သူ့ကို အမြန်၀င်ခိုင်းလိုက်ပါ......"
Chaeyoungလည်း ရုံးခန်းထဲကို ၀င်လိုက်သည်
"Sir....ကျွန်မကို တွေ့ချင်တယ်ဆိုလို့......"
"ဟုတ်တယ် လာ ထိုင်.....အရေးကြီးကိစ္စ မင်းနဲ့ ဆွေးနွေးချင်လို့ ရလား......"
ဆေးရုံအုပ်ကြီးနဲ့ မျက်နှာချင်းဆိုင်မှာ Chaeyoung ၀င်ထိုင်လိုက်သည်
"မင်းလည်း သိပါတယ်.....မင်းက ငါတို့ ဆေးရုံရဲ့ ထိပ်တန်း စိတ်ရောဂါအထူးကု ဆရာ၀န်ဆိုတာ....."
"Oh...ကျွန်မ အဲ့လောက်ထိ အရည်အချင်း မရှိသေးပါဘူး sir....."
Chaeyoung သူ့ကိုယ်သူ နှိမ့်ချပြောဆိုလိုက်သည်။
ဆေးရုံအုပ်ကြီးမှာ ပြုံးလိုက်ပြီး
"ဟုတ်ပါတယ်....ဒီမှာ လုပ်တာ ၆လလောက်ဘဲ ရှိသေးတယ်ဆိုပေမယ့် လူနာ ငါးယောက်ကို မင်း ကုသပေးနိုင်တယ်လေ......"
Chaeyoung လည်း ဘာပြောရမှန်း မသိတာနဲ့ ခေါင်းညိတ်လိုက်၏
"ငါ မင်းကို အရေးကြီး တာ၀န်တစ်ခု ပေးချင်လို့........"