#Unicode
Lisaနဲ့ Chaeyoungတို့ ပြန်ပေါင်းကြတာ တစ်ပတ်လောက်ရှိနေပြီ.....Chaeyoungကတော့ သူ့ရဲ့ ဗိုက်ထဲက ကလေး ဖွံ့ဖြိုးတိုးတက်လာပုံနဲ့ Lisaက သူ့ကလေးကို မြေတောင်မြှောက်ပေးမယ့် အကြောင်း အမြဲတွေးလေ့ရှိသည်
Lisaကို ကလေးအကြောင်း Chaeyoungအားပါးတရ ပြောပေမယ့် Lisaကတော့ မျက်မှောင်ကြုတ်ကာ နားထောင်လေ့ရှိတယ်
Chaeyoungကို တစ်ယောက်တည်း ထားပြီး Lisa ရုံးခန်းထဲမှာ နေတာဘဲ များသည်
သာယာတဲ့ မနက်ခင်းမှာ Fany နိုးလာတယ်....မျက်နှာသစ်ပြီး အခန်းထဲက ထွက်လာတော့ Lisaက သူ့အတွက် မနက်စာ ပြင်နေသည်။
Chaeyoung Dinning Roomထဲ ၀ငျလာတော့ Lisaက ကော်ဖီခွက်ထဲ ကော်ဖီတွေ ထည့်ပေးနေ၏
Chaeyoung ထိုင်ခုံမှာ ထိုင်လိုက်ပြီး ကော်ဖီတစ်ခွက် ယူလိုက်သည်။ ထို့နောက် ကော်ဖီခွက်ထဲ သကြားတွေ အများကြီးထည့်သောအခါ Chaeyoung ကို ကြည့်ပြီး Lisa စိတ်ထဲ တွေးလိုက်သည်
"ကျွတ်....သကြားတွေ အများကြီးထည့်တော့ coffee အရသာက ဘယ်ပေါ်မှာလည်း......"
"ဘယ်အချိန်မှာ မင်း..တွေး..."
ကလေးကို ဘယ်အချိန်မှာ မွေးမလည်းဆိုပြီး
Chaeyoung ကို မေးချင်ပေမယ့် Lisaဆက်မမေးဘဲ ရပ်လိုက်သည်။"ဘယ်အချိန်....ဘာကိုလည်းဟင် ...."
Chaeyoung မေးတော့ Lisa ခေါင်းခါပြပြီး Dinning Roomထဲက ထွက်သွားလိုက်သည်။Lisaကို ကြည့်ပြီး Fanyသက်ပြင်းချမိသည်။
Lisa ဖခင်တစ်ယောက် တာ၀န် ကို ယူဖို့ အခုထိ ခဲယဉ်းနေမှန်း Chaeyoung သိသည်။
Koreaရဲ့ နာမည်ကြီး လူဆိုး Lisaက ကလေးတစ်ယောက်ရဲ့ အဖေဆိုတာ အားလုံးအတွက် ရယ်စရာဖြစ်ကောင်းဖြစ်လိမ့်မည်
"Baby....Omarတော့ မင်း အပြင်ထွက်လာတာကို မစောင့်နိုင်တော့ဘူး...."
Chaeyoung ဗိုက်ကို ပွတ်ပြီး ပြောလိုက်သည်။
Chaeyoung ထိုင်နေရာက ထပြီး Lisaရဲ့ ရုံးခန်းဘက်ကို သွားလိုက်သည်။
တံခါးကို ခေါက်ဖို့အတွက် chaeyoungမှာ ရင်တွေခုန်နေ၏
Lisaလည်း သေနတ်နဲ့ ထွက်လာရော Chaeyoungမှာ နားပိတ်ကာ အသားကုန်အော်လေသည်။