#Unicode
Chaeyoung သတိရလာတော့ lisaက ဘေးနားမှာ ထိုင်ပြီး သူ့ကိုပြုံးကာ ကြည့်နေတာကို တွေ့လိုက်ရသည်။
"Lisa...."
Chaeyoung သူ့ကိုယ်သူ အိမ်မက်မက်နေတာလားဆိုပြီး လက်ကို ပြန်ဆွဲဆိတ်ကြည့်တယ်.....ဘာလို့လည်းဆိုတော့ lisa က တော်ရုံဆို ပြုံးရယ်ခြင်းမရှိသလို Lisaရဲ့ အပြုံးကိုလည်း Chaeyoung မြင်ဖူးတာရှားသည်.....
"Chaeyoung....သတိရလာပြီလား......"
Chaeyoungရဲ့လက်ကို ကိုင်ပြီး J မေးလိုက်သည်။"Lisa......."
Lisa ကို ဖက်ကာ Chaeyoung ငိုလိုက်သည်။"အရမ်း သတိရနေတာ......."
Chaeyoungရဲ့ ဆံပင်လေးကို သပ်ပေးပြီး နဖူးကို နမ်းကာ
" ငါသိပါတယ်....baby"Lisa တစ်ခါမှ Chaeyoungကို သတိရတယ် လွမ်းတယ်လို့ ၀နျမခံဖူးပမေယ့ျ Chaeyoungကတော့ Lisa သူ့ကို လွမ်းနေတယ်ဆိုတာ Lisaရဲ့ မျက်လုံးတွေကို ကြည့်ပြီး သိနေလေရဲ့ .....
"Come on ...... မင်းကို ပြစရာရှိတယ်........"
Chaeyoung ရဲ့ လက်ကို Lisa ဆုပ်ကိုင်လိုက်သည်Chaeyoungလည်း Lisa ခေါ်ရာနောက်သို့ လိုက်လာသည်။
"ငါ မင်းကို ပြစရာရှိလို့.........."
Lisa က သူ့လက်ကို ကိုင်လို့ Chaeyoung တစ်ယောက် သဘောကျပြီး ပြုံးနေလေရဲ့.....Lisaရဲ့ အထိအတွေ့တွေကို သူလွမ်းနေတာလေLisaတို့ အခန်းတစ်ခန်းရှေ့မှာ ရပ်လိုက်သည်
Chaeyoungကတော့ ဘာများလည်းဆိုပြီး lisa ကို မျက်ခုံးပင့်ပြတော့
"ဖွင့်ကြည့်လေ ....."
Fany ဖြည်းဖြည်းချင်း တံခါးကို ဖွင့်ကြည့်ပြီး အရမ်းအံ့သြသွားလို့ မျက်နှာကို လက်နဲ့ကာလိုက်တယ်
"Oh my god...."
ကလေးနှစ်ယောက်မှာ Amell လက်ချက်ဖြင့် သေသွားပြီလို့ Chaeyoung ထင်နေခဲ့တာလေ.....အခုတော့ ကလေးနှစ်ယောက်ကို ပုခက်ထဲမှာ တွေ့ရတော့ Chaeyoung ၀မျးသာပွီး ငိုလေသည်။
"Lisa...."
Lisaမှာ ပုခက်ထဲက ကလေးနှစ်ယောက်ကို တဖက်ဆီ ပွေချီပြီး
"Look.....""အရမ်း လှတာဘဲ ....ငါတို့ရဲ့ ကလေးလေးတွေလား....."
Chaeyoung ငိုရှိုက်ရင်း မေးလိုက်သည်။