"မင်းမျက်နှာကအမြဲတမ်းအေးစက်နေတာပဲ...ဘာဖြစ်လို့လဲဟင်..."
နေ့ခင်းနေ့လည်တိုင်းလိုလို ညီငြိမ်းစေရှိရာခြံဘက်သို့ ကူးကူးလာတတ်သော စိုင်းမော်သွေး၏အသံကထွက်ပေါ်လာသည်။စိုင်းမော်သွေးနှင့်ညီငြိမ်းစေသည် ခြံထဲရှိ ဒန်းပေါ်တွင် အတူထိုင်နေကြခြင်းဖြစ်သည်။စိုင်းမော်သွေးက လက်ထဲမှ ကင်မရာလေးကို လက်ဖြင့်အသာပွတ်သပ်ရင်းအမေးစကားပြုလိုက်မိသည်။ထိုအခါထိုကောင်လေးကသူ့မူပိုင်ယူထားသလားမှတ်ရသော ခပ်အေးအေး လေသံလေးဖြင့်
"ငါပြုံးပြနေတော့ ငါ့ကိုလူတွေကရူးနေတယ်ထင်မှာပေါ့"
ဒီကောင်လေးကိုတော့ စကားအရာမှာနိုင်အောင်ပြောတောင်မပြောနိုင်တော့ပါဘူးကွာ။ စိုင်းေမာ်သွေးကိုယ့်အတွေးနှင့် ကိုယ် ပြုံးလိုက်မိသည်။ဒီကလေးပေါက်စကလေးက သာလိကာလေးသေ၍ဝင်စားသလားမသိရအောင် စကားကလဲတတ်လွန်းသည်။
"ငါပြောချင်တာကိုမင်းသိပါတယ်ကွာ၊"
"ဟင့်အင်း မသိပါဘူးနော်၊ သိရအောင် ငါက အကြားအမြင်ဆရာလား ပြော"
မျက်လုံးလေးစွေကာ သူ့ဘက်သို့ကြည့်လာသော သာလိကာလေး။နှုတ်ခမ်းလေးမဲ့ကာ ရွဲ့တဲ့တဲ့ပြောလိုက်သူကြောင့် စိုင်းမော်သွေး မတတ်နိုင်စွာရယ်ချမိသည်။ အခု ဒီကလေးက သိပ်ကိုချစ်ဖို့ကောင်းနေတာကို သိပါရဲ့လား။
"တော်ပါပြီကွာ၊ပြောမိတာငါမှားတာ ငါ့အမှား၊ ဟုတ်ပြီလား"
"စောစောသိလို့ဂုဏ်ယူပါတယ်ကွာ..."
လက်ခုပ်ကလေးနှစ်ဖက်တီးဟန်ပြုကာ ပြောဆိုနေသော ညီငြိမ်းစေလေးသည် သူ့ကို အနိုင်ယူရတာကို အလွန်ပင်ပျော်ရွှင်နေသည့်ပုံ။
စိုင်းမော်သွေးသည် နဖူးကိုလက်ဝါးဖြင့်အသာရိုက်ကာ
"ကိုယ့်ထိုက်နဲ့ကိုယ်ခံလိုက်ဦးဟ၊ စိုင်းမော်သွေးရေ"
"ဒါနဲ့မင်းနာမည်မှာစိုင်းပါသားနော်"
"အင်းလေ၊ ဘာဖြစ်လို့တုန်း"
ညီငြိမ်းစေသည် မေးစေ့လေးကို လက်ဖြင့်ထောက်ကာ စပ်စုလေသည်။
YOU ARE READING
Photograph (U+Z) [Complete]
Romanceဒီဓာတ်ပုံလေးထဲမှာပဲ မင်းနဲ့ကိုယ့်ရဲ့အချစ်တွေကိုအမြဲသိမ်းဆည်းထားမယ်။ ဘ၀တစ်ဘ၀စာကြာတဲ့အထိ..၊ မင်းကိုယ့်နားပြန်ရောက်လာတဲ့အထိပေါ့။ စိုင်းမော်သွေး