#Unicode
နောက်တစ်နေ့ Chaeyoung လည်း အခန်းထဲကို ၀င်လာရော Lisaတစ်ယောက် Chaeyoungကို စိုက်ကြည့်နေ၏
"ငါ မင်းကို တစ်ခု တောင်းဆိုလို့ရလား...."
Lisaမေးလိုက်သည်။"Humm....ရပါတယ် ပြောပါ...... "
"ငါ့အတွက် သေနတ်လေး ဝယ်ပေးနိုင်မလား...."
"သေ သေနတ်....ဟုတ်လား"
Chaeyoung လန့်ပြီး စကားတွေ ထစ်အနေတယ်
"Omm ဟုတ်တယ် ငါ့အတွက် မင်း လုပ်ပေးနိုင်တယ် မဟုတ်လား...."
Chaeyoung ကို Lisa စိုက်ကြည့်ပြီး ပြုံးကာ ထပ်မေးလိုက်သည်
"မင်းငါ့အတွက် လုပ်ပေးနိုင်တယ် မဟုတ်လား..."
"ကျွန်မ....ကြိုး...ကြိုးစားရမယ်...."
"ကြိုးစားပါမယ်ကို မလိုချင်ဘူး.....ရအောင်ဝယ်ခဲ့ရမယ်....ငါ မင်းကို အပြစ်မပေးချင်ဘူး
Dr.Chaeyoung....""O...ok...."
Chaeyoung ကြောက်ပြီး သူ့ရဲ့ ပစ္စည်းတွေကို သိမ်းပြီး ပြန်ဖို့လုပ်တော့
"ခဏနေအုံး....."
"Nae.... ဘာခိုင်းစရာရှိလို့လည်း...."
"သေနတ်ဆိုင်မှာ သေနတ်၀ယ်ပြီးတာနဲ့ အဲ့သေနတ်ဆိုင်နားက coffeeဆိုင်ကို သွား ဆိုင်ပိုင်ရှင်နဲ့တွေ့ချင်လို့ Lisaလွှတ်တာပါလို့ပြော
ပြီး သေနတ်ကို ...သူ့ကိုပေးလိုက် ....ပြီးတော့ Lisa က အဆင်ပြေတယ် သေနတ်ကို ယူခဲ့ပါလို့ ပြောပေး"Chaeyoung ခေါင်းညိတ်ပြပြီး အခန်းထဲက ထွက်လာလိုက်သည်။
Chaeyoung အလုပ်တွေပြီးတော့ သေနတ်ရောင်းတဲ့ ဆိုင်ကို ထွက်လာခဲ့လိုက်သည်။
Chaeyoung ဘာကြောင့် နာမည်ကြီးလူဆိုးဖြစ်တဲ့ သူ့လူနာ စကားနားထောင်မိလည်းဆိုတာ စဉ်းစားမရဘူးဖြစ်နေတယ်
Lisaကို သူ ကြောက်နေလို့လား......Lisaက သူမကို နာကျင်အောင် မလုပ်ဘူးလို့ Chaeyoung ယုံကြည်သည်
"ထားပါတော့ ဘာဖြစ်နေနေ....."
Chaeyoung အတွေးတွေကို ရပ်ပြီး သေနတ်ဆိုင်ထဲ ၀ငျလာခဲ့သညျ။
"အရမ်းလှပတဲ့ ကောင်မလေးက သေနတ်ဆိုင်ထဲ ဘာလာလုပ်တာပါလိမ့်....."
ကောင်တာထဲက လူကြီးက လှမ်းမေးတော့