#Unicode
Lisa ရဲ့ ခြံရှေ့မှာ Chaeyoung ထိုင်ပြီး ငိုနေသည်
Chaeyoungကို သူမ အိမ်ထဲသို့ Lisaလုံးဝ အဝင်မခံပေ
"ငါ့မှာ ကိုယ်၀န်နဲ့......ပိုက်ဆံလည်းမရှိဘူး....သွားစရာနေရာလည်း မရှိဘူး ဘယ်လိုလုပ်ရမလည်း......"
"Miss Chaeyoung !"
သူ့နာမည်ခေါ်သံကြားလို့ chaeyoung မော့ကြည့်တော့ johnကို တွေ့ရလေသည်။
"Miss Chaeyoung....အဆင်ပြေရဲ့လား......."
"No. ..လုံးဝမပြေဘူး.... .."
"Come on ကျွန်တော့်အိမ်ကို လိုက်နေပေါ့......lisa အလစ် Missရဲ့ အ၀တ်အစားတွေ ယူလာတယ်..ဘာတွေဖြစ်မှန်းမသိပေမယ့် ခဏလိုက်နေလေ....အိမ်က နှင်ထုတ်လိုက်တာတော့ သိတယ်.."
John ပြောပြီး အိတ်ကို မြှောက်ပြလေ၏......
Johnမှာ Chaelisa ဘာဖြစ်ကြမှန်းမသိပေမယ့် Chaeyoung ကို Lisa စိတ်ဖောက်နေတုံး ခဏစောင့်ရှောက်ပေးဖို့ ဆုံးဖြတ်လိုက်သည်
"Gomawo...."
Johnရဲ့ အိမ်ကို ရောက်တော့
"Miss ......အဆင်ပြေသလို လွတ်လွတ်လပ်လပ် နေလို့ရပါတယ်....ဒီမှာ ကျွန်တော်ကလွဲပြီး ဘယ်သူမှ မရှိဘူး.....ကျွန်တော်ကလည်း အချိန်ပြည့်နီးပါး lisa အနားရှိနေရတာဆိုတော့.....ဒီမှာ လွတ်လွတ်လပ်လပ် အေးအေးဆေးဆေးပဲ နေလို့ရတယ်.....ပြီးတော့....စိတ်မပူပါနဲ့ သိပ်မကြာခင် Lisaက Missကို လာချော့ လာခေါ်မှာပါ.....သူက ခဏ စိတ်ဆိုးနေလို့ Miss မရှိဘဲ သူမနေနိုင်ပါဘူး.....""ငါ့မှာ ကိုယ်၀န်နဲ့ဟ....."
Chaeyoung ရဲ့ စကားကြောင့် John အံ့သြသွားတယ်
"ဘယ်လို....ကိုယ်၀န်ရှိနေတာ ဟုတ်လား .. .."
"ဟုတ်တယ် အဲ့တာကြောင့် သူ ငါ့ကို စိတ်ဆိုးသွားတာ.. ..."
"Aww စိတ်မပူပါနဲ့.. ..မနက်ရောက်ရင် Lisa ကို ကျွန်တော် ပြောကြည့်ပါအုံးမယ် သူက Missကို ချစ်ပါတယ်....."
"Gomawo...."
~~~~~~~~~~~~~~~~~~~~~~~
Lisa တစ်ယောက် သူ့ရဲ့ကုတင်ပေါ်မှာ လူးလှိမ့်ရင်း အိပ်မပျော်သေးပေ.......chaeyoung မရှိတော့ တစ်ခုခုလိုနေသလို ခံစားရသည်။Chaeyoung မှာ ကိုယ်၀န်ရှိနေတာက ပြဿ နာ.....lisa ရဲ့ လက်ရှိအစီအစဉ်ထဲ ကလေးတွေမပါ......ကလေးတွေရဲ့ အဖေမဖြစ်ချင်သေး......