#Unicode
ဆေးရုံအုပ်ကြီး ရုံးခန်းက ပြန်လာတော့ Lisaရဲ့ video fileတွေ ကြည့်ရင်း Chaeyoung တစ်ယောက်အချိန် ကုန်နေ၏
Lisaမှာ မိသားစု၀င်လည်း မရှိဘူး..
သူငယ်ချင်းတွေလည်း မရှိဘူး စိတ်ရောဂါနဲ့ ပတ်သက်တဲ့ ဆေးမှတ်တမ်းတွေလည်း မရှိဘူး...
ဘယ်တစ်ခုကမှ Chaeyoung အတွက် အကူအညီမရပေ.....
သူမရဲ့ ပထမဆုံး CDကို ဖွင့်ကြည့်တော့ လွန်ခဲ့တဲ့နှစ်တုံးက.....Chaeyoung မရောက်ခင် အချိန်တုံးက.. ...စိတ်ရောဂါအထူးကု ဆရာ၀န်မတစ်ယောက်နဲ့အတူ အမေးအဖြေ လုပ်နေတာကို တွေ့ရသည်
အမေးအဖြေလုပ်နေတယ်ဆိုပေမယ့် ဆရာ၀န်မကဘဲ မေးနေတာ Lisaကတော့ စိတ်ပျက်နေတဲ့ပုံစံနဲ့ ဆရာ၀န်မကို ကြည့်နေ၏
ခဏနေတော့ Lisaထိုင်နေရာမှ ထပြီး ဆရာ၀န်မရဲ့ ဆံပင်ကို ဆောင့်ဆွဲတော့ ဆရာ၀န်မမှာ ကြောက်လန့်တကြား ထအော်၏
'Hey....အကူအညီလိုလို့ လုပ်ကြပါအုံး....."
Lisaလက်က ရုန်းပြီး အပြင်ဘက်ကို ဆရာ၀န်မ ပြေးထွက်သွားတော့ Lisaက ကင်မရာရှေ့မှာ ရုတ်တရက်ပေါ်လာပြီး
"Boom....."Chaeyoung ရုတ်တရက်ပေါ်လာပြီး ခြောက်လန့်တဲ့ Lisaကြောင့် လန့်သွားလေသည်။
နောက်တစ်ခုကတော့ ဆရာ၀န်မ နောက်တစ်ယောက် ..... သူကတော့ Jရဲ့ အတိတ်အကြောင်းကို မေးလို့ Jဒေါသထွက်ပြီး ဆရာ၀န်မရဲ့ လည်ပင်းကို ညှစ်ကာ ကင်မရာကို ပိတ်လိုက်သည်။
နောက်ပိုင်း video တွေလည်း အရှေ့ကလို အတူတူပင်ဖြစ်သည်။
Doctor တွေထဲ ပထမဆုံး အော်ပြီး အကူအညီတောင်းသည့် တစ်ယောက်ဘဲ အသက်ရှင်သည်
ကျန်တဲ့သူများးကတော့....ဇာတ်သိမ်းမလှပေ
"Chaeyoung အချိန်ကျပြီ....."
ဆေးရုံအုပ်ကြီး တံခါးလာခေါက်တော့ Chaeyoung videoကို ပိတ်ပြီး အခန်းထဲက ထွက်လာလိုက်သည်။
ထို့နောက် ဆေးရုံအုပ်ကြီးနောက်သို့ လိုက်လာလေသည်။
"အဆင်သင့်ဖြစ်ပြီလား"
Lisa အခန်းရှေ့ရောက်တော့ ဆေးရုံအုပ်ကြီးမှာ Chaeyoungကို လှည့်ကြည့်ပြီး မေးလိုက်သည်။