#Unicode
"Park Chaeyoung "
Lisa တစ်ယောက် အသံဝင်လုနီးပါး Chaeyoung နာမည် အော်ရုံကလွဲပြီး ဘာမှမလုပ်နိုင်ပေ......
မလုပ်နိုင်ဘူးဆိုတာထက် မလုပ်ရက်တာပါ.....Lisaဆိုတဲ့ သူက ကိုယ်ပိုင်တဲ့ အရာကို လာ ဖျက်စီးရင် ဖျက်စီးတဲ့သူကို သေလောက်တဲ့အထိ ပြန်ဖျက်စီးတတ်တဲ့သူ.......
ယခုတော့ စုတ်ပြတ်နေတဲ့ သူမပိုင်တဲ့ အရာတွေကို ကြည့်ပြီး တဟားဟားနဲ့သာ ရယ်နေမိသည်
မီးလောင်ခဲ့တဲ့ သူမအိမ်ကို Lisa အသစ် ပြန်ဆောက်နေစဥ် New Yorkမှာ သွားနေသည်
Johnကိုတော့ သူမနောက်မလိုက်စေဘဲ Chaeyoungကို စောင့်ရှောက်ဖို့ ထားခဲ့သည်
မီးထဲပါသွားတဲ့ အလုပ်ရဲ့စာချုပ်တွေအတွက်က Jisooဆီမှာ မိတ္ထူရှိနေတာကြောင့် Lisaအတွက် တော်သေးသည်
7 months later......
ငါ အသက်ရှူ လို့ မရတော့ဘူး......သူတို့တွေ.....ငါ့လည်ပင်းကို ညှစ်ပြီး ငါ့ကလေးကို အန္တရာယ်ပေးဖို့ ကြိုးစားနေကြတယ်......
"ငါ့ကလေးလေး....ငါ့ကလေးကို ဘာမှမလုပ်ကြပါနဲ့......."
Chaeyoung အော်ပြီး အိပ်ရာက လန့်နိုးလာတယ်.....အိပ်ရာက နိုးနိုးချင်း Chaeyoung ချက်ချင်းဘဲ သူ့လည်ပင်းနဲ့ သူ့ဗိုက်ကို စမ်းကြည့်တယ်.....ဘာမှမဖြစ်မှ သက်ပြင်းချလိုက်သည်။
"Chaeyoung ...နင် ဘာမှမဖြစ်ပါဘူး အိမ်မက်ဆိုးပါ...."
Chaeyoung သူ့ကိုယ်သူ နှစ်သိမ်လိုက်သည်။
Chaeyoung အိမ်ထဲကနေ ခြံထဲကို ဆင်းပြီး လေကောင်းလေသန့် ထွက်ရှူ နေတယ်.....
"အခန်းထဲ ဘာလို့မနေတာလည်း...."
John အပြင်ကနေ ပြန်ရောက်လာပြီး ကားပေါ်ကနေ ဆင်းကာ Chaeyoungကို မေးလိုက်သည်။
"ခုနက အိမ်မက်ဆိုးမက်နေလို့ပါ....အခုတော့ အဆင်ပြေသွားပါပြီ "
John သက်ပြင်းချပြီး ခြံထဲက ခုံနှစ်လုံးကို ယူကာ တစ်လုံးကို သူထိုင်ပြီး တစ်လုံးကို Chaeyoung အားပေးလိုက်သည်။
"Chaeyoung...မင်း အိမ်မက်ဆိုးမက်နေတာ နှစ်လနီးပါးရှိနေပြီနော်....Lisaလည်း ရူးနေပြီ ထင်တယ်......New Yorkက ပြန်ရောက်ကတည်းက အိမ်အသစ်ရဲ့..ရုံးခန်းထဲမှာဘဲ နေပြီး ထွက်ကိုမလာဘူး.....သူလည်း တော်တော်ခံစားနေရတယ်.....သူက မင်းပြန်လာတာကို စောင့်နေတာ....မင်းလည်း သူ့ကိုလိုအပ်နေတာဘဲ.....သူလည်း မင်းကို လိုအပ်တယ်....."