#Unicode
နောက်တစ်နေ့ မနက် Lisaရဲ့ အော်သံကြောင့် Chaeyoung လန့်နိုးလာ၏
"Park Chaeyoung ....."
Chaeyoung လန့်နိုးပြီး အိပ်နေရာက ထလိုက်သည်။
"Park Chaeyoung ....."
Lisa နောက်တကြိမ် အော်လို့ Chaeyoung မျက်နှာကို လက်နဲ့ပွတ်ကာ ထူးလိုက်သည်။
"Nae......"
"ငါ့ရုံးခန်းကို အခုချက်ချင်း လာခဲ့စမ်း......"
Chaeyoung တစ်ခုခုများ အမှားလုပ်ထားမိလို့လားဆိုပြီး ကြောက်ကြောက်လန့်လန့်နဲ့ Lisaရဲ့ ရုံးခန်းကို သွားလိုက်သည်။
Chaeyoung ရုံးခန်းထဲ ၀ငျလိုကျတော့ Suitကို ကိုင်ပြီး ရပ်နေတဲ့ Lisaကို တွေ့လိုက်ရသည်။
"ဒါ ဘာလည်း "
"နင့်ရဲ့ Suitလေ ငါ မီးပူတိုက်ပေးထားတာ....."
Lisaမှာ Suitကို ဘုန်းခနဲ ကြမ်းပြင်ပေါ် လွှတ်ပစ်လိုက်ပြီး
"ဒါက ငါ့ရဲ့ အလုပ်အတွက် ၀တျတဲ့ Suitနဲ့ တူနေတာလား ငါ့ကို ပြောစမ်းပါအုံး.. ..."
"ငါ...ငါ....ငါမသိဘူး နင်က အနီရောင်လေးနဲ့ လိုက်မယ်ထင်လို့...."
"မင်းက မသိဘူး ဟုတ်လား....မင်းသိတာ ဘာရှိလည်း "
Chaeyoung ရဲ့ မေးစေ့ကို ကိုင်ပြီး lisa မေးလိုက်သည်။
"ငါ တောင်းပန်ပါတယ် တကယ်တောင်းပန်တာပါ "
*ဖြန်း*
Lisaရဲ့ အားပြင်းတဲ့ ပါးရိုက်ချက်ကြောင့် Chaeyoung ကြမ်းပြင်ပေါ် လဲကျသွားသည်။
"Bad Girl....မင်းကြောင့် ငါ ဖိုသီဖတ်သီ အ၀တ်အစားတွေနဲ့ သွားရတော့မယ် ဘယ်လောက်တောင် professional မကျလိုက်သလည်း ချီးဘဲ ....."
Lisa သူပြောချင်တာပြောပြီး အခန်းထဲက ထွက်သွားတယ်....
Chaeyoung လဲကျနေရာက ထပြီး ဒူးလေးတုပ်ကာ ငိုနေ၏
ယခုအချိန် အခန်းထဲကလည်း မထွက်ချင်......
Lisaနဲ့ ထိပ်တိုက်တွေ့နေမှာဆိုးလို့ ရုံးခန်းထဲမှာဘဲ ဒူးလေးတုပ်ကာ ထိုင်ပြီး ငိုနေ၏....
Lisaရဲ့ ကားသံကြားမှ chaeyoung အခန်းထဲက ထွက်လာသည်။
အရင်ကဆို သူမပျင်းတိုင်း Shopping ထွက်နေကျ Chaeyoung က အခုတော့ အိမ်ထဲမှာ ပိတ်လှောင်ခံနေရတော့ ပျင်းပေမယ့် လုပ်စရာမရှိတာနဲ့ အိမ်သန့်ရှင်းရေး လုပ်နေလိုက်သည်။