#Unicode
Lisa ထွက်သွားတော့ chaeyoung ခြံထဲက စက်ဘီးတစ်စီးယူပြီး မနင်းတတ်ပေမယ့် ကားငှားစရာ တက္ကစီခလည်း မရှိသောကြောင့် ကြိုးစားနင်းကာ lisaရဲ့ ကားနောက်သို့ အမှီလိုက်သြားလေသည်။
သို့သော် Lisaကားမောင်းတာ မြန်သောကြောင့် Lisaကို Chaeyoung မျက်စပြတ်သွားလေသည်။
အနီးအနားရှိလူများကို မေးမြန်းရင်း နောက်ဆုံး lisa ရှိရာသို့ ရောက်လာလေသည်။
ကိုးထပ်ရှိသော အဆောက်အဦးကို မော့ကြည့်ရင်း Chaeyoung အမောဖြေနေသည်။
"Miss Lisaက ကိုးထပ်မှာရှိပါတယ်.....Chaeyoung လာရင် ကိုးထပ်ကို လွှတ်လိုက်ပါတဲ့.."
အဆောက်အဦးအရှေ့က အစောင့်တစ်ယောက်ပြောလို့ Chaeyoung အထဲကို ၀ငျသှားလိုကျသညျ။
ဓာတ်လှေကားစောင့်သော်လည်း တစ်ခြားအထပ်က partyကို လာတဲ့ ဧည့်သည်တွေနဲ့ ပြည့်နေလို့ နောက်ကျမည်ဆိုးသောကြောင့် လှေကားကနေသာ ပြေးတက်လာခဲ့သည်။
Lisaကတော့ စမ်းသပ်ချက်တစ်ခုလုပ်ဖို့ ကြံစည်နေလို့ chaeyoung ရောက်လာတာကို သတိမထားမိ
Chaeyoung အသက်၀၀ရှူ လိုက်ပြီး ချောင်းဟန့်လိုက်သည်။
Lisa ထိုင်နေရာမှ ထလာပြီး Chaeyoungဆီကို လျှောက်လာသည်။
Lisaကိုကြည့်ရတာ တကယ့် Jokerတစ်ယောက်လိုပင် ပြင်ဆင်ထားသည်။
Longcoat အနက်ရောင်နဲ့....ဆံပင် အစိမ်းရောင်နဲ့ Joker lisa ကို Chaeyoung ငေးကြည့်နေရင်း လှေကားအထစ်ပေါင်းများစွာကို တက်ခဲ့ရတဲ့ အမောတွေ ပျောက်သွားသည်။
"Chae.....မင်း ငါ့အတွက် အသက်ပေးနိုင်သလား....."
"အင်း ငါ ပေးရဲတယ် ...."
Chaeyoungရဲ့ တွေဝေခြင်း မရှိဘဲ ဖြေလိုက်တဲ့အဖြေကြောင့် Lisa အော်ရယ်လိုက်သည်။
"လွယ်လွန်းတယ်.....မင်း ငါ့အတွက် အသက်ရှင်နိုင်မလား...."
"Yes....."
"Chaeyoung ...မစဉ်းစားဘဲ အလွယ်တကူ အဖြေမပေးစမ်းနဲ့....."
Chaeyoungရဲ့ ပါးကို Lisa ညှစ်ပြီး ပြောလိုက်သည်။
"တောင့်တမှုတွေဟာ လက်နက်ချ အရှုံးပေးသလိုဘဲ......အေး လက်နက်ချ အရှုံးပေးလို့ ....တစ်ဖက်လူက ပိုပြီး အင်အားကြီးလာမယ် "