#Unicode
After One week
Chaeyoung နိုးလာတော့ ခေါင်းတွေမူးနေ၏ .....အားတင်းပြီး ထကာ မျက်နှာသစ်နေစဉ် ပျို့လာလို့ အိမ်သာ ခွက်ထဲ အန်ရသေးသည်။
ထို့နောက် အခန်းထဲက ထွက်လာပြီး Lisaကို လိုက်ရှာသော်လည်း မတွေ့ရ....
"Lisa မနေ့ညက ပြန်မလာဘူး ထင်တယ်....."
Chaeyoung သက်ပြင်းချပြီး Dinning Roomထဲသို့ ၀ငျသှားလိုကျသညျ။
"Good morning Miss...."
"Good Morning John...."
Johnကို နှုတ်ဆက်ပြီး Chaeyoung မနက်စာစားလိုက်သည်။
မနက်စာစားပြီးနောက်
"John......ငါ ၀ယျစရာလေးတှရှေိလို့ အနီးအနားက စတိုးဆိုင်လေးကို လိုက်ပို့ပေးနိုင်မလား......"
"လိုက်ပို့ပေးနိုင်ပါတယ်.....ဒါက ငါ့အလုပ်ဘဲလေ.....ဒါနဲ့ အခုလို အ၀တ်အစားကြီးနဲ့တော့ lisa က အပြင်ထွက်တာ ကြိုက်မယ် မထင်..."
Chaeyoung သူ့အ၀တ်အစားကို သူငုံ့ကြည့်တော့ ဘောင်းဘီအတိုနဲ့ ဖြစ်နေသည်။
"Ok ငါ အ၀တ်အစားလဲလိုက်အုံးမယ် "
Chaeyoung အဝတ်အစား သွားလဲစဥ် Johnမှာ Lisa ဆီ Report တင်လေသည်
Lisa တစ်ယောက် Chaeyoung ကို စောင့်ရှောက်ဖို့ Johnကို တာဝန်ပေးထားသည်
အ၀တ်အစားလဲပြီးနောက် စတိုးဆိုင်သို့ John ကားမောင်းပို့လေသည်။
"စတိုးဆိုင်ထဲထိ လိုက်လာရမလား Miss....."
"No need.....ငါ လိုအပ်မှ ခေါ်လိုက်ပါမယ်......"
"ထွက်မပြေးဘူး မဟုတ်လား......"
Chaeyoung ဘာမှဆက်မပြောဘဲ Johnကို မျက်စောင်းထိုးလိုက်ပြီး ဆိုင်ထဲ ၀ငျသှားသညျ။
ဆိုင်ထဲတွင် ၀ယျစရာရှိတာတှေ ၀ယျရငျး ကိုယ်၀န်ရှိမရှိ စစ်ဆေးတဲ့ ပစ္စည်းလေးကို တွေ့တော့ Chaeyoung လိုရမယ်ရ ၀ယျလိုကျသညျ။
ထို့နောက် အိမ်သို့ ပြန်လာလေသည်။
ရုပ်ရှင်ကြည့်ရင်း Lisaကို ထိုင်စောင့်သော်လည်း Lisaက ပြန်မလာသေး.......
"Lisa က အလုပ်ကိစ္စနဲ့ New Yorkကို သွားတယ်လို့ သတင်းကြားတယ် တစ်ပတ်လောက် ကြာမယ်တဲ့ အဲ့တော့ သူ့ကို မစောင့်ဘဲ အိပ်လိုက်ပါတော့ Miss......"