အပိုင်း ၄

2K 173 0
                                    

နေလုံးကြီးသည် အချိန် ဖြည်းညှင်းစွာနစ်မြုပ်လျက် နေဝင်သွားလေပြီ။ ငှက်များကလဲ အိပ်တန်းတက်ကုန်ကြပြီဖြစ်ကာ ပတ်ဝန်းကျင်တွင် ပိုးကောင်တို့အသံ တစ်စီစီမှလွဲ၍ တိတ်ဆိတ်နေပေတော့သည်။

စိုင်းနိုင်သွေးတို့ခြံဘက်တွင်လဲတိတ်ဆိတ်ကာ အသံများပင်မကြားရတော့ခေျ။ တူဝရီးနှစ်ယောက်လုံးကတစ်ယောက်တစ်ခန်းနေကြသလို သာ တစ်ခန်းနေသည်မို့ သာ သူတို့ပြန်နေကြလေသည်။ထို့ကြောင့် အိမ်ထဲတွင်လဲတိတ်ဆိတ်နေလျက်ပင်။

စိုင်းနိုင်သွေးတစ်ယောက်ကုတင်ပေါ်တွင်လှဲကာ စာဖတ်နေရင်းမှ ရေဆာသလိုဖြစ်လာလေသည်။ထို့ကြောင့်ကုတင်ဘေးရှိ ရေဂျားဆီသို့လှမ်းကြည့်လိုက်ရာ ရေဂျားထဲတွင် ရေကုန်နေသည်ကိုတွေ့လိုက်ရလေသည်။

"ကျစ်၊ ပျင်းပါတယ်ဆိုကာမှပဲ အောက်ထပ်ကဆင်းရဦးမယ်"

စိုင်းနိုင်သွေးလဲ ခပ်ညည်းညည်းဆိုကာ ရေဂျားကိုဖြည့်ရန်‌ေအာက်ထပ်မီးဖို‌‌ေချာင်သို့ ဆင်းလာလိုက်သည်။‌ေအာက်ထပ်တွင် မီးများကပိတ်ထားသော်လဲ အိမ်အ‌ေနအထားကို ကျင့်သားရနေသော သူ့အဖို့ မျက်စိမှိတ်ပြီးသွားလျှင်‌ေတာင်ရသည်လေ။ထို့ကြောင့်မီးမဖွင့်ပဲ သူ့လက်ထဲမှဖုန်းမီးရောင်လေးကိုသာအားကိုး၍မီးဖိုခန်းဆီသို့ဝင်လာခဲ့လိုက်သည်။ထို့နောက်‌ရေဖြည့်ရန်ရေခဲသေတ္တာတံခါးကိုဆွဲဖွင့်လိုက်သည်။မီးဖိုချောင်တစ်ခန်းလုံးတွင်ရေခဲသေတ္တာထဲမှလာသောအလင်းရောင်သာတောက်ပလျက်ရှိပေသည်။စိုင်းနိုင်သွေးလဲ ခန္ဓာကိုယ်ကိုကိုင်းလိုက်ကာ ရေခဲသေတ္တာထဲမှ ရေဘူးကိုထုတ်ယူလိုက်သည်။

ရေဘူးထဲမှရေများကိုရေဂျားထဲသို့လောင်းထည့်ရင်းသူသမ်းဝေလိုက်မိငည်။နေ့ခင်းကခြံထဲမှမြက်ခင်းများကိုရှင်းထားသေး၍လူကအနည်းငယ်ပင်ပန်းကာနားချင်နေပြီဖြစ်သည်။စိုင်းနိုင်သွေးသည်လျှောက်လမ်းကိုကျောပေးလျက်ရေထည့်နေခြင်းပင်။ထိုစဉ်မှာပင်

*ရှပ် ရှပ်*

လျှောက်လမ်းဆီမှ ခြေသံကိုကြားလိုက်ရလေသည်။ခြေသံကတိုးတိတ်လှသော်လဲ အမှောင်ထဲတွင် အာရုံလေးပါးကပို၍အလုပ်လုပ်သည်မဟုတ်ပါလား။ထို့ကြောင့်သူလဲ ‌သူ့တူများလားဟုတွေးလိုက်မိသည်။ဒီ‌ေကာင်‌ေလးအိမ်သာထတက်တာများလား။စိုင်းနိုင်‌ေသွးတစ်‌ေယာက် စားပွဲပေါ်တွင်တင်ထားသောဖုန်းဆီမှအချိန်ကိုလှမ်းကြည့်ကြည့်ရာ ၁၀နာရီပင်ထိုးနေလေပြီ။ထို့ကြောင့် သူလဲ

Photograph (U+Z) [Complete]Donde viven las historias. Descúbrelo ahora